ျမန္မာ - ထိုင္းနယ္စပ္ျဖစ္သည့္ တာခ်ီလိတ္နယ္စပ္ဂိတ္တြင္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းလူဝင္မႈ ႀကီးၾကပ္ေရးက ရံုးခ်ိန္ျပင္ပတြင္သာ ေငြေၾကးေကာက္ခံျခင္းအား ဇူလိုင္လကတည္းက စတင္က်င့္သံုး လာေသာ္လည္း သတ္မွတ္ႏႈန္းထားထက္ ပို၍ ေကာက္ခံျခင္းမ်ား ရိွေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အခုေနာက္ပိုင္း သတင္းထြက္လာၿပီးေတာ့ သူတို႔ ပိုက္ဆံေကာက္မယ့္အခ်ိန္ေတြ သတ္မွတ္ထားတယ္။ တခ်ိဳ႕လူေတြကေတာ့ မသိၾကဘူး။ ေပးေနၾကတုန္းပဲ။ ကၽြန္ေတာ္တို႔ကေတာ့ လက္လွမ္းမီသေလာက္ သူငယ္ခ်င္းေတြကို ေျပာျပပါတယ္။ တခ်ိဳ႕ကေတာ့ မသိလုိ႔ေပးၾကတယ္။ ေပးရင္လည္း သူတို႔ ယူထားလုိက္တာပဲ။ သူတို႔က ဒီမွာ ယိုးဒယားနဲ႔ အဂၤလိပ္လိုစာေတာ့ ကပ္ထားတယ္”ဟု မယ္ဆိုင္ - တာခ်ီလိတ္ သံုးဘီးဆိုင္ကယ္ေျပးဆြဲေနသည့္ ကိုဟိန္းဇာနည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ထိုင္းလူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ နယ္စပ္ဂိတ္မ်ားမွ ျဖတ္သန္းဝင္ေရာက္လာသူမ်ားအား ရံုးခ်ိန္ ျပင္ပတြင္သာ သတ္မွတ္ထားသည့္ ႏႈန္းထားမ်ားအတုိင္း ေငြေၾကးေကာက္ခံခြင့္ျပဳထားျခင္းျဖစ္ရာ တာခ်ီလိတ္ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)မွ ျဖတ္သန္းသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထိုင္းစံေတာ္ခ်ိန္ နံနက္ (၆)နာရီခြဲ မွ (၈)နာရီခြဲအတြင္း၊ ေန႔လယ္ (၁၂)နာရီမွ (၁)နာရီအတြင္း၊ ညေန (၄)နာရီခြဲမွ ည (၉)နာရီအတြင္း ႏွင့္ စေန၊ တနဂၤေႏြ ရံုးပိတ္ရက္မ်ားတြင္သာ ေငြေၾကး ေကာက္ခံျခင္းကို၂၀၁၇ ခုႏွစ္ ဇူလိုင္လတြင္ စတင္က်င့္သံုးလာျခင္း ျဖစ္ေၾကာင္း သိရသည္။
“ၿပီးခဲ့တဲ့ လေတြတုန္းက ထိုင္းသတင္းဌာနေတြမွာ သတင္းတင္လုိက္ၿပီးေတာ့ ေျပာင္းလဲသြားတယ္။ ထုိင္းဘက္ တာဝန္ရိွသူေတြကို အင္တာဗ်ဴးေတြဘာေတြ လုပ္လုိက္ေတာ့ ေကာက္ခြင့္မရိွဘဲ ေကာက္ေနတာဆိုၿပီး သတင္း တက္လာတယ္။ အဲဒီေနာက္ပိုင္း သတ္မွတ္ထားတဲ့အခ်ိန္ကလြဲရင္ ပိုက္ဆံမေကာက္ေတာ့ဘူး။ အရင္ကဆို ဘယ္ခ်ိန္သြားသြား လူလမ္းေလွ်ာက္သြားရင္ ညမအိပ္ရင္ (၁၀)ဘတ္၊ ညအိပ္ရင္ (၂၀) ေကာက္တယ္။ ဆိုင္ကယ္ဆိုရင္ အဝင္ (၂၀)၊ အျပန္ (၂၀)ဘတ္။ ကားဆို အဝင္ (၃၅)၊ အျပန္ဆို (၂၅)ဘတ္ပဲ”ဟု တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုေဇာ္လင္းက ဆိုသည္။
