ကယားျပည္နယ္တြင္း ေဒသခံမ်ား အိမ္ေဆာက္ရန္ တစ္ႏိုင္တစ္ပိုင္ သစ္ထုတ္ယူျခင္းအား သက္ဆိုင္ရာမွ ခြင့္ျပဳခ်က္ျဖင့္ ခုတ္ယူခြင့္ရိွၿပီး သစ္ေတာဌာနမွ အခြန္ေကာက္ခံမည္ မဟုတ္ေၾကာင္း ကယားျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က ေျပာသည္။
“သက္ဆိုင္ရာ ၿမိဳ႕နယ္တစ္ခုခ်င္း အဲဒီမွာရွိတဲ့ ေဒသခံေတြက တစ္ႏိုင္တစ္ပိုင္ အိမ္ေဆာက္ဖို႔ အဲဒီလိုသုံးဖို႔ ခုတ္တဲ့ သစ္ေတြကိုေတာ့ ကၽြန္ေတာ္တို႔ သစ္ေတာဌာနေတြက အခြန္ မေကာက္ဘူးေပါ့ ။ ဥပမာ မယ္စဲ့ ၿမိဳ႕နယ္ထဲက နန္႔မန္းရြာဆိုရင္ အဲဒီရြာပိုင္တဲ့ သစ္ေတာထဲမွာခုတ္ရင္ အဲဒီရြာသူႀကီးကို အာဏာ ေပးထားတယ္။ အဲဒီရြာကလူပဲ ျဖစ္ရမွာေပါ့။ ခုတ္တဲ့သူက သူႀကီးကို အသိေတာ့ ေပးရမွာေပါ့။ အခြန္ေတာ့ မေကာက္ပါဘူး ”ဟု ကယားျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။
သို႔ေသာ္ လက္ရိွ အေျခအေနမွာ တစ္ႏိုင္တစ္ပိုင္သစ္ထုတ္ယူသည့္ ေဒသခံမ်ားက အခြန္ေပး ေဆာင္ေနရၿပီး အႀကီးစား သစ္ထုတ္ယူသူမ်ား အခြန္ကင္းလြတ္ေနသည္ဟု ေဘာလခဲေဒသခံတစ္ဦးက ဆိုသည္။
“ကၽြန္ေတာ္တို႔ အိမ္ေဆာက္ဖို႔ ေထာ္လာဂ်ီနဲ႔ တင္လာတဲ့ သစ္ကိုက်ေတာ့ ဂိတ္က အခြန္ေဆာင္ခိုင္းတယ္။ သစ္ကားႀကီးေတြကိုက်ေတာ့ အခြန္ေဆာင္စရာမလိုဘဲ သြားခိုင္းတာေတြ ရွိတယ္ ။ ကၽြန္ေတာ္တို႔က ပိုက္ဆံမရွိလို႔ ေတာထဲကိုယ္တိုင္သြားခုတ္ရတာ အခြန္ျပန္လာေကာက္ေတာ့ ဘာမွမထူးေတာ့ဘူးေလ။ အဲဒါေလးေတြကို အထက္လူႀကီးေတြကို သိေအာင္ေျပာျပခ်င္တာပါ”ဟု ေဘာလခဲၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ယင္းကိစၥႏွင့္ ပတ္သက္၍ ဂိတ္မ်ားတြင္ အခြန္မေပးရသည့္သစ္ကားမ်ားသည္ စာရြက္စာတမ္း အေထာက္ထား အျပည့္ ပါသည့္ ျမန္မာ့သစ္လုပ္ငန္းပိုင္သစ္မ်ား ၊သစ္ေတာဦးစီးဌာနမွ ျမန္မာ့သစ္လုပ္ငန္းသို႔ လႊဲအပ္ရေသာ သစ္မ်ား ၊ ျပည္နယ္အစိုးရ၏ ေလလံသစ္မ်ားကို တင္ေဆာင္ လာျခင္းျဖစ္ပါက သက္ဆိုင္ရာ သစ္ေတာဦးစီးဌာနသို႔ သစ္ဖိုးအခြန္ေငြ အျပည့္အဝ ေပးသြင္းၿပီး ျဖစ္ေသာေၾကာင့္ လမ္းေပၚရွိ စုေပါင္းဂိတ္မ်ားတြင္ အခြန္ေပးေဆာင္ရန္ မလိုျခင္းျဖစ္ႏုိင္ၿပီး ေဒသတြင္း တစ္ႏုိင္တစ္ပိုင္ အိမ္အသံုးျပဳရန္ သစ္ထုတ္သူမ်ားအေနျဖင့္ သက္ဆိုင္ရာရပ္မိရပ္ဖမ်ားထံ တရားဝင္ အေၾကာင္းၾကားထားမွသာလွ်င္ အခြန္ကင္းလြတ္ခြင့္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။
သစ္ေတာထြက္ပစၥည္းမ်ားျဖစ္သည့္ မီးေသြး၊ ဝါး ၊ သနပ္ခါး ၊ သစ္ေခါက္ ၊ အင္တြဲ၊ ပြဲညက္ ၊ ပ်ားရည္ စသည့္ အေသးစား သစ္ေတာထြက္ပစၥည္းမ်ားကို စီးပြားျဖစ္ထုတ္ယူပါက အခြန္ေကာက္ခံရၿပီး ျပည္နယ္အစိုးရ ရန္ပုံေငြသို႕ေပးသြင္းရျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖိဳးထြန္း
