တာခ်ီလိတ္ၿမိဳ႕ (စ်)ေျမယာကိစၥ မီဒီယာမ်ားျဖင့္ ေတြ႕ဆံုရွင္းျပ

တာခ်ီလိတ္ၿမိဳ႕ (စ်)ေျမယာကိစၥ မီဒီယာမ်ားျဖင့္ ေတြ႕ဆံုရွင္းျပ
ဇွန် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ယေန႔အထိ ရွင္းလင္းစြာ အေကာင္အထည္ မေဖာ္ႏိုင္ေသးသည့္ (စ်)ကြက္သစ္ႏွင့္ ပတ္သက္၍ ေျမလြတ္၊ ေျမလပ္ ႏွင့္ ေျမရိုင္းမ်ားကို (၁၉၉၈)ခုႏွစ္မွ (၂၀၂၈)ခုႏွစ္ အထိ ႏွစ္(၃၀) ႏွစ္ရွည္သီးပင္/ဥယ်ာဥ္ၿခံေျမသီးႏွံစိုက္ပ်ဳိးမႈအတြက္ လုပ္ပိုင္ခြင့္ရရွိထားသည့္ ေဒၚနန္းခမ္းတစ္၏ တာ၀န္ခံမွ အဆိုပါ ေျမယာႏွင့္ ပတ္သက္၍ ဇြန္လ(၁၄)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ရွိ ဂိုလ္ဒင္းခ်ယ္ရီ ဟိုတယ္တြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သည္။

(၁၉၉၈)ခုႏွစ္မွ (၂၀၂၈)ခုႏွစ္အထိ ႏွစ္(၃၀) ႏွစ္ရွည္သီးပင္/ဥယ်ာဥ္ၿခံေျမသီးႏွံစိုက္ပ်ဳိးမႈအတြက္ လုပ္ပိုင္ခြင့္ ရရွိထားသည့္ ေဒၚနန္းခမ္းတစ္ ကိုယ္စား (၉၃.၁၉)ဧကအား ကာကြယ္ေစာင့္ေရွာက္ခြင့္ ရရွိထားသူ ၿခံေစာင့္ တာ၀န္ခံ ဦးေယာရႈမွ အဆိုပါ သတင္းစာရွင္းလင္းပြဲအား က်င္းပျပဳလုပ္ျခင္းျဖစ္ရာ ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း(ရွမ္း/အေရွ႕)၊ ျမန္မာ့အလင္း၊ ေၾကးမံု၊ ျမ၀တီ၊ Tachileik News Agency ၊ The Voice ၊ DVB ၊ ေရႊႀတိဂံေဒသသတင္းလႊာ၊ အၿမဲစိမ္း သဘာ၀၀န္းက်င္ေရးရာ သတင္းဂ်ာနယ္၊ ျမစ္မခ၊ ဒီမိုကေရစီတူေဒး စသည္တို႔မွ သတင္းမီဒီယာသမားမ်ား တက္ေရာက္ခဲ့ၾကသည္။

ရွင္းလင္းပြဲတြင္ ၿခံေစာင့္တာ၀န္ခံ ဦးေယာရႈက"ကြ်န္ေတာ္တို႔ ဒီေျမကို ၁၉၉၈ခုႏွစ္ ကေန ႏွစ္(၃၀) လုပ္ကိုင္ခြင့္ရထားတယ္။ အစိုးရကိုလည္း ေျမခြန္တရား၀င္ ေဆာင္ထားတာလည္း ရွိပါတယ္။ ႏွစ္(၃၀)စာအတြက္ ေဆာင္ထားေပးပါတယ္။ အခုက ေျမလြတ္၊ ေျမရိုင္းကို လန(၃၉)ခ်ေပးလိုက္ၾကတယ္၊ ကြ်န္ေတာ္တို႔နားက ေျမယာကို အစိုးရက ျပန္လည္ရုပ္သိမ္း လိုက္တယ္ဆိုတဲ့ တရား၀င္စာလည္း မက်လာဘဲ၊ အခုလို ျဖစ္ေနတယ္၊"ဟု ရွင္းလင္းေျပာၾကားသည္။