ထုိင္းလူဝင္မႈႀကီးၾကပ္ေရး၏ ျပဌာန္းဥပေဒအတိုင္း ရံုးခ်ိန္ျပင္ပတြင္သာ ေငြေၾကးေကာက္ခံျခင္းကို တာခ်ီလိတ္နယ္စပ္ဂိတ္တြင္ ဆယ္စုႏွစ္ကာလအတြင္း စတင္လုိက္နာက်င့္သံုးလာခဲ့ေသာ္လည္း ၎တို႔ ထုတ္ျပန္ထားသည့္ သတ္မွတ္ႏႈန္းထားမ်ားထက္ ပိုမိုေကာက္ခံျခင္းႏွင့္ ထုိင္းႏုိင္ငံသို႔ အဝင္၊အထြက္ ႏွစ္ႀကိမ္လံုးအတြက္ ေငြေၾကးေပးေနရျခင္းမ်ား ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။
“သတ္မွတ္တဲ့ႏႈန္းထားက သူတို႔စာေရးထားတဲ့အတိုင္းဆို လူတစ္ေယာက္ကို (၅) ဘတ္၊ ဆိုင္ကယ္ (၁၀) ဘတ္၊ ကားက (၂၅) ဘတ္ဆိုၿပီး ယိုးဒယားလိုေရးထားတယ္။ ဒါေပမယ့္ မနက္ပိုင္းဆုိင္ကယ္နဲ႔ ဝင္သြားရင္ (ထုိင္းႏုိင္ငံဘက္သို႔)(၂၀) ေပးရတယ္။ ျပန္ဝင္လာရင္ (ျမန္မာႏုိင္ငံဘက္သို႔) (၁၀) ဘတ္ေကာက္တယ္။ ကားဆိုရင္ ပိုဆိုးတယ္။ ဝင္သြားရင္ (၃၅) ဘတ္ေကာက္ လုိက္တယ္။ ျပန္ထြက္လာရင္ (၂၅) ဘတ္ ျပန္ေကာက္တယ္။ ကားဆိုရင္ အေခါက္တိုင္းလိုလိုေပးရတယ္။ စေန၊တနဂၤေႏြဆို ပိုေကာက္လာတယ္။ ဟိုးအရင္ကေတာ့ ဒီကေန ထိုင္းဘက္ကို ငါးဘတ္ေပးၿပီး ဝင္သြားရင္ စာရြက္ေလး ေပးလုိက္တယ္။ ျပန္ဝင္လာရင္ အဲဒီစာရြက္ေလး ေပးလိုက္ရံုေပါ့ ပိုက္ဆံထပ္ မေပးရဘူး။ ဆယ္စုႏွစ္ ေက်ာ္ၿပီထင္ပါရဲ႕ အဲဒီေနာက္ပိုင္းေတာ့ ျဖတ္ပိုင္းလည္း မေပးေတာ့ဘူး”ဟု ကိုဟိန္းဇာနည္က ေျပာသည္။
တာခ်ီလိတ္ရိွ ထုိင္း - ျမန္မာခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ ေန႔စဥ္ ျမန္မာႏုိင္ငံသား လူဦးေရ (၄၀၀၀)မွ (၄၅၀၀)ဝန္းက်င္ သြားလာေနေၾကာင္း တာခ်ီလိတ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ သိရၿပီး ေန႔စဥ္ တာခ်ီလိတ္ - မယ္ဆိုင္ေျပးဆြဲေနသည့္ သံုးဘီးအစီးေရမွာ ခန္႔မွန္းေျခ အနည္းဆံုး အစီးေရ (၅၀)ေက်ာ္ႏွင့္ ကားအစီးေရမ်ားစြာရိွေနေၾကာင္း သံုးဘီးယာဥ္ေျပးဆြဲေနသူမ်ားထံမွ သိရသည္။
“ျမန္မာဘက္က အဝင္မွာေကာက္ထားရင္ ျပန္အထြက္မွာ ေကာက္စရာမလိုဘူး။ ဒါေပမယ့္ သူတို႔ (ထိုင္းလူဝင္မႈႀကီးၾကပ္ေရး) ျပန္အဝင္မွာလည္း ေကာက္တာေတြ႕တယ္။ ျမန္မာႏုိင္ငံဘက္မွာက ထိုင္းႏုိင္ငံသားေတြ ျမန္မာဘက္အဝင္မွာ ထိုင္း (၁၀) ဘတ္ေကာက္တယ္။ တတိယႏုိင္ငံသား အဝင္ဆိုရင္ေတာ့ ဗီဇာပါရင္ မေကာက္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာသံရံုးက ေကာက္ၿပီးသား ျဖစ္လို႔ပါ။ ပတ္စ္ပို႔ပဲပါတယ္ ဗီဇာမပါရင္ေတာ့ သူဟာ ႏုိင္ငံေတာ္ကို အခြန္မေဆာင္ရေသးဘူး ျဖစ္တဲ့အတြက္ (၁၀) ေဒၚလာေကာက္ပါတယ္” ဟု တာခ်ီလိတ္ခရိုင္လ၀ကဦးစီမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။
ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံနယ္စပ္ဂိတ္မ်ားတြင္ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ သတ္မွတ္ ႏႈန္းထားထက္ ပိုမိုေကာက္ခံျခင္းမျပဳရန္ကိစၥအား အလ်ဥ္းသင့္တိုင္း ေဆြးေႏြးေနသည့္အျပင္ ၂၀၁၇ ခုႏွစ္ ဇြန္လ (၂၂)ရက္ေန႔က ထိုင္းႏုိင္ငံ ဖူးခက္ၿမိဳ႕တြင္က်င္းပသည့္ ေဒသဆိုင္ရာ နယ္ျခားေကာ္မတီ အစည္းအေဝး (RBC)တြင္လည္း အဆိုပါ ကိစၥေဆြးေႏြးထားခဲ့ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တုိ႔နဲ႔ လဝကနဲ႔ ေဒသခံေတြဆီမွာ လုိက္စံုစမ္းတယ္။ စံုစမ္းၾကည့္ေတာ့ သူူတို႔က ဟိုဘက္မွာ သာမန္ရံုးခ်ိန္ေရာ သာမန္ရံုးခ်ိန္မဟုတ္တာေတြေရာမွာ တိုးၿပီး ေကာက္တာေတြရိွတယ္။ ျမန္မာႏုိင္ငံ အဝင္မွာလည္း ဘတ္ေတြ တိုးေကာက္တာရိွတယ္။ ဒီလို တိုးၿပီးေကာက္ခံေနတာေတြကို မလုပ္ေဆာင္ဖို႔ သတ္မွတ္ထားတဲ့ အတိုင္း ေကာက္ခံဖို႔ကို RBC မွာ ေတာင္းဆိုထားတာပါ။ ႀတိဂံတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ကိုယ္တိုင္ သြားတက္လို႔ ကၽြန္ေတာ္တုိ႔က အဲဒီကိစၥကို ကၽြန္ေတာ္တို႔ တင္ျပေဆြးေႏြးထားတာပါ“ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ထုိင္းႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနဝန္ထမ္းမ်ားက ထိုင္း - မေလးရွားႏုိင္ငံနယ္စပ္ဂိတ္တြင္ သတ္မွတ္ ႏႈန္းထားထက္ ေငြေၾကး ပိုမိုေကာက္ခံမႈေၾကာင့္ တာဝန္ရိွသူမ်ားက စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး နယ္စပ္ ဂိတ္မ်ားတြင္ ရံုးခ်ိန္ျပင္ပတြင္သာ သတ္မွတ္ႏႈန္းထားအတုိင္း ေငြေၾကးေကာက္ခံေၾကာင္းကို အသိေပး စာတမ္းမ်ား ကပ္ထားရန္ႏွင့္ လိုက္နာမႈမရိွသည့္ဝန္ထမ္းမ်ားကို အေရးယူေဆာင္ရြက္သြားမည္ဟု ထိုင္းႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနက ၂၀၁၇ ခုႏွစ္ ဇူလိုင္လ (၁၂)ရက္ေန႔တြင္ သတိေပးခ်က္ ထုတ္ျပန္ထားခဲ့ျခင္းျဖစ္ေၾကာင္း ထုိင္းသတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။
