ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ဇြန္လ (၂၆) ရက္ေန႔ ေန႔လယ္ပိုင္းက တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕ၾကား ပစ္ခတ္မႈမ်ားေၾကာင့္ လက္နက္ႀကီးက်ည္က်ေရာက္သည့္ ပိန္းအြယ္ေက်းရြာတြင္ (၄)ဦး ေသဆံုးၿပီး ဒဏ္ရာရသူတစ္ဦး ကြတ္ခိုင္ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္း သတင္းရရိွသည္။
“ေန႔လယ္က ျဖစ္ျဖစ္ခ်င္းမွာ ေသဆံုးသူသံုးဦးနဲ႕ ဒဏ္ရာရသူ ႏွစ္ဦးရွိပါတယ္။ ဒဏ္ရာ ရႏွစ္ဦးထဲက အမိ်ဳးသား တစ္ဦးဟာ ညေနပိုင္းမွာ ေသဆံုးသြားတ့ဲအတြက္ ေသဆံုးသူစုစုေပါင္းေလးဦးရွိပါၿပီ”ဟု လူနာမ်ားအား ကူညီေပးေနသည့္ ကြတ္ခိုင္ၿမိဳ႕ ျဗဟၼစိုရ္လူမႈကူညီေရးအသင္းမွ ကိုေဝယံက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕ ႏွင့္ ႏွစ္မိုင္ခန္႔အကြာရိွ ပိန္းအြယ္ေက်းရြာမွ လူေနအိမ္တစ္ခုေရွ႕တြင္ လက္နက္ႀကီး က်ည္ဆံႏွစ္ခု က်ေရာက္မႈေၾကာင့္ ႏွစ္ဦးဒဏ္ရာရၿပီး သံုးဦးေသဆံုးသြားသည့္အနက္ ဒဏ္ရာရသူ (၂)ဦးႏွင့္ ေသဆံုးသူ (၂)ဦးကိုသာ နယ္ေျမအုပ္ခ်ဳပ္ေရးအဖြဲ႕၏ အကူအညီျဖင့္ သယ္ေဆာင္ႏုိင္ခဲ့ၿပီး ကြတ္ခိုင္ျပည္သူ႔ ေဆးရံုသို႔ ပို႔ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“ေန႔လယ္က ပစ္ခတ္မႈေတြအတြင္း ေသဆံုးသူ (၃) ဦးထဲက တစ္ဦးကို ေက်းရြာကလူေတြက ထည့္မေပးလိုက္ဘူး။ ေဆးရံုကို (၂) ဦးပဲ သယ္လာခ့ဲတာပါ။ ရြာမွာ ျမင္ခ့ဲရတာေတာ့ တိတ္ဆိတ္ေနတာ တစ္ခုပဲရွိတယ္။ ထူးထူးျခားျခား အေျခအေနေတာ့မေတြ႕ရဘူး”ဟု လက္နက္ႀကီးက်ည္က်သည့္ ေက်းရြာမွ ထိခိုက္ ဒဏ္ရာရသူမ်ားအား သယ္ယူေပးေနသည့္ ကိုေဝယံက ေျပာသည္။
ဇြန္လ (၂၆) ရက္ေန႔ ေန႔လယ္ (၁၂) နာရီေက်ာ္တြင္ ကြတ္ခိုုင္ၿမိဳ႕နယ္အတြင္းရွိ နယ္ေျမခံ စစ္တပ္တစ္ခုအား အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ခုမွ လက္နက္ႀကီးျဖင့္ လာေရာက္ပစ္ခတ္ခ့ဲ၍ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ေပၚခ့ဲျခင္းျဖစ္သည္ဟု ခိုင္မာသည့္ သတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေဝယံ
“နေ့လယ်က ဖြစ်ဖြစ်ချင်းမှာ သေဆုံးသူသုံးဦးနဲ့ ဒဏ်ရာရသူ နှစ်ဦးရှိပါတယ်။ ဒဏ်ရာ ရနှစ်ဦးထဲက အမျိုးသား တစ်ဦးဟာ ညနေပိုင်းမှာ သေဆုံးသွားတဲ့အတွက် သေဆုံးသူစုစုပေါင်းလေးဦးရှိပါပြီ”ဟု လူနာများအား ကူညီပေးနေသည့် ကွတ်ခိုင်မြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ကိုဝေယံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကွတ်ခိုင်မြို့ နှင့် နှစ်မိုင်ခန့်အကွာရှိ ပိန်းအွယ်ကျေးရွာမှ လူနေအိမ်တစ်ခုရှေ့တွင် လက်နက်ကြီး ကျည်ဆံနှစ်ခု ကျရောက်မှုကြောင့် နှစ်ဦးဒဏ်ရာရပြီး သုံးဦးသေဆုံးသွားသည့်အနက် ဒဏ်ရာရသူ (၂)ဦးနှင့် သေဆုံးသူ (၂)ဦးကိုသာ နယ်မြေအုပ်ချုပ်ရေးအဖွဲ့၏ အကူအညီဖြင့် သယ်ဆောင်နိုင်ခဲ့ပြီး ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
“နေ့လယ်က ပစ်ခတ်မှုတွေအတွင်း သေဆုံးသူ (၃) ဦးထဲက တစ်ဦးကို ကျေးရွာကလူတွေက ထည့်မပေးလိုက်ဘူး။ ဆေးရုံကို (၂) ဦးပဲ သယ်လာခဲ့တာပါ။ ရွာမှာ မြင်ခဲ့ရတာတော့ တိတ်ဆိတ်နေတာ တစ်ခုပဲရှိတယ်။ ထူးထူးခြားခြား အခြေအနေတော့မတွေ့ရဘူး”ဟု လက်နက်ကြီးကျည်ကျသည့် ကျေးရွာမှ ထိခိုက် ဒဏ်ရာရသူများအား သယ်ယူပေးနေသည့် ကိုဝေယံက ပြောသည်။
ဇွန်လ (၂၆) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ နယ်မြေခံ စစ်တပ်တစ်ခုအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ခိုင်မာသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုဝေယံ