က်ိဳင္းတံုၿမိဳ႕တြင္ H1N1 သံသယလူနာႏွင့္ ေသဆံုးသူ မရိွေၾကာင္း အတည္ျပဳထုတ္ျပန္

က်ိဳင္းတံုၿမိဳ႕တြင္ H1N1 သံသယလူနာႏွင့္ ေသဆံုးသူ မရိွေၾကာင္း အတည္ျပဳထုတ္ျပန္
ဇူလိုင် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ဇူလိုင္လ (၂၇)ရက္ေန႔က ရာသီတုပ္ေကြး H1N1 ျဖင့္ အမ်ိဳးသမီး တစ္ဦးေသဆံုးသည္ဟု သတင္းမ်ား ထြက္ေပၚခဲ့သျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက ဇူလိုင္လ (၂၈)ရက္ေန႔တြင္ အေရးေပၚ အစည္းအေဝးက်င္းပၿပီး လူနာမွာ အျခားေရာဂါျဖင့္ ေသဆံုးျခင္း ျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ျပန္လိုက္သည္။

"က်ိဳင္းတုံမွာ ဆရာမတစ္ဦး H1N1 ေရာဂါပိုးနဲ ့ မေန႔က ဆုံးသြားတယ္ဆိုၿပီးေတာ့ Facebook ေပၚမွာ ေျပာေနၾကတာေတြဟာ ေကာလာဟလေတြပါ။ တကယ္တမ္းေတာ့ ဆရာမက ႏွလုံးၾကြက္သားပုပ္လို ့ ဆုံးသြားတာ ျဖစ္ပါတယ္။ သူမ်ားေတြ ေျပာေနသလို H1N1 ေၾကာင့္ မဟုတ္ပါဘူး။ သူ႔ေဆးမွတ္တမ္းေတြ အျပည့္အစုံအရ ႏွလုံးၾကြက္သားပုပ္သြားတာဆိုတာ သိရတာပါ"ဟု က်ိဳင္းတုံအေထြေထြ ေရာဂါကု ေဆးရုံႀကီးမွ အထူးကုဆရာဝန္ ေဒါက္တာ သိန္းေငြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ဇူလိုင္လ(၂၇)ရက္ေန႔က အသက္(၄၈)ႏွစ္အရြယ္ အလယ္တန္းျပေက်ာင္းဆရာမတစ္ဦး H1N1 ေရာဂါပိုးျဖင့္ ေသဆုံးခဲ့သည္ဟု ေကာလာဟလမ်ား ထြက္ေပၚေနသျဖင့္ ျပည္နယ္အုပ္ခ်ဳပ္ေရး၊ က်န္းမာေရးဌာနႏွင့္ အဆိုပါလူနာအား ကုသေပးခဲ့သည့္ေဆးရံုမွ တာဝန္ရိွသူမ်ား ဇူလိုင္လ (၂၈)ရက္ေန႔က အေရးေပၚ အစည္းအေဝးျဖင့္ စံုစမ္းအတည္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အဲဒီအမ်ိဳးသမီးေသဆံုးမႈနဲ႔ ပတ္သက္လို႔ ဘာေရာဂါနဲ ေသသလဲဆိုတာ စံုစမ္းစိစစ္မႈ လုပ္ၾကတာပါ။ ေသဆံုးသူကို ကုသေပးခဲ့တဲ့ ျပင္ပေဆးရံုနဲ႔ ေဆးခန္းေတြက တာဝန္ရိွ သူေတြပါ ပါတယ္။ ေဆးကုသမႈ မွတ္တမ္းေတြကို ျပန္ၾကည့္ၿပီး သံုးသပ္ၾကပါတယ္။ သူက တုပ္ေကြးျဖစ္တာေတာ့ မွန္တယ္။ (၂၄)ရက္ေန႔မွာ တုပ္ေကြးျဖစ္ေတာ့ အျပင္ေဆးခန္းမွာ ျပတယ္။ (၂၇)ရက္ေန႔မွာေတာ့ အဖ်ားေတာ့မရိွဘူး ေနလို႔ထုိင္လို႔ မေကာင္းဘူးဆိုၿပီး ေစတနာေဆးရံုမွာ သြားျပတယ္။ ေဆးရံုမွာ ECG ရိုက္တာေတြ စစ္ေဆးတာေတြ လုပ္ေတာ့ ႏွလံုးၾကြက္သားေတြ ပုပ္ေနၿပီ။ သူက ဆီးခ်ိဳ၊ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါလည္းရိွေနတယ္။ အဲ့ဒီေတာ့ တုပ္ေကြးထပ္ျဖစ္ေတာ့ ေရာဂါက ပိုဆိုးသြားၿပီး ေသဆံုးသြားတာလို႔ သိရပါတယ္”ဟု ရွမ္းျပည္နယ္(က်ဳိင္းတံု) ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇူလိုင္လ(၂၈)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

