မႏၱေလး - မူဆယ္ ခရီးသည္တင္ကားေပၚမွ သစ္(၁)တန္ေက်ာ္အား ေက်ာက္မဲတြင္ ဖမ္းဆီးရမိ

မႏၱေလး - မူဆယ္ ခရီးသည္တင္ကားေပၚမွ သစ္(၁)တန္ေက်ာ္အား ေက်ာက္မဲတြင္ ဖမ္းဆီးရမိ
ဇူလိုင် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲတိုးဂိတ္တြင္ မႏၱေလး - မူဆယ္ ခရီးသည္တင္ကားတစ္စီးေပၚမွ ပိေတာက္ႏွင့္ တမလန္းသစ္ တန္ခ်ိန္ (၁.၇၁၂၆)တန္ အား ဇူလိုင္လ(၃၁)ရက္ေန႔က ဖမ္းဆီး ရမိလိုက္ေၾကာင္း သိရသည္။

“ႀကိဳတင္သတင္းရထားတဲ့ အတြက္ ေက်ာက္မဲၿမိဳ႕အထြက္ Oriental Highway တိုးဂိတ္မွာ ေစာင့္ဆိုင္း ဖမ္းဆီးခဲ့တာပါ။ ယာဥ္ကိုေတာ့ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွာ ပို႔ေဆာင္ထားၿပီး စစ္ေဆးေနပါတယ္။ သစ္ေတြကေတာ့ ပိေတာက္သစ္ေတြ၊ တမလန္းသစ္(ဓားေရြတံုး)ေတြ ပါပါတယ္။ ၾကမ္းခင္းျပားေအာက္မွာ အခိုင္အမာထည့္သြင္းၿပီး သယ္ေဆာင္လာတာကို ေတြ႔ရွိရပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႔မွ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလး - မူဆယ္ ခရီးသည္တင္ယာဥ္လုိင္းမွ နန္းေတာ္ဝင္ ခရီးသည္တင္ယာဥ္၏ ၾကမ္းခင္းျပားမ်ား ေအာက္တြင္ ထည့္သြင္းသယ္ေဆာင္လာသည့္ ပိေတာက္(၂၆)တံုးႏွင့္ တမလန္း(၁၉)တံုးအား ရွာေဖြေတြ႔ရွိခဲ့ရသျဖင့္ ယာဥ္အားဖမ္းဆီးထားၿပီး ယာဥ္ေပၚပါ ခရီးသည္(၈)ဦးအား ခရီးဆက္လက္ ထြက္ခြာႏိုင္ရန္ စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

သစ္မ်ားတင္ေဆာင္လာသည့္ အသက္ (၃၂)ႏွစ္အရြယ္ ယာဥ္ေမာင္းႏွင့္ အသက္(၁၉)ႏွစ္အရြယ္ ယာဥ္ေနာက္လုိက္တို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္ရြက္ေနၿပီး သစ္ပိုင္ရွင္အား ေဖာ္ထုတ္ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - kmk


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲတိုးဂိတ်တွင် မန္တလေး - မူဆယ် ခရီးသည်တင်ကားတစ်စီးပေါ်မှ ပိတောက်နှင့် တမလန်းသစ် တန်ချိန် (၁.၇၁၂၆)တန် အား ဇူလိုင်လ(၃၁)ရက်နေ့က ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။

“ကြိုတင်သတင်းရထားတဲ့ အတွက် ကျောက်မဲမြို့အထွက် Oriental Highway တိုးဂိတ်မှာ စောင့်ဆိုင်း ဖမ်းဆီးခဲ့တာပါ။ ယာဉ်ကိုတော့ မြို့နယ်သစ်တောဦးစီးဌာနမှာ ပို့ဆောင်ထားပြီး စစ်ဆေးနေပါတယ်။ သစ်တွေကတော့ ပိတောက်သစ်တွေ၊ တမလန်းသစ်(ဓားရွေတုံး)တွေ ပါပါတယ်။ ကြမ်းခင်းပြားအောက်မှာ အခိုင်အမာထည့်သွင်းပြီး သယ်ဆောင်လာတာကို တွေ့ရှိရပါတယ်”ဟု ကျောက်မဲမြို့ မြို့မရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး - မူဆယ် ခရီးသည်တင်ယာဉ်လိုင်းမှ နန်းတော်ဝင် ခရီးသည်တင်ယာဉ်၏ ကြမ်းခင်းပြားများ အောက်တွင် ထည့်သွင်းသယ်ဆောင်လာသည့် ပိတောက်(၂၆)တုံးနှင့် တမလန်း(၁၉)တုံးအား ရှာဖွေတွေ့ရှိခဲ့ရသဖြင့် ယာဉ်အားဖမ်းဆီးထားပြီး ယာဉ်ပေါ်ပါ ခရီးသည်(၈)ဦးအား ခရီးဆက်လက် ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သစ်များတင်ဆောင်လာသည့် အသက် (၃၂)နှစ်အရွယ် ယာဉ်မောင်းနှင့် အသက်(၁၉)နှစ်အရွယ် ယာဉ်နောက်လိုက်တို့အား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်နပြေီး သစ်ပိုင်ရှင်အား ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - kmk

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~