အဆိုပါ ရွင္းလင္းပြဲတြင္ ၂၀၁၅ခုႏွစ္ ဒီဇင္ဘာလ(၇)ရက္ေန႔ ရက္စြဲျဖင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၊ ျပည္ထဲေရး၀န္ႀကီးဌာနရံုး၏ စာတြင္ ေဖာ္ျပထားသည့္ စာပိုဒ္မ်ားထဲမွ"ေဒၚနန္းခမ္းတစ္အား ေျမလြတ္၊ ေျမလပ္ႏွင့္ေျမရိုင္း စီမံခန္႔ခြဲေရးဗဟိုအဖြဲ႔၏ ၁၉၉၈ခုႏွစ္ ဧၿပီလ(၂၄)ရက္ေန႔ ရက္စြဲပါ စာအမွတ္ ၅၀၈/မယ(ဖ)၉၈ျဖင့္ ခြင့္ျပဳခဲ့ျခင္းမွာ မွန္ကန္မႈရွိေၾကာင္း၊ ေနာက္ဆက္တြဲ ပံုစံ(၅)ပါ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားကို ႏွစ္ရွည္သီးပင္/ဥယ်ာဥ္ၿခံစိုက္ပ်ဳိးမႈအတြက္ လုပ္ပိုင္ခြင့္ျပဳေသာ အမိန္႔စာမွာ မွန္ကန္မႈရွိေၾကာင္းႏွင့္ အဆိုပါ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမရိုင္းမ်ားအား ယခုအခ်ိန္အထိ ပယ္ဖ်က္ထားမႈ မရွိေသးေၾကာင္း ျပန္ၾကားလာပါသည္"ဆိုသည့္ ေဖာ္ျပခ်က္ အား ဦးေယာရႈမွ ရွင္းလင္းသည္။

ထို႔အတူ ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔က လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္း ခံရမႈမ်ားျပန္လည္စိစစ္ေရးဗဟိုေကာ္မတီက " (၉၃.၁၉)ဧကအား ေအာက္ေျခရွိ အေထြေထြအုပ္ခ်ဳပ္ေရး ၀န္ထမ္းမ်ားႏွင့္ ေျမစာရင္းဦးစီးဌာနမွ ၀န္ထမ္းမ်ားက ဥပေဒႏွင့္မညီ အဂတိလိုက္စား၍ ေျမကြက္မ်ား ေရာင္းခ်ထားပါေၾကာင္း တင္ျပလာမႈႏွင့္ စပ္လ်ဥ္း၍ စိစစ္ေပၚေပါက္ခ်က္မ်ားအရ ဦးေဇာ္ေဇာ္ထြန္းဆိုသူမွ ေဒၚနန္းခမ္းတစ္၏ ေျမလြတ္ေျမရိုင္း လုပ္ပိုင္ခြင့္ ႏွစ္(၃၀) ရရွိထားေသာ ေျမအား ဌာနဆိုင္ရာ ၀န္ထမ္းမ်ားႏွင့္ ပူးေပါင္း၍ ဥပေဒႏွင့္မညီဘဲ လန/၃၉ ရယူၿပီး ေျမကြက္မ်ားရိုက္၍ ေရာင္းစားထားေၾကာင္း စိစစ္ေတြ႕ရွိရသျဖင့္ ေဒၚနန္းခမ္းတစ္မွ လုပ္ပိုင္ခြင့္ရရွိေသာ ေျမလြတ္ေျမရိုင္း ဧရိယာ(၉၃.၁၉) ဧကအတြက္ ေျမပိုင္ရွင္၏ ဆံုးရႈံးနစ္နာမႈမ်ားအား ဥပေဒလုပ္ထံုးလုပ္နည္းႏွင့္အညီ စိစစ္ ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ပါရန္ အေၾကာင္းၾကား အပ္ပါသည္"ဟု ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီသို႔ အေၾကာင္းၾကားထားသည့္ စာအား ဖတ္ၾကားရွင္းလင္းသည္။