အဆိုပါ အလယ္တန္းျပဆရာမမွာ ဇူလိုင္လ(၂၄)ရက္ေန႔က တုပ္ေကြးေရာဂါျဖင့္ ျပင္ပ ေဆးခန္းတြင္ ေဆးကုသမႈ ခံယူေနရာမွ သက္သာသြားခဲ့ၿပီး ဇူလိုင္လ (၂၇)ရက္ေန႔ ညပိုင္းတြင္ ေနထိုင္မေကာင္းသျဖင့္ ေစတနာေဆးရံု သြားေရာက္ျပသခဲ့ရာ ဆရာ၀န္မွ စမ္းသပ္မႈမ်ားျပဳလုပ္ေနစဥ္ ရုတ္တရက္ အသက္ရွဴရပ္၍ သတိလစ္သြားခဲ့သျဖင့္ အသက္ရွဴအားကို ႏိႈးဆြသည့္နည္းျဖင့္ ျပန္လည္ကုသေနစဥ္ ဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ ေဆးရံုမွ တာဝန္ရိွသူမ်ားထံမွ သိရသည္။

"ဆရာမက အဲဒီညမွာ ေနထိုင္လို ့မေကာင္းဘူးဆိုၿပီး ေစတနာေဆးရုံမွာလာျပလို ့ ဆရာ၀န္က ECG ဆြဲၾကည့္တဲ့ အခ်ိန္မွာလည္း ႏွလုံးၾကြက္သားပုပ္ေနတယ္ဆိုတာ စက္ထဲမွာ ေပၚပါတယ္။ ေနာက္ၿပီး အဲဒီလို စမ္းသပ္ေနတုန္းမွာ ဆုံးသြားခဲ့တာပါ။ ေဆးရုံေတာင္ မတက္လိုက္ရပါဘူး။ ဒါေၾကာင့္ H1N1 ေရာဂါပိုးေၾကာင့္ ဆိုတာ လုံး၀မဟုတ္ပါဘူး။ က်ိဳင္းတုံေဆးရုံႀကီးမွာလည္း ဒီေရာဂါပိုးေၾကာင့္ ေဆးရုံတက္ေနရတဲ့လူနာ မရိွေသးပါဘူး။ ဒါေၾကာင့္ စိုးရိမ္ဖို ့ေတာ့ မလိုပါဘူး။ ကာကြယ္ဖို ့ေတာ့ လုိပါတယ္"ဟု က်ိဳင္းတုံအေထြေထြ ေရာဂါကုေဆးရုံႀကီးမွ အထူးကုဆရာဝန္ ေဒါက္တာ သိန္းေငြက ေျပာသည္။

