မေကြးတိုင္းလႊတ္ေတာ္ရံုးဝန္ထမ္းအိမ္ယာသိမ္းဆည္းေျမ တစ္ဧကလွ်င္ ၁၂၅ သိန္းေလ်ာ္ေၾကးေပးအပ္

မေကြးတိုင္းလႊတ္ေတာ္ရံုးဝန္ထမ္းအိမ္ယာသိမ္းဆည္းေျမ တစ္ဧကလွ်င္ ၁၂၅ သိန္းေလ်ာ္ေၾကးေပးအပ္
ဇွန် 16, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ယာအျဖစ္ အသံုးျပဳလွ်က္ရိွေသာ သိမ္းဆည္းခံေျမယာ မ်ားအတြက္ ေလ်ာ္ေၾကးေငြ က်ပ္ (၂၇၂)သိန္းေက်ာ္ကို ယာေျမသိမ္းဆည္းခံေတာင္သူ (၄)ဦးအား ဇြန္(၁၆)ရက္ နံနက္ပိုင္းက ေပးအပ္လိုက္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ရံုးမွ သိရိွရသည္။

“ၿပီးခဲ႔တဲ႔ တိုင္းေဒသႀကီးအစိုးရလက္ထက္ကတည္းက ေျမသိမ္းၿပီး လႊတ္ေတာ္အိမ္ယာေဆာက္ခဲ႔ တာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ လက္ထက္က်မွ နစ္နာတဲ႔ေတာင္သူေတြအတြက္ ေျမယာ ေလ်ာ္ေၾကးေငြေပးႏိုင္ ေအာင္ ဥပေဒနဲ႔အညီ ႏိုင္ငံေတာ္က ဘတ္ဂ်က္ေတာင္းၿပီး ေပးခြင္႔ရခဲ႔လို႔ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္”ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ ဦးတာက ေလ်ာ္ေၾကးေငြ ေပးအပ္ပဲြ အခမ္းအနားတြင္ ေျပာၾကားသည္။

အဆိုပါေျမေနရာမွာ ၁၉၉၃ ခုႏွစ္ကတည္းက လန/၃၉ ရရိွၿပီးေသာ ေျမေနရာျဖစ္၍ ၂၀၁၃ ခုႏွစ္တြင္ လႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ယာအျဖစ္ခ်ထားေပးခဲ႔ျခင္းျဖစ္ၿပီး လက္ရိွ တိုင္းေဒသႀကီးအစိုးရလက္ထက္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကသည္႔ ဦးေက်ာ္ေဌးႏွင္႔ ေဒၚခင္ခ်ိဳလတ္တို႔က အဆိုပါ သိမ္းဆည္းေျမမ်ား အတြက္ ေလ်ာ္ေၾကးေငြေပးႏုိင္ရန္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၀၁၅ ခုႏွစ္ ႏွစ္လပိုင္းက လက္ရိွစိုက္ပ်ိဳးေနတဲ႔ယာေျမေတြကို မေျပာမဆိုဘဲနဲ႔ ျခံစည္းရိုးလာခတ္ သြားတာပါ။  ကၽြန္ေတာ္တို႔က တားေပမဲ့ ဆိုင္ရာကေနသြားပါလို႔ဆို သက္ဆိုင္ရာကိုတင္ျပခဲ႔ေပမဲ့ အဆင္မေျပခဲ႔ပါဘူး။ အခု လက္ရိွအစိုးရလက္ထက္က်မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌးနဲ႔ ေဒၚခင္ခ်ိဳလတ္တို႔ရဲ႕ တင္ျပေပးမႈေၾကာင္႔ ေက်ာက္ခဲေရေပၚသလို ေလ်ာ္ေၾကးေငြရရိွခဲ႔တာျဖစ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အစိုးရအဖဲြ႔ကို ေက်းဇူးတင္ပါတယ္”ဟု ေလ်ာ္ေၾကးေငြ က်ပ္(၁၆၄၁၂၅၀၀) လက္ခံရရိွသူ ျမင္းကင္းေက်းရြာေန ဦးစိုးလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ယာအျဖစ္ အသံုးျပဳလွ်က္ရိွေသာ မေကြးၿမိဳ႕ ေအာင္ ေမတၱာရပ္ကြက္မွ ေျမဧရိယာ (၂.၁၈၁)ဧက၏ ဦးပိုင္အမည္ေပါက္ ေတာင္သူ(၄)ဦးအား တစ္ဧကလွ်င္ က်ပ္ (၁၂၅)သိန္းႏွဳန္းျဖင္႔ စုစု ေပါင္းေလ်ာ္ေၾကးေငြ(နစ္နာေၾကး)က်ပ္(၂၇၂၆၂၅၀၀)ေပးအပ္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအိမ်ယာအဖြစ် အသုံးပြုလျှက်ရှိသော သိမ်းဆည်းခံမြေယာ များအတွက် လျော်ကြေးငွေ ကျပ် (၂၇၂)သိန်းကျော်ကို ယာမြေသိမ်းဆည်းခံတောင်သူ (၄)ဦးအား ဇွန်(၁၆)ရက် နံနက်ပိုင်းက ပေးအပ်လိုက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ သိရှိရသည်။

