မြန်မာနိုင်ငံအတွင်း အချို့နေရာများတွင် လတ်တလော ဖြစ်ပေါ်နေပြီး ကာကွယ်မှုများ လုပ်ဆောင် နေရသည့် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်တွင် ကျန်းမာရေး အသိပညာပေးမှုနှင့် အတူ Mask များကို စနစ်တကျ အသုံးပြုနည်းအား တာချီလိတ်မြို့တွင်း လူစည်ကားရာ နေရာများတွင် တာချီလိတ်ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ(၂၉)ရက်နေ့က ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူသူသွားလာမှုအများဆုံး နေရာများဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၊ တာလော့ဈေး၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)၊ သစ္စာ(ကဖေးနှင့်အအေး)၊ ပါဆတ်ကားလေးကွင်း၊ ဆန်ဆိုင်းဈေး၊ မြို့တွင်းကားဂိတ် နှင့် တာချီလိတ် လေဆိပ်တို့တွင် ကျန်းမာရေး အသိပညာပေးမှုများနှင့် အတူ Mask များ အခမဲ့ ပေးဝေခြင်း နှင့် မှန်ကန်စွာ တပ်ဆင်အသုံးပြုတတ်ရေး တို့ကို လုပ်ဆောင်နေခဲ့ကြပြီး ဇူလိုင်လ(၃၀)ရက်နေ့တွင် ကျန်ရှိသည့် ဈေးများနှင့် ရပ်ကွက်များသို့ သွားရောက်ကာ ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီနေ့လည်း မြို့အနှံ့ပတ်ပြီး အသိပညာပေးတယ်၊ မယ်ခေါင်ရပ်ကွက် အနောက်ဘက်ကိုလည်း အကုန်ပတ်တယ်၊ ဈေးတွေအကုန် သွားပြီး အသိပညာပေးသလို Mask တွေကို စနစ်တကျ အသုံးပြုတတ်ရန်အတွက်လည်း တစ်ခါတည်း ပြသပေးခဲ့ပါတယ်၊"ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည် နှင့် တာဝန်ရှိသူများက ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၈)နာရီကစ၍ နံနက်ပိုင်း တစ်ပိုင်းလုံး အချိန်ယူကာ ကျန်းမာရေးအသိပညာပေးမှုများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၂၉)ရက်နေ့က ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူသူသွားလာမှုအများဆုံး နေရာများဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၊ တာလော့ဈေး၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)၊ သစ္စာ(ကဖေးနှင့်အအေး)၊ ပါဆတ်ကားလေးကွင်း၊ ဆန်ဆိုင်းဈေး၊ မြို့တွင်းကားဂိတ် နှင့် တာချီလိတ် လေဆိပ်တို့တွင် ကျန်းမာရေး အသိပညာပေးမှုများနှင့် အတူ Mask များ အခမဲ့ ပေးဝခြေင်း နှင့် မှန်ကန်စွာ တပ်ဆင်အသုံးပြုတတ်ရေး တို့ကို လုပ်ဆောင်နေခဲ့ကြပြီး ဇူလိုင်လ(၃၀)ရက်နေ့တွင် ကျန်ရှိသည့် ဈေးများနှင့် ရပ်ကွက်များသို့ သွားရောက်ကာ ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