ရန္ကုန္ၿမိဳ႕ႏွင့္ အျခားၿမိဳ႕မ်ားတြင္ ရာသီတုပ္ေကြး H1N1 ျဖင့္ ေသဆံုးသူမ်ားရိွေနသျဖင့္ က်ိဳင္းတံုၿမိဳ႕တြင္လည္း H1N1 ႀကိဳတင္ကာကြယ္ေရး အတြက္ အသိပညာေပး လက္ကမ္းစာေစာင္ ျဖန္႔ေဝျခင္း၊ ႏွာေခါင္းစည္း (Mask)မ်ား ေပးေဝျခင္းကို ခရိုင္စားသုံးသူေရးရာဦးစီးဌာန၊ လူငယ္အဖြဲ႔မ်ား၊ လူမႈေရးအဖြဲ႕မ်ားပူးေပါင္း၍ ဇူလို္င္လ (၂၈)ရက္ေန႔ နံနက္က လုပ္ေဆာင္ေနၿပီး H1N1 ႏွင့္ပတ္သက္၍ လူထုထံအသိေပးသင့္သည္မ်ားကို လ်င္ျမန္စြာေရာက္ရိွေစေရးကိုလည္း ျပည္နယ္အုပ္ခ်ဳပ္ေရးဌာနက ညႊန္ၾကားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္၊ ဇြဲျမတ္
ဓာတ္ပံု -  Faster Faster


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဇူလိုင်လ (၂၇)ရက်နေ့က ရာသီတုပ်ကွေး H1N1 ဖြင့် အမျိုးသမီး တစ်ဦးသေဆုံးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင်လ (၂၈)ရက်နေ့တွင် အရေးပေါ် အစည်းအဝေးကျင်းပပြီး လူနာမှာ အခြားရောဂါဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်လိုက်သည်။

"ကျိုင်းတုံမှာ ဆရာမတစ်ဦး H1N1 ရောဂါပိုးနဲ့ မနေ့က ဆုံးသွားတယ်ဆိုပြီးတော့ Facebook ပေါ်မှာ ပြောနကြေတာတွေဟာ ကောလာဟလတွေပါ။ တကယ်တမ်းတော့ ဆရာမက နှလုံးကြွက်သားပုပ်လို့ ဆုံးသွားတာ ဖြစ်ပါတယ်။ သူများတွေ ပြောနေသလို H1N1 ကြောင့် မဟုတ်ပါဘူး။ သူ့ဆေးမှတ်တမ်းတွေ အပြည့်အစုံအရ နှလုံးကြွက်သားပုပ်သွားတာဆိုတာ သိရတာပါ"ဟု ကျိုင်းတုံအထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာ သိန်းငွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၂၇)ရက်နေ့က အသက်(၄၈)နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမတစ်ဦး H1N1 ရောဂါပိုးဖြင့် သေဆုံးခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်နေသဖြင့် ပြည်နယ်အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနနှင့် အဆိုပါလူနာအား ကုသပေးခဲ့သည့်ဆေးရုံမှ တာဝန်ရှိသူများ ဇူလိုင်လ (၂၈)ရက်နေ့က အရေးပေါ် အစည်းအဝေးဖြင့် စုံစမ်းအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီအမျိုးသမီးသေဆုံးမှုနဲ့ ပတ်သက်လို့ ဘာရောဂါနဲ သေသလဲဆိုတာ စုံစမ်းစိစစ်မှု လုပ်ကြတာပါ။ သေဆုံးသူကို ကုသပေးခဲ့တဲ့ ပြင်ပဆေးရုံနဲ့ ဆေးခန်းတွေက တာဝန်ရှိ သူတွေပါ ပါတယ်။ ဆေးကုသမှု မှတ်တမ်းတွေကို ပြန်ကြည့်ပြီး သုံးသပ်ကြပါတယ်။ သူက တုပ်ကွေးဖြစ်တာတော့ မှန်တယ်။ (၂၄)ရက်နေ့မှာ တုပ်ကွေးဖြစ်တော့ အပြင်ဆေးခန်းမှာ ပြတယ်။ (၂၇)ရက်နေ့မှာတော့ အဖျားတော့မရှိဘူး နေလို့ထိုင်လို့ မကောင်းဘူးဆိုပြီး စေတနာဆေးရုံမှာ သွားပြတယ်။ ဆေးရုံမှာ ECG ရိုက်တာတွေ စစ်ဆေးတာတွေ လုပ်တော့ နှလုံးကြွက်သားတွေ ပုပ်နပြေီ။ သူက ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါလည်းရှိနေတယ်။ အဲ့ဒီတော့ တုပ်ကွေးထပ်ဖြစ်တော့ ရောဂါက ပိုဆိုးသွားပြီး သေဆုံးသွားတာလို့ သိရပါတယ်”ဟု ရှမ်းပြည်နယ်(ကျိုင်းတုံ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