"ကြ်န္ေတာ့္အေနနဲ႔ ဒါေတြကို ျပန္လည္လုပ္ပိုင္ခြင့္ရရင္ ျပန္လုပ္ခ်င္တယ္၊ ကြ်န္ေတာ္တို႔ အေနနဲ႔ ေျပာမယ္ဆိုရင္ အစိုးရက ဆံုးျဖတ္ေပးတာကို လက္ခံသြားပါမယ္"ဟု အဆိုပါ ဦးေယာရႈက ေျပာသည္။
သတင္းစာရွင္းလင္းပြဲၿပီးသည့္ေနာက္တြင္ တက္ေရာက္လာသည့္ မီဒီယာမ်ားက တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္အတူ အဆိုပါ ေျမကြက္မ်ားေပၚတြင္၀ယ္ယူ ထားရွိသူမ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးရွိ အစည္းအေ၀းခန္းမတြင္ ဆက္လက္ ေတြ႕ဆံုခဲ့ၾကသည္။

"ဒီေျမယာရဲ႕ ေျမရာဇ၀င္ကို ကြ်န္ေတာ့္အေနနဲ႔ ရွင္းျပရမယ္ဆိုရင္ေတာ့ (၉၃.၁၉)ဧကဟာ ယခင္က ေျမလြတ္ေျမရိုင္းေျမျဖစ္ၿပီးေတာ့မွ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးမယ္ဆိုၿပီးေတာ့ ေျမလြတ္ေျမရိုင္း ေကာ္မတီကို ေလွ်ာက္ထားခ်က္အရ ဗဟို ေျမလြတ္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး အဖြဲ႔ကေနၿပီး ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္လုပ္ကိုင္ခြင့္ ႏွစ္(၃၀)ခြင့္ျပဳေပးခဲ့တ့ဲ ေျမယာေတြ ျဖစ္ခဲ့ပါတယ္၊ တစ္ခ်ိန္တုန္းက ေပါ့ေနာ္၊ ကြ်န္ေတာ္တို႔ စစ္ေဆးေတြ႕ရွိခ်က္အရေတာ့ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးခဲ့တယ္၊ ဒါေပမယ့္ ေနာက္ပိုင္းမွာ စြန္႔ပစ္ခဲ့တယ္၊ အဲ့ဒီမွာ ဦးစိန္ေမာင္ နဲ႔ ဦးေဇာ္ေဇာ္ထြန္း တို႔ကေနၿပီး ေတာင္ယာစပါးေတြနဲ႔ သီးႏွံစိုက္ပ်ဳိးခဲ့တယ္၊ ၿပီးေတာ့မွ အဲ့ဒီ ႏွစ္ေယာက္ကေနၿပီးေတာ့ အမည္ေပါက္ လုပ္ကိုင္ခြင့္ရရွိဖို႔အတြက္ ေလွ်ာက္ထားခဲ့တယ္၊ ေဒၚနန္းခမ္းတစ္ ေျမယာကို ျပန္လည္လုပ္ကို္င္ခြင့္ ရုပ္သိမ္းေပးဖို႔ဆိုၿပီးေတာ့ ခရိုင္ေျမစာရင္းဦးစီးဌာနကေနၿပီး ျပည္နယ္ေျမစာရင္း ဦးစီးဌာနကို အမႈတြဲတင္ျပထားတာကို ေတြ႕ရွိရတယ္၊ အခုခ်ိန္ထိေတာ့ ေျမလြတ္ ေျမရိုင္း ျပန္လည္ရုပ္သိမ္းတဲ့ တရား၀င္အမိန္႔စာေတာ့ ကြ်န္ေတာ္တို႔ဆီကို ျပန္လည္ၿပီး က်လာတာ မရွိေသးဘူး၊ ဒါေပမယ့္ လုပ္ကိုင္ခြင့္ ရုပ္သိမ္းေပးဖို႔ကိုေတာ့ ျပည္နယ္ကို တင္ျပထားတာကို ေတြ႕ရွိရပါတယ္၊ "ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ရွင္းလင္းေျပာၾကားသည္။

