ယာဉ်ကျော်တက်နိုင်ကြောင်း ညာဘက်အချက်ပြမီးအသုံးပြုရန် ပညာပေးလုပ်ဆောင်မှုအဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ပါဆတ်ကားလေးကွင်းရှေ့တွင် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး လက်ကမ်းစာရွက်များ ပေးဝေခြင်းကို တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကညန နှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယာဉ်ကျော်တက်ရန် ညာဘက်အချက်ပြမီးအားအသုံးပြုမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး ပညာပေးကာလအဖြစ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ယာဉ်ကျော်တက်ရန် ညာဘက်အချက်ပြမီးအားအသုံးပြုမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့စွာ ပြောင်းလဲ ကျင့်သုံးနိုင်စေရေးအတွက် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နပြေီး ပညာပေးကာလအဖြစ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