“ပြီးခဲ့တဲ့ တိုင်းဒေသကြီးအစိုးရလက်ထက်ကတည်းက မြေသိမ်းပြီး လွှတ်တော်အိမ်ယာဆောက်ခဲ့ တာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ထက်ကျမှ နစ်နာတဲ့တောင်သူတွေအတွက် မြေယာ လျော်ကြေးငွေပေးနိုင် အောင် ဥပဒေနဲ့အညီ နိုင်ငံတော်က ဘတ်ဂျက်တောင်းပြီး ပေးခွင့်ရခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါမြေနေရာမှာ ၁၉၉၃ ခုနှစ်ကတည်းက လန/၃၉ ရရှိပြီးသော မြေနေရာဖြစ်၍ ၂၀၁၃ ခုနှစ်တွင် လွှတ်တော်ရုံး ဝန်ထမ်းအိမ်ယာအဖြစ်ချထားပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ တိုင်းဒေသကြီးအစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်ဌေးနှင့် ဒေါ်ခင်ချိုလတ်တို့က အဆိုပါ သိမ်းဆည်းမြေများ အတွက် လျော်ကြေးငွေပေးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၅ ခုနှစ် နှစ်လပိုင်းက လက်ရှိစိုက်ပျိုးနေတဲ့ယာမြေတွေကို မပြောမဆိုဘဲနဲ့ ခြံစည်းရိုးလာခတ် သွားတာပါ။ ကျွန်တော်တို့က တားပေမဲ့ ဆိုင်ရာကနေသွားပါလို့ဆို သက်ဆိုင်ရာကိုတင်ပြခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အခု လက်ရှိအစိုးရလက်ထက်ကျမှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးနဲ့ ဒေါ်ခင်ချိုလတ်တို့ရဲ့ တင်ပြပေးမှုကြောင့် ကျောက်ခဲရေပေါ်သလို လျော်ကြေးငွေရရှိခဲ့တာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်”ဟု လျော်ကြေးငွေ ကျပ်(၁၆၄၁၂၅၀၀) လက်ခံရရှိသူ မြင်းကင်းကျေးရွာနေ ဦးစိုးလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအိမ်ယာအဖြစ် အသုံးပြုလျှက်ရှိသော မကွေးမြို့ အောင် မေတ္တာရပ်ကွက်မှ မြေဧရိယာ (၂.၁၈၁)ဧက၏ ဦးပိုင်အမည်ပေါက် တောင်သူ(၄)ဦးအား တစ်ဧကလျှင် ကျပ် (၁၂၅)သိန်းနှုန်းဖြင့် စုစု ပေါင်းလျော်ကြေးငွေ(နစ်နာကြေး)ကျပ်(၂၇၂၆၂၅၀၀)ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~