အဆိုပါ ေျမယာကိစၥႏွင့္ ပတ္သက္၍ ေျမလြတ္ေျမရိုင္း လုပ္ကိုင္သည့္ ျပန္လည္ရုပ္သိမ္းေသာ တရား၀င္အမိန္႔စာမွာ တာခ်ီလိတ္ရွိ သက္ဆိုင္ရာဌာနမ်ားသို႔ ေရာက္ရွိလာျခင္း မရွိေသးေသာ္လည္း ရွမ္းျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ဖြံ႔ၿဖဳိးေရးေကာင္စီ အေရွ႕ပိုင္း(က်ဳိင္းတံု)မွ ၂၀၁၀ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ ၿမိဳ႕ကြက္သစ္ျဖစ္သည့္ (စ်)အား ၿမိဳ႕ကြက္သစ္အေကာင္အထည္ေဖာ္ရန္အတြက္ ခြင့္ျပဳေပးခဲ့ေၾကာင္း ၎ထံမွ သိရသည္။

"ၿမိဳ႕ကြက္သစ္ အပိုင္း(စ်)မွာ တစ္ဖက္ကလည္း ႏိုင္ငံ၀န္ထမ္းေတြ ဌာနဆုိင္ရာေတြ ပုဂၢလိကေတြကို ေရွ႕ဦးေျမေပးမိန္႔ ထုတ္ေပးထားၿပီး ျဖစ္ပါတယ္၊ တစ္ဖက္ကလည္း ဒီေျမဟာ ေဒၚနန္းခမ္းတစ္ ေျမလြတ္ေျမရိုင္း လုပ္ပိုင္ခြင့္ရတဲ့ ေျမဆိုၿပီးေတာ့မွ ႏွစ္ဖက္က ျပႆနာေလးေတြ ျဖစ္ခဲ့ၾကပါတယ္၊ ဒါေပမယ့္အားလံုး သိတဲ့အတိုင္းပဲ ကြ်န္ေတာ္တို႔ကေတာ့ တာ၀န္အရွိဆံုးေပါ့၊ ဒီကိစၥေတြကို အျမန္ဆံုးကို ေျဖရွင္းေပးခ်င္ေနတာပါ၊ သို႔ေသာ္လည္း အဲ့လို ေျဖရွင္းတဲ့အခါမွာ ကြ်န္ေတာ္တို႔က ဥပေဒႏွင့္အညီ ေဆာင္ရြက္ေနတာျဖစ္တဲ့အတြက္ ဥပေဒနဲ႔ညီေအာင္ ေလ့လာရတယ္၊ သံုးသပ္ရတယ္၊ ျဖစ္စဥ္ အမွန္ကို သိရၿပီးေတာ့မွ လက္ရွိက်င့္သံုးေနတဲ့ လယ္ယာဥပေဒ၊ တည္ဆဲဥပေဒနဲ႔ ကိုက္ညီသလားဆိုတာေတြ
ေဆာင္ရြက္ရပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ဆက္လက္၍လည္း"အဲ့လို ေဆာင္ရြက္တဲ့ေနရာမွာလည္း ကြ်န္ေတာ္တို႔ေတြက ဥပေဒအႀကံဥာဏ္ေတြ ေတာင္းရပါတယ္။ ကြ်န္ေတာ္တို႔ သက္ဆိုင္ရာေတြဖက္က လက္ရွိ လယ္ယာေျမတည္ဆဲဥပေဒေတြနဲ႔အညီ ေဆာင္ရြက္ေနပါတယ္"ဟု ၎က ေျပာၾကားသည္။

