မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်မဲမီးသတ်မှ သန္ဓေမီးသတ် (၄၀)၊ မီးသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့်ငြိမ်းသတ်နေပြီး နံနက် (၃) နာရီခန့်တွင် မီးထိန်းနိုင်ကာ ဆက်လက်ငြိမ်းသတ်နေဆဲဖြစ်သည်။
မီးလောင်မှုကြောင့် သုံးဘီးယာဉ် (၂) စီးနှင့် ဆိုင်ကယ်အချို့ ၊ နေအိမ်တန်းလျားနှစ်ခုမှ အခန်း (၂၁)ခန်း မီးလောင်သွားကြောင်း လတ်တလောအခြေအနေအရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းတင်းနှင် ့နောင်ပိန်ကျေးရွာမှ မီးသတ်ယာဉ်တစ်စီးစီလည်း ထပ်မံရောက်လာကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးသတ်သမား (၁) ဦး၊ အမျိုးသမီးငယ် (၁) ဦးတို့ ဒဏ်ရာရသဖြင့် ဆေးရုံသို့တင်ပို့ထားပြီး မီးဘေးသင့်လူဦးရေ (၅၀)ကျော်ခန့်ရှိကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်