“သက်ဆိုင်ရာ မြို့နယ်တစ်ခုချင်း အဲဒီမှာရှိတဲ့ ဒေသခံတွေက တစ်နိုင်တစ်ပိုင် အိမ်ဆောက်ဖို့ အဲဒီလိုသုံးဖို့ ခုတ်တဲ့ သစ်တွေကိုတော့ ကျွန်တော်တို့ သစ်တောဌာနတွေက အခွန် မကောက်ဘူးပေါ့။ ဥပမာ မယ်စဲ့ မြို့နယ်ထဲက နန့်မန်းရွာဆိုရင် အဲဒီရွာပိုင်တဲ့ သစ်တောထဲမှာခုတ်ရင် အဲဒီရွာသူကြီးကို အာဏာ ပေးထားတယ်။ အဲဒီရွာကလူပဲ ဖြစ်ရမှာပေါ့။ ခုတ်တဲ့သူက သူကြီးကို အသိတော့ ပေးရမှာပေါ့။ အခွန်တော့ မကောက်ပါဘူး ”ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
သို့သော် လက်ရှိ အခြေအနေမှာ တစ်နိုင်တစ်ပိုင်သစ်ထုတ်ယူသည့် ဒေသခံများက အခွန်ပေး ဆောင်နေရပြီး အကြီးစား သစ်ထုတ်ယူသူများ အခွန်ကင်းလွတ်နေသည်ဟု ဘောလခဲဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ အိမ်ဆောက်ဖို့ ထော်လာဂျီနဲ့ တင်လာတဲ့ သစ်ကိုကျတော့ ဂိတ်က အခွန်ဆောင်ခိုင်းတယ်။ သစ်ကားကြီးတွေကိုကျတော့ အခွန်ဆောင်စရာမလိုဘဲ သွားခိုင်းတာတွေ ရှိတယ်။ ကျွန်တော်တို့က ပိုက်ဆံမရှိလို့ တောထဲကိုယ်တိုင်သွားခုတ်ရတာ အခွန်ပြန်လာကောက်တော့ ဘာမှမထူးတော့ဘူးလေ။ အဲဒါလေးတွေကို အထက်လူကြီးတွေကို သိအောင်ပြောပြချင်တာပါ”ဟု ဘောလခဲမြို့ခံတစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဂိတ်များတွင် အခွန်မပေးရသည့်သစ်ကားများသည် စာရွက်စာတမ်း အထောက်ထား အပြည့် ပါသည့် မြန်မာ့သစ်လုပ်ငန်းပိုင်သစ်များ၊သစ်တောဦးစီးဌာနမှ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲအပ်ရသော သစ်များ၊ ပြည်နယ်အစိုးရ၏ လေလံသစ်များကို တင်ဆောင် လာခြင်းဖြစ်ပါက သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့ သစ်ဖိုးအခွန်ငွေ အပြည့်အဝ ပေးသွင်းပြီး ဖြစ်သောကြောင့် လမ်းပေါ်ရှိ စုပေါင်းဂိတ်များတွင် အခွန်ပေးဆောင်ရန် မလိုခြင်းဖြစ်နိုင်ပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင် အိမ်အသုံးပြုရန် သစ်ထုတ်သူများအနဖြေင့် သက်ဆိုင်ရာရပ်မိရပ်ဖများထံ တရားဝင် အကြောင်းကြားထားမှသာလျှင် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
သစ်တောထွက်ပစ္စည်းများဖြစ်သည့် မီးသွေး၊ ဝါး၊ သနပ်ခါး၊ သစ်ခေါက်၊ အင်တွဲ၊ ပွဲညက်၊ ပျားရည် စသည့် အသေးစား သစ်တောထွက်ပစ္စည်းများကို စီးပွားဖြစ်ထုတ်ယူပါက အခွန်ကောက်ခံရပြီး ပြည်နယ်အစိုးရ ရန်ပုံငွေသို့ပေးသွင်းရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း