ေတာင္ရိုးတိုင္းရင္းသားအမ်ားစု ေနထုိင္သည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေအာင္ပန္းၿမိဳ႕တြင္ ေတာင္ရိုးစာေပႏွင့္ ယဥ္ေက်းမႈ(ဗဟို)ရံုး တည္ေဆာက္ရန္ အစိုးရမွ ေျမေနရာ စီစဥ္ေပးထားသျဖင့္ ရံုးအေဆာက္အဦ ဖြင့္လွစ္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ ေအာင္ပန္းနဲ႔ေတာင္ႀကီးမွာ ယာယီရံုးပဲ ရွိပါတယ္။ ပိတ္ထားတာ (၆) လေလာက္ ရွိပါၿပီ။ ဒီႏွစ္မွာကေတာ့ ဗဟိုရံုးခ်ဳပ္ ဖြင့္ႏိုင္ဖို႔အတြက္ကို အစိုးရဌာနကေန ေျမေနရာ ခ်ေပးတယ္။ ဒါေၾကာင့္ ယာယီရံုးကို ျပန္ပိတ္လိုက္တာပါ။ ေတာင္ႀကီးမွာလည္း ရံုးခြဲကို (၂၅) ရက္ေန႔မွာ ျပန္ဖြင့္မွာပါ။ ျဖစ္နိုင္ရင္ေတာ့ ေတာင္ႀကီးမွာ ဗဟိုရံုး ဖြင့္ခ်င္ပါတယ္။ ေျမေနရာအတြက္လည္း အခက္အခဲ ရွိေနလို႔ပါ။ အခုေတာ့ ေအာင္ပန္းမွာ ရံုးတည္ေဆာက္ဖို႔ ေျမေနရာေတြ ရွင္းလင္းေနပါၿပီ”ဟု ေတာင္ရိုးလူငယ္ ဦးစီးအဖြဲ႕ေခါင္းေဆာင္ ကိုေအာင္ဆန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေတာင္ရိုးစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕အေနျဖင့္ အစိုးရဌာနဆုိင္ရာမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာမ်ားအတြက္ ျပည္တြင္း ျပည္ပမွ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ရာတြင္ အဆင္ေျပေစရန္ စာေပယဥ္ေက်းမႈရံုးအား ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခင္က ယာယီရံုးအျဖစ္သာ ဖြင့္လွစ္ထားရိွႏုိင္ခဲ့ျခင္းျဖစ္ၿပီး ေတာင္ရိုးတုိင္းရင္းသားအမ်ားစုေနထိုင္ရာ ကေလာႏွင့္ ေအာင္ပန္းၿမိဳ႕ဝန္းက်င္တြင္ စာေပႏွင့္ယဥ္ေက်းမႈရံုးဖြင့္လွစ္ႏုိင္ေရး အတြက္ ေအာင္ပန္းၿမိဳ႕ အ၀င္တြင္ ရံုးေဆာက္လုပ္ရန္ ေျမေနရာအား အစိုးရကသတ္မွတ္ခြင့္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
ဓာတ္ပံု - ကိုေအာင္ဆန္း
“အရင်တုန်းကတော့ အောင်ပန်းနဲ့တောင်ကြီးမှာ ယာယီရုံးပဲ ရှိပါတယ်။ ပိတ်ထားတာ (၆) လလောက် ရှိပါပြီ။ ဒီနှစ်မှာကတော့ ဗဟိုရုံးချုပ် ဖွင့်နိုင်ဖို့အတွက်ကို အစိုးရဌာနကနေ မြေနေရာ ချပေးတယ်။ ဒါကြောင့် ယာယီရုံးကို ပြန်ပိတ်လိုက်တာပါ။ တောင်ကြီးမှာလည်း ရုံးခွဲကို (၂၅) ရက်နေ့မှာ ပြန်ဖွင့်မှာပါ။ ဖြစ်နိုင်ရင်တော့ တောင်ကြီးမှာ ဗဟိုရုံး ဖွင့်ချင်ပါတယ်။ မြေနေရာအတွက်လည်း အခက်အခဲ ရှိနေလို့ပါ။ အခုတော့ အောင်ပန်းမှာ ရုံးတည်ဆောက်ဖို့ မြေနေရာတွေ ရှင်းလင်းနေပါပြီ”ဟု တောင်ရိုးလူငယ် ဦးစီးအဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အနဖြေင့် အစိုးရဌာနဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် စာပေယဉ်ကျေးမှုရုံးအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ယာယီရုံးအဖြစ်သာ ဖွင့်လှစ်ထားရှိနိုင်ခဲ့ခြင်းဖြစ်ပြီး တောင်ရိုးတိုင်းရင်းသားအများစုနေထိုင်ရာ ကလောနှင့် အောင်ပန်းမြို့ဝန်းကျင်တွင် စာပေနှင့်ယဉ်ကျေးမှုရုံးဖွင့်လှစ်နိုင်ရေး အတွက် အောင်ပန်းမြို့ အဝင်တွင် ရုံးဆောက်လုပ်ရန် မြေနေရာအား အစိုးရကသတ်မှတ်ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - ကိုအောင်ဆန်း
