အျပည္ျပည္ဆုိင္ရာမူးယစ္ေဆး၀ါး အလဲြသံုးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကဳိေဟာေျပာပြဲအား ဇြန္လ (၂၁) ရက္ေန႔ နံနက္ကက ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ တာခ်ီလိတ္ၿမဳိ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)ရွိ ခန္းမ၌ က်င္းပရာ ေက်ာင္းသား/ေက်ာင္းသူ (၁၂၀)ေက်ာ္ တက္ေရာက္ေၾကာင္း သိရသည္။
ေက်ာင္းသား လူငယ္မ်ား မူးယစ္ေဆး၀ါးအႏၱရာယ္ဆုိးက်ဳိးမ်ား သိရွိ ေရွာင္ရွားႏုိင္ေစေရး အသိပညာေပး ေဟာေျပာပဲြ၊ နံရံကပ္ဓာတ္ပံုျပပဲြႏွင့္ စာအုပ္စာေစာင္ျပပဲြ က်င္းပျခင္းျဖစ္ၿပီး ေဟာေျပာပဲြတြင္ ဒုတိယခရုိင္ ဥပေဒအရာရွိ ဦးမုိးသူေအာင္က မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒမ်ားကို လည္းေကာင္း၊ ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ခရုိင္ဦးစီးအရာရွိ ဦးလွေဌး က ေက်ာင္းသား လူငယ္ႏွင့္စာေပ အေၾကာင္းကုိ လည္းေကာင္း မူးယစ္ေဆး၀ါး တားဆီး ႏွိမ္နင္းေရးရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စု(၃၀)တာခ်ီလိတ္မွ ဒုတိယရဲမွဴး သက္ေမာင္ က မူးယစ္ေဆး၀ါး ဆုိးက်ဳိးအႏၱရာယ္မ်ားကုိလည္းေကာင္း ေဟာေျပာခဲ့ၾကသည္။
တဆက္တည္းမွာပင္ ျမန္မာႏုိင္ငံမူးယစ္ေဆး၀ါးဆန္႔က်င္ေရးအသင္း (တာခ်ီလိတ္ခရုိင္)မွ ခရုိင္ အတြင္းေရးမွဴး ဦးသိန္းထြန္းက မူးယစ္ ေဆး၀ါးအေၾကာင္းကုိ လည္းေကာင္း၊ တာခ်ီလိတ္ျပန္လည္ ထူေထာင္ေရးစခန္းမွ စခန္း မန္ေနဂ်ာ ဦးစီးအရာရွိ ဦးသိန္း၀င္း က မူးယစ္ေဆး၀ါးအႏၱရာယ္ ႏွင့္ ျပန္လည္ထူေထာင္ေရးဆုိင္ရာမ်ားကုိ လည္းေကာင္း၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖဲြ႕စု၊ တာခ်ီလိတ္မွ ရဲအုပ္ ေဇာ္ေဇာ္ညြန္႔ က ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းဆုိင္ရာ သိေကာင္းစရာမ်ားကုိလည္းေကာင္း အသီးသီး ေဟာေျပာေၾကာင္း သိရသည္။
အခမ္းအနားတြင္ နံရံကပ္ဓာတ္ပံုျပဘုတ္မ်ား၊ စာအုပ္စာေစာင္မ်ားကို ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွ ျပသထားၿပီး အသိပညာေပး လက္ကမ္းစာေစာင္မ်ားကိုလည္း ျဖန္႔ေ၀ေပးေၾကာင္း သိရသည္။
အလားတူ အသိပညာေပးေဟာေျပာပဲြကို ဇြန္လ (၂၀) ရက္ေန႔က ဆန္ဆိုင္းအေျခခံပညာ အထက္တန္းေက်ာင္း၌ က်င္းပရာ ေက်ာင္းသား/ေက်ာင္းသူ (၃၀၀) ေက်ာ္တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
သတင္း၊ဓာတ္ပံု - ေ၀ယံလင္း
ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ သိရှိ ရှောင်ရှားနိုင်စေရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ဒုတိယခရိုင် ဥပဒေအရာရှိ ဦးမိုးသူအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး က ကျောင်းသား လူငယ်နှင့်စာပေ အကြောင်းကို လည်းကောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယရဲမှူး သက်မောင် က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
တဆက်တည်းမှာပင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (တာချီလိတ်ခရိုင်)မှ ခရိုင် အတွင်းရေးမှူး ဦးသိန်းထွန်းက မူးယစ် ဆေးဝါးအကြောင်းကို လည်းကောင်း၊ တာချီလိတ်ပြန်လည် ထူထောင်ရေးစခန်းမှ စခန်း မန်နေဂျာ ဦးစီးအရာရှိ ဦးသိန်းဝင်း က မူးယစ်ဆေးဝါးအန္တရာယ် နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများကို လည်းကောင်း၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ ရဲအုပ် ဇော်ဇော်ညွန့် က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောကြောင်း သိရသည်။
အခမ်းအနားတွင် နံရံကပ်ဓာတ်ပုံပြဘုတ်များ၊ စာအုပ်စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြနေ့်ဝပေးကြောင်း သိရသည်။
အလားတူ အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၀) ရက်နေ့က ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ -ေဝယံလင်း