အဆိုပါ အလယ်တန်းပြဆရာမမှာ ဇူလိုင်လ(၂၄)ရက်နေ့က တုပ်ကွေးရောဂါဖြင့် ပြင်ပ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရာမှ သက်သာသွားခဲ့ပြီး ဇူလိုင်လ (၂၇)ရက်နေ့ ညပိုင်းတွင် နေထိုင်မကောင်းသဖြင့် စေတနာဆေးရုံ သွားရောက်ပြသခဲ့ရာ ဆရာဝန်မှ စမ်းသပ်မှုများပြုလုပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်၍ သတိလစ်သွားခဲ့သဖြင့် အသက်ရှူအားကို နှိုးဆွသည့်နည်းဖြင့် ပြန်လည်ကုသနေစဉ် ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ တာဝန်ရှိသူများထံမှ သိရသည်။

"ဆရာမက အဲဒီညမှာ နေထိုင်လို့မကောင်းဘူးဆိုပြီး စေတနာဆေးရုံမှာလာပြလို့ ဆရာဝန်က ECG ဆွဲကြည့်တဲ့ အချိန်မှာလည်း နှလုံးကြွက်သားပုပ်နေတယ်ဆိုတာ စက်ထဲမှာ ပေါ်ပါတယ်။ နောက်ပြီး အဲဒီလို စမ်းသပ်နေတုန်းမှာ ဆုံးသွားခဲ့တာပါ။ ဆေးရုံတောင် မတက်လိုက်ရပါဘူး။ ဒါကြောင့် H1N1 ရောဂါပိုးကြောင့် ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျိုင်းတုံဆေးရုံကြီးမှာလည်း ဒီရောဂါပိုးကြောင့် ဆေးရုံတက်နေရတဲ့လူနာ မရှိသေးပါဘူး။ ဒါကြောင့် စိုးရိမ်ဖို့တော့ မလိုပါဘူး။ ကာကွယ်ဖို့တော့ လိုပါတယ်"ဟု ကျိုင်းတုံအထွေထွေ ရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာ သိန်းငွေက ပြောသည်။

ရန်ကုန်မြို့နှင့် အခြားမြို့များတွင် ရာသီတုပ်ကွေး H1N1 ဖြင့် သေဆုံးသူများရှိနေသဖြင့် ကျိုင်းတုံမြို့တွင်လည်း H1N1 ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝခြေင်း၊ နှာခေါင်းစည်း (Mask)များ ပေးဝခြေင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ လူငယ်အဖွဲ့များ၊ လူမှုရေးအဖွဲ့များပူးပေါင်း၍ ဇူလို်င်လ (၂၈)ရက်နေ့ နံနက်က လုပ်ဆောင်နပြေီး H1N1 နှင့်ပတ်သက်၍ လူထုထံအသိပေးသင့်သည်များကို လျင်မြန်စွာရောက်ရှိစေရေးကိုလည်း ပြည်နယ်အုပ်ချုပ်ရေးဌာနက ညွှန်ကြားလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်၊ ဇွဲမြတ်
ဓာတ်ပုံ - Faster Faster

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~