ကယားပြည်နယ် လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသကျေးရွာတွင် ကျန်းမာရေးမကောင်းသည့် အသက် (၃၉) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇွန်လ (၃) ရက်နေ့ နံနက်က ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူ မခိုင်ဇာလင်းသည် နေအိမ်အောက်ထပ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို ဇွန်လ (၃)ရက်နေ့ နံနက် (၇)နာရီခန့်တွင် ၎င်း၏မိခင်ဖြစ်သူကတွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ နေအိမ်တွင် တစ်ဦးထဲနေထိုင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်း ကင်ဆာအကြိတ်အား ကုသမှုခံယူနေရာမှ လွန်ခဲ့သည့် တစ်လခန့်မှစ၍ အစားကောင်းစွာ စားနိုင်ခြင်းမရှိတော့သဖြင့် စိတ်ဓါတ်ကျနေတတ်သူဖြစ်ကြောင်း ၎င်း၏မိခင်ဖြစ်သူထံမှ သိရသည်။
မခိုင်ဇာလင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စစ်ဆေးရန် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ထား ပြီး လွိုင်ကော်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၅/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
