နယ္စပ္ေဒသ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ - မိုင္းေယာင္းလမ္းေပၚရွိ မုန္းလိုက္တံတားတြင္ တရားမ၀င္ ေရာက္ရွိေနသည့္ တရုတ္ႏိုင္ငံသား တစ္ဦးအား ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိ၍ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
၂၀၁၇ခုႏွစ္ ဇူလိုင္လ(၂၉)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္အခ်ိန္က မိုင္းျဖတ္ - မိုင္းေယာင္း လမ္းေပၚရွိ မုန္းလိုက္တံတားတြင္ မိုင္းေယာင္းၿမိဳ႕မွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ က်န္အာပို အမည္ရွိ တရုတ္ႏိုင္ငံသားတစ္ဦးအား စစ္ေဆးေတြ႕ရွိရာ ၎သည္ တရားမ၀င္ ၀င္ေရာက္လာသူျဖစ္သည္ကို စစ္ေဆးသိရွိရသည့္အတြက္ ဖမ္းဆီးထားရွိေၾကာင္း သိရသည္။
ဆက္လက္၍ ၎အား ၁၉၄၇ခုႏွစ္ ျမန္မာႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား)အက္ဥပေဒ ပုဒ္မ ၃(၁)အရ မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - မိုင္းေယာင္း ေထြ/အုပ္
၂၀၁၇ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က မိုင်းဖြတ် - မိုင်းယောင်း လမ်းပေါ်ရှိ မုန်းလိုက်တံတားတွင် မိုင်းယောင်းမြို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကျန်အာပို အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦးအား စစ်ဆေးတွေ့ရှိရာ၎င်းသည် တရားမဝင် ဝင်ရောက်လာသူဖြစ်သည်ကို စစ်ဆေးသိရှိရသည့်အတွက် ဖမ်းဆီးထားရှိကြောင်း သိရသည်။
ဆက်လက်၍၎င်းအား ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၃(၁)အရ မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - မိုင်းယောင်း ထွေ/အုပ်