အဆိုပါ ေျမယာကိစၥႏွင့္ ေရာင္း၀ယ္မႈမ်ားႏွင့္ ေဆာက္လုပ္မႈမ်ားအျပင္ ၿခံခတ္မႈမ်ား တစ္စံုတစ္ရာ ဆက္လက္ျပဳလုပ္ျခင္း မရွိေစရန္အတြက္ ရက္ပိုင္းအတြင္း တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူ၍ အသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယနေ့အထိ ရှင်းလင်းစွာ အကောင်အထည် မဖော်နိုင်သေးသည့် (ဈ)ကွက်သစ်နှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို (၁၉၉၈)ခုနှစ်မှ (၂၀၂၈)ခုနှစ် အထိ နှစ်(၃၀) နှစ်ရှည်သီးပင်/ဥယျာဉ်ခြံမြေသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ရရှိထားသည့် ဒေါ်နန်းခမ်းတစ်၏ တာဝန်ခံမှ အဆိုပါ မြေယာနှင့် ပတ်သက်၍ ဇွန်လ(၁၄)ရက်နေ့က တာချီလိတ်မြို့ရှိ ဂိုလ်ဒင်းချယ်ရီ ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

(၁၉၉၈)ခုနှစ်မှ (၂၀၂၈)ခုနှစ်အထိ နှစ်(၃၀) နှစ်ရှည်သီးပင်/ဥယျာဉ်ခြံမြေသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့် ရရှိထားသည့် ဒေါ်နန်းခမ်းတစ် ကိုယ်စား (၉၃.၁၉)ဧကအား ကာကွယ်စောင့်ရှောက်ခွင့် ရရှိထားသူ ခြံစောင့် တာဝန်ခံ ဦးယောရှုမှ အဆိုပါ သတင်းစာရှင်းလင်းပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရှမ်း/အရှေ့)၊ မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ Tachileik News Agency၊ The Voice၊ DVB၊ ရွှတြေိဂံဒေသသတင်းလွှာ၊ အမြဲစိမ်း သဘာဝဝန်းကျင်ရေးရာ သတင်းဂျာနယ်၊ မြစ်မခ၊ ဒီမိုကရေစီတူဒေး စသည်တို့မှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းပွဲတွင် ခြံစောင့်တာဝန်ခံ ဦးယောရှုက"ကျွန်တော်တို့ ဒီမြေကို ၁၉၉၈ခုနှစ် ကနေ နှစ်(၃၀) လုပ်ကိုင်ခွင့်ရထားတယ်။ အစိုးရကိုလည်း မြေခွန်တရားဝင် ဆောင်ထားတာလည်း ရှိပါတယ်။ နှစ်(၃၀)စာအတွက် ဆောင်ထားပေးပါတယ်။ အခုက မြေလွတ်၊ မြေရိုင်းကို လန(၃၉)ချပေးလိုက်ကြတယ်၊ ကျွန်တော်တို့နားက မြေယာကို အစိုးရက ပြန်လည်ရုပ်သိမ်း လိုက်တယ်ဆိုတဲ့ တရားဝင်စာလည်း မကျလာဘဲ၊ အခုလို ဖြစ်နေတယ်၊"ဟု ရှင်းလင်းပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး၏ စာတွင် ဖော်ပြထားသည့် စာပိုဒ်များထဲမှ"ဒေါ်နန်းခမ်းတစ်အား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ၁၉၉၈ခုနှစ် ဧပြီလ(၂၄)ရက်နေ့ ရက်စွဲပါ စာအမှတ် ၅၀၈/မယ(ဖ)၉၈ဖြင့် ခွင့်ပြုခဲ့ခြင်းမှာ မှန်ကန်မှုရှိကြောင်း၊ နောက်ဆက်တွဲ ပုံစံ(၅)ပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နှစ်ရှည်သီးပင်/ဥယျာဉ်ခြံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုသော အမိန့်စာမှာ မှန်ကန်မှုရှိကြောင်းနှင့် အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား ယခုအချိန်အထိ ပယ်ဖျက်ထားမှု မရှိသေးကြောင်း ပြန်ကြားလာပါသည်"ဆိုသည့် ဖော်ပြချက် အား ဦးယောရှုမှ ရှင်းလင်းသည်။

