ယာဉ်ကျော်တက်နိုင်ကြောင်း ညာဘက်အချက်ပြမီးအသုံးပြုရန် ပညာပေးလုပ်ဆောင်မှု နှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းနှင့် ယာဉ်မောင်းများအား အသိပညာပေးခြင်းတို့အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့ မြို့မဈေးရှေ့ ပြည်ထောင်စုလမ်းမတွင် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပညာပေး လှုပ်ရှားမှုတွင် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ မိုင်းဖြတ်တာဝန်ကျ ယာဉ်ထိန်းရဲ များ ပူးပေါင်း ပါဝင်ကြကြောင်း သိရသည်။
ယာဉ်ကျော်တက်ရန် ညာဘက်အချက်ပြမီးအားအသုံးပြုမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး ပညာပေးကာလအဖြစ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
"ယာဉ်စည်းကမ်း လမ်းစည်းတွေကို သိပြီးသားလူတွေလည်း ပိုသတိထားနိုင်လာအောင် မသိသေးတဲ့ သူတွေလည်း သိလာနိုင်အောင် လက်ကမ်းစာစောင်တွေ ဖြနေ့်ဝတာ ယာဉ်မောင်းများတွေကို ပြောပြတာတွေ လုပ်နေတာပါ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို သိထားမှသာ ယာဉ်အန္တရာယ် ကင်းရှင်းမှာဖြစ်ပါတယ်"ဟု မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်က ပြောသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝခြေင်းနှင့် ပညာပေး လှုပ်ရှားမှုတွင် မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ မိုင်းဖြတ်တာဝန်ကျ ယာဉ်ထိန်းရဲ များ ပူးပေါင်း ပါဝင်ကြကြောင်း သိရသည်။
ယာဉ်ကျော်တက်ရန် ညာဘက်အချက်ပြမီးအားအသုံးပြုမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နပြေီး ပညာပေးကာလအဖြစ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