လယ္ယာေျမပိုင္ဆုိင္မႈကို ေျဖရွင္းေပးရန္တင္ျပထားသည္ကို လုပ္ေဆာင္ မေပးေသးသည့္အတြက္ မေကြးတိုင္းေဒသႀကီး ၊ မေကြးၿမိဳ႕ ၊လမ္းငါးသြယ္၌ ဇူလိုင္(၁၀)ရက္ မြန္းလဲြ(၂)နာရီအခ်ိန္ခန္႔က အမ်ိဳးသမီးတစ္ဦး တစ္ကိုယ္ေတာ္ ဆႏၵေဖာ္ထုတ္ေၾကာင္း သိရသည္။
"ကၽြန္မအေမပိုင္ဆိုင္တဲ႔ ယာေျမ (၉.၈၀)ဧကနဲ႔ပတ္သက္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနကလည္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ကို ျပန္လည္စိစစ္ခိုင္းတဲ႔ ညႊန္ၾကားစာထြက္ထားတာကို စာမေရာက္ဘူးလို႔ေျပာပါတယ္။ လယ္/ဆည္ ဝန္ႀကီး ဦးေအာင္ႏိုင္ကလည္း တိုင္းေျမစာရင္းနဲ႔ ခရိုင္ေျမစာရင္းကိုပါ ျပန္လည္စိစစ္ ဖို႔စာထြက္ထားၿပီး လႊတ္ေတာ္ကလည္း ျပန္လည္ စိစစ္ဖို႔ စာထြက္ထားပါတယ္။ အဲလို အထက္ကညႊန္ၾကားေပမယ့္ ဒီေန႔အထိ ဥေပကၡာျပဳထားၿပီး ေငြမ်ား တရားႏိုင္ျဖစ္ေနလို႔ အခုလို ဆႏၵေဖာ္ထုတ္ရတာပါ"ဟု ဆႏၵထုတ္ေဖာ္သည့္ေဒၚျမမာလာက ေျပာသည္။
မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္ ၊ ေညာင္ဇင္ေက်းရြာအုပ္စု ၊ ေညာင္ဇင္ေက်းရြာအတြင္းရိွ ကြင္းအမွတ္ ၂၅၀၃/၂၈၂၆၊ ဦးပိုင္အမွတ္ ၃၀/၁၊ယာ(၃)၊(၉.၈၀)ဧက၊ သရက္(၂)ပင္ပါ ဘိုးဘြားပိုင္ယာေျမကို မူလပိုင္ရွင္၏ သမီးအရင္းျဖစ္သူ အသက္(၈၀)ေက်ာ္အရြယ္ ေဒၚလွရီက ၎ပိုင္ဆိုင္ခြင့္ရိွသည္ဟု အျငင္းပြားေနျခင္းျဖစ္သည္။
"ကၽြန္မအေမ ေဒၚလွရီဟာ မူလယာေျမပိုင္ရွင္ ဦးေက်ာ္လိႈင္၊ ေဒၚကုလားမ တို႔ကေမြးဖြားခဲ႔တဲ႔ သမီးျဖစ္တယ္ဆိုတာကို အႏိုင္ရရိွခဲ႔သူရဲ႕ မိခင္အရင္း၊ ဦးေလးအရင္းနဲ႔ ေဆြမ်ိဳးသားခ်င္းေတြကပါ မွန္ကန္စြာဆံုးျဖတ္ေပးဖို႔ ေထာက္ခံလက္မွတ္ေရးထိုးခဲ႔ၾကပါတယ္။ ယာေျမခြန္ေျပစာေတြေရာ၊ သက္ေသအေထာက္အထားေတြေရာ ခိုင္ခိုင္လံုလံုျပႏိုင္ပါလ်က္နဲ႔ အမွန္တရားကိုေဖာ္ထုတ္မေပးတဲ႔ သက္ဆိုင္ရာေတြကို မေက်နပ္လို႔ ဆႏၵေဖာ္ထုတ္ရတာပါ"ဟု ေဒၚျမမာလာက ေျပာသည္။
အဆိုပါ တစ္ကိုယ္ေတာ္ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္မႈအား မေကြးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးတြင္ ခြင္႔ျပဳခ်က္ရယူ လုပ္ေဆာင္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဖီးနစ္
"ကျွန်မအမေပိုင်ဆိုင်တဲ့ ယာမြေ (၉.၈၀)ဧကနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်စိစစ်ခိုင်းတဲ့ ညွှန်ကြားစာထွက်ထားတာကို စာမရောက်ဘူးလို့ပြောပါတယ်။ လယ်/ဆည် ဝန်ကြီး ဦးအောင်နိုင်ကလည်း တိုင်းမြေစာရင်းနဲ့ ခရိုင်မြေစာရင်းကိုပါ ပြန်လည်စိစစ် ဖို့စာထွက်ထားပြီး လွှတ်တော်ကလည်း ပြန်လည် စိစစ်ဖို့ စာထွက်ထားပါတယ်။ အဲလို အထက်ကညွှန်ကြားပေမယ့် ဒီနေ့အထိ ဥပေက္ခါပြုထားပြီး ငွေများ တရားနိုင်ဖြစ်နေလို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ"ဟု ဆန္ဒထုတ်ဖော်သည့်ဒေါ်မြမာလာက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာအတွင်းရှိ ကွင်းအမှတ် ၂၅၀၃/၂၈၂၆၊ ဦးပိုင်အမှတ် ၃၀/၁၊ယာ(၃)၊(၉.၈၀)ဧက၊ သရက်(၂)ပင်ပါ ဘိုးဘွားပိုင်ယာမြေကို မူလပိုင်ရှင်၏ သမီးအရင်းဖြစ်သူ အသက်(၈၀)ကျော်အရွယ် ဒေါ်လှရီက၎င်းပိုင်ဆိုင်ခွင့်ရှိသည်ဟု အငြင်းပွားနခြေင်းဖြစ်သည်။
"ကျွန်မအမေ ဒေါ်လှရီဟာ မူလယာမြေပိုင်ရှင် ဦးကျော်လှိုင်၊ ဒေါ်ကုလားမ တို့ကမွေးဖွားခဲ့တဲ့ သမီးဖြစ်တယ်ဆိုတာကို အနိုင်ရရှိခဲ့သူရဲ့ မိခင်အရင်း၊ ဦးလေးအရင်းနဲ့ ဆွေမျိုးသားချင်းတွေကပါ မှန်ကန်စွာဆုံးဖြတ်ပေးဖို့ ထောက်ခံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ယာမြေခွန်ပြေစာတွေရော၊ သက်သေအထောက်အထားတွေရော ခိုင်ခိုင်လုံလုံပြနိုင်ပါလျက်နဲ့ အမှန်တရားကိုဖော်ထုတ်မပေးတဲ့ သက်ဆိုင်ရာတွေကို မကျေနပ်လို့ ဆန္ဒဖော်ထုတ်ရတာပါ"ဟု ဒေါ်မြမာလာက ပြောသည်။
အဆိုပါ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအား မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ခွင့်ပြုချက်ရယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်