ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း အဓိကလမ်းဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးအား လမ်းတိုး ချဲ့ခြင်း လုပ်ဆောင်ရန် သတ်မှတ် ဧရိယာနှင့်မလွတ်သည့် လမ်းဘေးဘယ်ညာမှ သစ်ပင်များအား မေလဒုတိယပတ်အတွင်း ခုတ်ထွင်ရှင်းလင်းနေကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ဗိုလ်ချုပ်လမ်းမတိုးချဲ့ခြင်းအား လက်ရှိအချိန်ထိ ရှမ်းရိုးမကွင်းရှေ့မှ အမှတ်(၁)တံတား အ၀ိုင်းပတ်အထိ ဆောင်ရွက်ပြီးစီးပြီးနောက် ကျန်ရှိသည့် နေရာများအား တိုးချဲ့ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းမကြီးတိုးချဲ့ခြင်းအား ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်၏ ဖြည့်စွက်လုပ်ငန်းအနေဖြင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စတင်နေခဲ့ပြီးနောက် ကျန်ရှိသည့် နေရာများအား ၂၀၁၇ခုနှစ် မေလ နှင့် ဇွန်လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းမကြီးတလျှောက် လမ်းတစ်ဖက်စီတွင် (၆)ပေမှ (၁၀)ပေအထိ တိုးချဲ့ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
"အားကစားရုံလမ်းဆုံ မီးပွိုင်ကနေ အမှတ်(၂) တံတားအထိ လမ်းဘေး ပလက်ဖောင်းအပါ တစ်ဖက်ကို (၁၀)ပေစီ တိုးချဲ့သွားဖို့အတွက် သစ်ပင်တွေကို ခုတ်တာပါ။ အကိုင်းတွေကို ခုတ်ပြီး သစ်ပင်ကို အမြစ်ကနေ ဖယ်ရှားသွားပြီးမှ လမ်းတိုးချဲ့ခြင်းကို လုပ်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်လမ်းမတိုးချဲ့ခြင်းအား လက်ရှိအချိန်ထိ ရှမ်းရိုးမကွင်းရှေ့မှ အမှတ်(၁)တံတား အဝိုင်းပတ်အထိ ဆောင်ရွက်ပြီးစီးပြီးနောက် ကျန်ရှိသည့် နေရာများအား တိုးချဲ့ရန်အတွက် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းမကြီးတိုးချဲ့ခြင်းအား ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်၏ ဖြည့်စွက်လုပ်ငန်းအနဖြေင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စတင်နေခဲ့ပြီးနောက် ကျန်ရှိသည့် နေရာများအား ၂၀၁၇ခုနှစ် မေလ နှင့် ဇွန်လအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းမကြီးတလျှောက် လမ်းတစ်ဖက်စီတွင် (၆)ပေမှ (၁၀)ပေအထိ တိုးချဲ့ခြင်းများ လုပ်ဆောင်နခြေင်းဖြစ်သည်။