ထို့အတူ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီက " (၉၃.၁၉)ဧကအား အောက်ခြေရှိ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ဥပဒေနှင့်မညီ အဂတိလိုက်စား၍ မြေကွက်များ ရောင်းချထားပါကြောင်း တင်ပြလာမှုနှင့် စပ်လျဉ်း၍ စိစစ်ပေါ်ပေါက်ချက်များအရ ဦးဇော်ဇော်ထွန်းဆိုသူမှ ဒေါ်နန်းခမ်းတစ်၏ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် နှစ်(၃၀) ရရှိထားသော မြေအား ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဥပဒေနှင့်မညီဘဲ လန/၃၉ ရယူပြီး မြေကွက်များရိုက်၍ ရောင်းစားထားကြောင်း စိစစ်တွေ့ရှိရသဖြင့် ဒေါ်နန်းခမ်းတစ်မှ လုပ်ပိုင်ခွင့်ရရှိသော မြေလွတ်မြေရိုင်း ဧရိယာ(၉၃.၁၉) ဧကအတွက် မြေပိုင်ရှင်၏ ဆုံးရှုံးနစ်နာမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြား အပ်ပါသည်"ဟု ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ အကြောင်းကြားထားသည့် စာအား ဖတ်ကြားရှင်းလင်းသည်။

"ကျွန်တော့်အနေနဲ့ ဒါတွေကို ပြန်လည်လုပ်ပိုင်ခွင့်ရရင် ပြန်လုပ်ချင်တယ်၊ ကျွန်တော်တို့ အနေနဲ့ ပြောမယ်ဆိုရင် အစိုးရက ဆုံးဖြတ်ပေးတာကို လက်ခံသွားပါမယ်"ဟု အဆိုပါ ဦးယောရှုက ပြောသည်။
သတင်းစာရှင်းလင်းပွဲပြီးသည့်နောက်တွင် တက်ရောက်လာသည့် မီဒီယာများက တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့်အတူ အဆိုပါ မြေကွက်များပေါ်တွင်ဝယ်ယူ ထားရှိသူများ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ဆက်လက် တွေ့ဆုံခဲ့ကြသည်။

"ဒီမြေယာရဲ့ မြေရာဇဝင်ကို ကျွန်တော့်အနေနဲ့ ရှင်းပြရမယ်ဆိုရင်တော့ (၉၃.၁၉)ဧကဟာ ယခင်က မြေလွတ်မြေရိုင်းမြဖြေစ်ပြီးတော့မှ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးမယ်ဆိုပြီးတော့ မြေလွတ်မြေရိုင်း ကော်မတီကို လျှောက်ထားချက်အရ ဗဟို မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး အဖွဲ့ကနပြေီး မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုပေးခဲ့တဲ့ မြေယာတွေ ဖြစ်ခဲ့ပါတယ်၊ တစ်ချိန်တုန်းက ပေါ့နော်၊ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်အရတော့ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ စွန့်ပစ်ခဲ့တယ်၊ အဲ့ဒီမှာ ဦးစိန်မောင် နဲ့ ဦးဇော်ဇော်ထွန်း တို့ကနပြေီး တောင်ယာစပါးတွေနဲ့ သီးနှံစိုက်ပျိုးခဲ့တယ်၊ ပြီးတော့မှ အဲ့ဒီ နှစ်ယောက်ကနပြေီးတော့ အမည်ပေါက် လုပ်ကိုင်ခွင့်ရရှိဖို့အတွက် လျှောက်ထားခဲ့တယ်၊ ဒေါ်နန်းခမ်းတစ် မြေယာကို ပြန်လည်လုပ်ကို်င်ခွင့် ရုပ်သိမ်းပေးဖို့ဆိုပြီးတော့ ခရိုင်မြေစာရင်းဦးစီးဌာနကနပြေီး ပြည်နယ်မြေစာရင်း ဦးစီးဌာနကို အမှုတွဲတင်ပြထားတာကို တွေ့ရှိရတယ်၊ အခုချိန်ထိတော့ မြေလွတ် မြေရိုင်း ပြန်လည်ရုပ်သိမ်းတဲ့ တရားဝင်အမိန့်စာတော့ ကျွန်တော်တို့ဆီကို ပြန်လည်ပြီး ကျလာတာ မရှိသေးဘူး၊ ဒါပေမယ့် လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးဖို့ကိုတော့ ပြည်နယ်ကို တင်ပြထားတာကို တွေ့ရှိရပါတယ်၊ "ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ရှင်းလင်းပြောကြားသည်။