ထုိင္းႏုိင္ငံလူဝင္မႈႀကီးၾကပ္ေရးဥပေဒ ၂၅၂၂ အရ နယ္စပ္ဂိတ္မ်ားတြင္ ရံုးခ်ိန္အတြင္း ေငြေၾကး ေကာက္ခံျခင္း မျပဳလုပ္ရန္ႏွင့္ ရံုးခ်ိန္ျပင္ပတြင္ လူတစ္ဦးလွ်င္ (၅)ဘတ္ႏွင့္ ကားတစ္စီးလွ်င္ (၂၅)ဘတ္ႏႈန္း ေကာက္ခံရန္ သတ္မွတ္ေပးထားေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
“အခုနောက်ပိုင်း သတင်းထွက်လာပြီးတော့ သူတို့ ပိုက်ဆံကောက်မယ့်အချိန်တွေ သတ်မှတ်ထားတယ်။ တချို့လူတွေကတော့ မသိကြဘူး။ ပေးနကြေတုန်းပဲ။ ကျွန်တော်တို့ကတော့ လက်လှမ်းမီသလောက် သူငယ်ချင်းတွေကို ပြောပြပါတယ်။ တချို့ကတော့ မသိလို့ပေးကြတယ်။ ပေးရင်လည်း သူတို့ ယူထားလိုက်တာပဲ။ သူတို့က ဒီမှာ ယိုးဒယားနဲ့ အင်္ဂလိပ်လိုစာတော့ ကပ်ထားတယ်”ဟု မယ်ဆိုင် - တာချီလိတ် သုံးဘီးဆိုင်ကယ်ပြေးဆွဲနေသည့် ကိုဟိန်းဇာနည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နယ်စပ်ဂိတ်များမှ ဖြတ်သန်းဝင်ရောက်လာသူများအား ရုံးချိန် ပြင်ပတွင်သာ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ငွေကြေးကောက်ခံခွင့်ပြုထားခြင်းဖြစ်ရာ တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)မှ ဖြတ်သန်းသည့် မြန်မာနိုင်ငံသားများအား ထိုင်းစံတော်ချိန် နံနက် (၆)နာရီခွဲ မှ (၈)နာရီခွဲအတွင်း၊ နေ့လယ် (၁၂)နာရီမှ (၁)နာရီအတွင်း၊ ညနေ (၄)နာရီခွဲမှ ည (၉)နာရီအတွင်း နှင့် စနေ၊ တနင်္ဂေနွ ရုံးပိတ်ရက်များတွင်သာ ငွေကြေး ကောက်ခံခြင်းကို၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ကျင့်သုံးလာခြင်း ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ လတွေတုန်းက ထိုင်းသတင်းဌာနတွေမှာ သတင်းတင်လိုက်ပြီးတော့ ပြောင်းလဲသွားတယ်။ ထိုင်းဘက် တာဝန်ရှိသူတွေကို အင်တာဗျူးတွေဘာတွေ လုပ်လိုက်တော့ ကောက်ခွင့်မရှိဘဲ ကောက်နေတာဆိုပြီး သတင်း တက်လာတယ်။ အဲဒီနောက်ပိုင်း သတ်မှတ်ထားတဲ့အချိန်ကလွဲရင် ပိုက်ဆံမကောက်တော့ဘူး။ အရင်ကဆို ဘယ်ချိန်သွားသွား လူလမ်းလျှောက်သွားရင် ညမအိပ်ရင် (၁၀)ဘတ်၊ ညအိပ်ရင် (၂၀) ကောက်တယ်။ ဆိုင်ကယ်ဆိုရင် အဝင် (၂၀)၊ အပြန် (၂၀)ဘတ်။ ကားဆို အဝင် (၃၅)၊ အပြန်ဆို (၂၅)ဘတ်ပဲ”ဟု တာချီလိတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုဇော်လင်းက ဆိုသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ပြဌာန်းဥပဒေအတိုင်း ရုံးချိန်ပြင်ပတွင်သာ ငွေကြေးကောက်ခံခြင်းကို တာချီလိတ်နယ်စပ်ဂိတ်တွင် ဆယ်စုနှစ်ကာလအတွင်း စတင်လိုက်နာကျင့်သုံးလာခဲ့သော်လည်း၎င်းတို့ ထုတ်ပြန်ထားသည့် သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံခြင်းနှင့် ထိုင်းနိုင်ငံသို့ အဝင်၊အထွက် နှစ်ကြိမ်လုံးအတွက် ငွေကြေးပေးနေရခြင်းများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“သတ်မှတ်တဲ့နှုန်းထားက သူတို့စာရေးထားတဲ့အတိုင်းဆို လူတစ်ယောက်ကို (၅) ဘတ်၊ ဆိုင်ကယ် (၁၀) ဘတ်၊ ကားက (၂၅) ဘတ်ဆိုပြီး ယိုးဒယားလိုရေးထားတယ်။ ဒါပေမယ့် မနက်ပိုင်းဆိုင်ကယ်နဲ့ ဝင်သွားရင် (ထိုင်းနိုင်ငံဘက်သို့)(၂၀) ပေးရတယ်။ ပြန်ဝင်လာရင် (မြန်မာနိုင်ငံဘက်သို့) (၁၀) ဘတ်ကောက်တယ်။ ကားဆိုရင် ပိုဆိုးတယ်။ ဝင်သွားရင် (၃၅) ဘတ်ကောက် လိုက်တယ်။ ပြန်ထွက်လာရင် (၂၅) ဘတ် ပြန်ကောက်တယ်။ ကားဆိုရင် အခေါက်တိုင်းလိုလိုပေးရတယ်။ စနေ၊တနင်္ဂေနွဆို ပိုကောက်လာတယ်။ ဟိုးအရင်ကတော့ ဒီကနေ ထိုင်းဘက်ကို ငါးဘတ်ပေးပြီး ဝင်သွားရင် စာရွက်လေး ပေးလိုက်တယ်။ ပြန်ဝင်လာရင် အဲဒီစာရွက်လေး ပေးလိုက်ရုံပေါ့ ပိုက်ဆံထပ် မပေးရဘူး။ ဆယ်စုနှစ် ကျော်ပြီထင်ပါရဲ့ အဲဒီနောက်ပိုင်းတော့ ဖြတ်ပိုင်းလည်း မပေးတော့ဘူး”ဟု ကိုဟိန်းဇာနည်က ပြောသည်။
တာချီလိတ်ရှိ ထိုင်း - မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)မှ နေ့စဉ် မြန်မာနိုင်ငံသား လူဦးရေ (၄၀၀၀)မှ (၄၅၀၀)ဝန်းကျင် သွားလာနေကြောင်း တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရပြီး နေ့စဉ် တာချီလိတ် - မယ်ဆိုင်ပြေးဆွဲနေသည့် သုံးဘီးအစီးရေမှာ ခန့်မှန်းခြေ အနည်းဆုံး အစီးရေ (၅၀)ကျော်နှင့် ကားအစီးရေများစွာရှိနေကြောင်း သုံးဘီးယာဉ်ပြေးဆွဲနေသူများထံမှ သိရသည်။
