ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ေနရပ္ျပန္ရန္အတြက္ ထိုင္းႏိုင္ငံ မယ္ဆိုင္မွ တစ္ဆင့္ တာခ်ီလိတ္သို႔ ၀င္ေရာက္လာလ်က္ရွိရာတြင္ ဇူလိုင္လ(၅)ရက္ေန႔ ေန႔လယ္ပိုင္းက စုစုေပါင္း (၂၅)ဦး ၀င္ေရာက္လာေၾကာင္း ႏွင့္ လတ္တေလာတြင္ ၎တို႔၏ လိုအပ္ေသာ အကူအညီမ်ားကို စုေပါင္း ကူညီေပးေနလ်က္ရွိေၾကာင္း သိရသည္။
ဇူလိုင္လ(၅)ရက္ေန႔ ေန႔လယ္ပိုင္းက ေရာက္ရွိလာသည့္ ျမန္မာႏိုင္ငံသား (၂၅)ဦးတြင္ အမ်ဳိးသား(၁၈)ဦး ႏွင့္ အမ်ဳိးသမီး(၇)ဦးပါ၀င္ရာ ယေန႔အခ်ိန္ထိ တာခ်ီလိတ္သို႔ ၀င္ေရာက္လာသူ စုစုေပါင္း (၂၀၃)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္သို႔ ေရာက္ရွိလာသည့္ အဆိုပါ ျမန္မာႏိုင္ငံသား (၂၅)ဦးအား တာခ်ီလိတ္နာေရး ကူညီမႈ အသင္းမွ ထမင္းႏွင့္အေအးမ်ား ေ၀ငွေပးျခင္း၊ ေနရပ္ျပန္လိုၿပီး လမ္းစရိတ္မရွိသူ တစ္ဦးအား ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီမွ ေလယာဥ္လက္မွတ္ (၁)ေစာင္ကူညီေပးကာ လမ္းခရီးတြင္ စားစရိတ္အတြက္ လိုအပ္မည့္ေငြေၾကးအား ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)က ကူညီေပးလိုက္ေၾကာင္း သိရသည္။
ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ၀င္ေရာက္လာရာတြင္ ေငြေၾကးကုန္က်မႈ မရွိေစရန္ ႏွင့္ အခက္အခဲမ်ား မရွိေစရန္အတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ႏွင့္ သက္ဆိုင္ရာ ဌာနမ်ားမွ ျမန္မာဘက္တြင္ ကူညီေဆာင္ရြက္ေပးၿပီး TBC ႏွင့္ CNCMC တို႔မွ မယ္ဆိုင္ ဘက္တြင္ အခက္အခဲ မရွိေစရန္အတြက္ သြားေရာက္ ကူညီေဆာင္ရြက္မႈမ်ား ျပဳလုပ္ေပးေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေဇာင္းညီ
ဇူလိုင်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂၅)ဦးတွင် အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၇)ဦးပါဝင်ရာ ယနေ့အချိန်ထိ တာချီလိတ်သို့ ဝင်ရောက်လာသူ စုစုပေါင်း (၂၀၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်သို့ ရောက်ရှိလာသည့် အဆိုပါ မြန်မာနိုင်ငံသား (၂၅)ဦးအား တာချီလိတ်နာရေး ကူညီမှုအသင်းမှ ထမင်းနှင့်အအေးများေဝငှပေးခြင်း၊ နေရပ်ပြန်လိုပြီး လမ်းစရိတ်မရှိသူ တစ်ဦးအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လေယာဉ်လက်မှတ် (၁)စောင်ကူညီပေးကာ လမ်းခရီးတွင် စားစရိတ်အတွက် လိုအပ်မည့်ငွေကြေးအား ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)က ကူညီပေးလိုက်ကြောင်း သိရသည်။
နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများ တာချီလိတ်သို့ ဝင်ရောက်လာရာတွင် ငွေကြေးကုန်ကျမှု မရှိစေရန် နှင့် အခက်အခဲများ မရှိစေရန်အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် သက်ဆိုင်ရာ ဌာနများမှ မြန်မာဘက်တွင် ကူညီဆောင်ရွက်ပေးပြီး TBC နှင့် CNCMC တို့မှ မယ်ဆိုင် ဘက်တွင် အခက်အခဲ မရှိစေရန်အတွက် သွားရောက် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