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ မြေလွတ်မြေရိုင်း လုပ်ကိုင်သည့် ပြန်လည်ရုပ်သိမ်းသော တရားဝင်အမိန့်စာမှာ တာချီလိတ်ရှိ သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် မြို့ကွက်သစ်ဖြစ်သည့် (ဈ)အား မြို့ကွက်သစ်အကောင်အထည်ဖော်ရန်အတွက် ခွင့်ပြုပေးခဲ့ကြောင်း၎င်းထံမှ သိရသည်။

"မြို့ကွက်သစ် အပိုင်း(ဈ)မှာ တစ်ဖက်ကလည်း နိုင်ငံဝန်ထမ်းတွေ ဌာနဆိုင်ရာတွေ ပုဂ္ဂလိကတွေကို ရှေ့ဦးမြေပေးမိန့် ထုတ်ပေးထားပြီး ဖြစ်ပါတယ်၊ တစ်ဖက်ကလည်း ဒီမြေဟာ ဒေါ်နန်းခမ်းတစ် မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ရတဲ့ မြေဆိုပြီးတော့မှ နှစ်ဖက်က ပြဿနာလေးတွေ ဖြစ်ခဲ့ကြပါတယ်၊ ဒါပေမယ့်အားလုံး သိတဲ့အတိုင်းပဲ ကျွန်တော်တို့ကတော့ တာဝန်အရှိဆုံးပေါ့၊ ဒီကိစ္စတွေကို အမြန်ဆုံးကို ဖြေရှင်းပေးချင်နေတာပါ၊ သို့သော်လည်း အဲ့လို ဖြေရှင်းတဲ့အခါမှာ ကျွန်တော်တို့က ဥပဒေနှင့်အညီ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဥပဒေနဲ့ညီအောင် လေ့လာရတယ်၊ သုံးသပ်ရတယ်၊ ဖြစ်စဉ် အမှန်ကို သိရပြီးတော့မှ လက်ရှိကျင့်သုံးနေတဲ့ လယ်ယာဥပဒေ၊ တည်ဆဲဥပဒေနဲ့ ကိုက်ညီသလားဆိုတာတွေ
ဆောင်ရွက်ရပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ဆက်လက်၍လည်း"အဲ့လို ဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော်တို့တွေက ဥပဒေအကြံဉာဏ်တွေ တောင်းရပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာတွေဖက်က လက်ရှိ လယ်ယာမြေတည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပါတယ်"ဟု၎င်းက ပြောကြားသည်။

အဆိုပါ မြေယာကိစ္စနှင့် ရောင်းဝယ်မှုများနှင့် ဆောက်လုပ်မှုများအပြင် ခြံခတ်မှုများ တစ်စုံတစ်ရာ ဆက်လက်ပြုလုပ်ခြင်း မရှိစေရန်အတွက် ရက်ပိုင်းအတွင်း တားမြစ်ဆိုင်းဘုတ်များ စိုက်ထူ၍ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~