“မြန်မာဘက်က အဝင်မှာကောက်ထားရင် ပြန်အထွက်မှာ ကောက်စရာမလိုဘူး။ ဒါပေမယ့် သူတို့ (ထိုင်းလူဝင်မှုကြီးကြပ်ရေး) ပြန်အဝင်မှာလည်း ကောက်တာတွေ့တယ်။ မြန်မာနိုင်ငံဘက်မှာက ထိုင်းနိုင်ငံသားတွေ မြန်မာဘက်အဝင်မှာ ထိုင်း (၁၀) ဘတ်ကောက်တယ်။ တတိယနိုင်ငံသား အဝင်ဆိုရင်တော့ ဗီဇာပါရင် မကောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာသံရုံးက ကောက်ပြီးသား ဖြစ်လို့ပါ။ ပတ်စ်ပို့ပဲပါတယ် ဗီဇာမပါရင်တော့ သူဟာ နိုင်ငံတော်ကို အခွန်မဆောင်ရသေးဘူး ဖြစ်တဲ့အတွက် (၁၀) ဒေါ်လာကောက်ပါတယ်” ဟု တာချီလိတ်ခရိုင်လဝကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံနယ်စပ်ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံခြင်းမပြုရန်ကိစ္စအား အလျဉ်းသင့်တိုင်း ဆွေးနွေးနေသည့်အပြင် ၂၀၁၇ ခုနှစ် ဇွန်လ (၂၂)ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင်ကျင်းပသည့် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (RBC)တွင်လည်း အဆိုပါ ကိစ္စဆွေးနွေးထားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့ လဝကနဲ့ ဒေသခံတွေဆီမှာ လိုက်စုံစမ်းတယ်။ စုံစမ်းကြည့်တော့ သူတို့က ဟိုဘက်မှာ သာမန်ရုံးချိန်ရော သာမန်ရုံးချိန်မဟုတ်တာတွေရောမှာ တိုးပြီး ကောက်တာတွေရှိတယ်။ မြန်မာနိုင်ငံ အဝင်မှာလည်း ဘတ်တွေ တိုးကောက်တာရှိတယ်။ ဒီလို တိုးပြီးကောက်ခံနေတာတွေကို မလုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ အတိုင်း ကောက်ခံဖို့ကို RBC မှာ တောင်းဆိုထားတာပါ။ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် သွားတက်လို့ ကျွန်တော်တို့က အဲဒီကိစ္စကို ကျွန်တော်တို့ တင်ပြဆွေးနွေးထားတာပါ“ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းများက ထိုင်း - မလေးရှားနိုင်ငံနယ်စပ်ဂိတ်တွင် သတ်မှတ် နှုန်းထားထက် ငွေကြေး ပိုမိုကောက်ခံမှုကြောင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နယ်စပ် ဂိတ်များတွင် ရုံးချိန်ပြင်ပတွင်သာ သတ်မှတ်နှုန်းထားအတိုင်း ငွေကြေးကောက်ခံကြောင်းကို အသိပေး စာတမ်းများ ကပ်ထားရန်နှင့် လိုက်နာမှုမရှိသည့်ဝန်ထမ်းများကို အရေးယူဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေ ၂၅၂၂ အရ နယ်စပ်ဂိတ်များတွင် ရုံးချိန်အတွင်း ငွေကြေး ကောက်ခံခြင်း မပြုလုပ်ရန်နှင့် ရုံးချိန်ပြင်ပတွင် လူတစ်ဦးလျှင် (၅)ဘတ်နှင့် ကားတစ်စီးလျှင် (၂၅)ဘတ်နှုန်း ကောက်ခံရန် သတ်မှတ်ပေးထားကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
