ရွမ္းျပည္နယ္ (အေရွ ႕ပိုင္း ) က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ႏွင့္ ျမိဳ ့မေစ်းႀကီးမွ ေစ်းသူေစ်းသားမ်ား ေမလ (၂၂)ရက္ေန႔ ညေန(၃)နာရီတြင္ စည္ပင္ခန္းမ၌ ေတြ႔ဆံုကာ ထုတ္ကုန္မ်ား လုံျခဳံစိတ္ခ်မႈရိွေစေရး ေဆြးေႏြးမႈတြင္ စစ္ေဆးေရးအတြက္ ႏွစ္ဖက္သေဘာတူညီမႈရသြားေၾကာင္း သိရသည္။
ေဒသတြင္းမွ တစ္ပိုင္တစ္ႏိုင္ ထုတ္လုပ္ေသာ စားေသာက္ကုန္ ပစၥည္းမ်ားကို စားသုံးသူမ်ား အႏၱရာယ္ မျဖစ္ေစေရးအတြက္ အသိပညာေပးျခင္း၊ စစ္ေဆးျခင္းမ်ားကို ဆက္လက္ေဆာင္ရြက္သြားရန္ ယင္းေဆြးေႏြးပြဲတြင္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈ ရရိွခဲ့ေၾကာင္း သိရသည္။
"ေဒသတြင္းက တစ္ပိုင္တစ္ႏိုင္ ထုတ္လုပ္တဲ့ စားေသာက္ကုန္ပစၥည္းေတြထဲက စားေသာက္ရန္ မသင့္တာေတြကို စစ္ေဆးေတြ ့ရိွခဲ့မယ္ဆိုရင္ သိမ္းဆည္းတာေတြ မလုပ္ေသးဘဲနဲ ့ အသိပညာ ေပးတာေတြ ဆက္လုပ္ဖို ့နဲ ့ ကို္ယ္ပိုင္တံဆိပ္နဲ ့ ေထာက္ခံခ်က္ရေအာင္ လုပ္ေပးဖို ့ ကၽြန္ေတာ္တို ့နဲ ့ ေစ်းသူ၊ေစ်းသားေတြ အၾကားမွာ သေဘာတူညီမႈ ရခဲ့ပါတယ္"ဟု က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ျပည္တြင္းမွ တင္သြင္းလာေသာ စားေသာက္ကုန္မ်ားကိုလည္း ကုန္ပစၥည္းအမွတ္တံဆိပ္ ေထာက္ခံခ်က္ ရရိွထားျခင္း ရိွ/မရိွကို အတည္ျပဳခ်က္ရယူျခင္း လုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္သြားရန္ သေဘာတူခဲ့ျပီး အတည္ျပဳခ်က္ ရယူေနသည့္ ကာလအတြင္း အဆိုပါ ပစၥည္းမ်ားကို ေရာင္းခ်ခြင့္ ေပးထားမည္ ျဖစ္ျပီး ေထာက္ခံခ်က္မရိွပါက ဆက္လက္ ေရာင္းခ်ခြင့္ေပးမည္ မဟုတ္ေၾကာင္းကိုလည္း ႏွစ္ဦးႏွစ္ဖက္ သေဘာတူခဲ့ေၾကာင္း သိရသည္။
"ေအးခဲအသားေတြနဲ ့ ပတ္သက္လို ့ကေတာ့ လက္ရိွမွာ ေရာင္ခ်ခြင္ ့လိုင္စင္ ဘယ္သူ ့မွာမွ မရိွေသးတဲ့အတြက္ တစ္ကယ္လို ့ ေရာင္းခ်င္တယ္ဆိုရင္ လိုင္စင္လာေလွ်ာက္ဖို ့ သူတို ့ကို ေျပာထားသလို သက္ဆိုင္ရာ ဌာနေတြ အေနနဲ ့လည္း ၀ိုင္း၀န္းကူညီေပးသြားမွာပါ။ ဒါေပမယ့္ လက္ရိွ ေစ်းကြက္အတြင္းမွာ ေထာက္ခံခ်က္မရရိွထားတဲ့ ေအးခဲအသားေတြေရာင္းေနတာေတြ ့ရင္ သိမ္းဆည္းအေရးယူတာေတြ ဆက္လုပ္သြားမွာပါ။"ဟု ဦးသန္းစိုးက ေျပာသည္။
ယေန ့ေဆြးေႏြးပြဲမွ သေဘာတူညီခ်က္မ်ားကို ယခုတစ္ပတ္အတြင္း ျပဳလုပ္မည့္ ခရိုင္စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ အစည္းအေ၀းတြင္ တင္ျပ၍ အစည္းအေ၀းဆုံးျဖတ္ခ်က္ အတိုင္း ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"သူတို ့ေျပာတဲ့ FDAတံဆိပ္ပါရင္ စားသုံးကုန္နဲ ့ ကိုက္ညီတယ္ဆိုရင္ ထုတ္လုပ္တဲ့ကုမၸဏီေတြမွာ FDAတံဆိပ္ပါလာေအာင္ ေဆာင္ရြက္လိုက္။ အဲဒါဆိုရင္ FDAေထာက္ခံခ်က္ပါတာေတြ ေစ်းကြက္ထဲကို ေရာက္လာမယ္။ကၽြန္ေတာ္တို ့ အေနနဲ ့လည္း FDAအမွတ္တံဆိပ္ ပါလာတာကိုပဲ ေရာင္းခ်မယ္။ စားသုံးသူကလည္း စားသုံးမယ္။ဒီလို အဓိကက်တဲ့ အခ်က္ကို လုပ္လိုက္ရင္ ပြဲကျပီးသြားပါျပီ"ဟု ေစ်းသူေစ်းသားမ်ားဖက္မွ ပါဝင္ေဆြးေႏြးသူ KSTျဖန္ ့ခ်ိေရးမွ ဦးေက်ာ္စိုးသန္ ့က တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။
အဆိုပါ ေဆြးေႏြးပြဲသို ့ စားသုံးသူေရးရာဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ႏွင့္ က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့၀င္မ်ား၊ က်ဳိင္းတံုၿမိဳ႕မေစ်းအတြင္းမွ ေစ်းသူ၊ေစ်းသားမ်ား အပါအ၀င္ စုစုေပါင္း လူဦးေရ(၈၀)၀န္းက်င္တက္ေရာက္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
ဒေသတွင်းမှ တစ်ပိုင်တစ်နိုင် ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများကို စားသုံးသူများ အန္တရာယ် မဖြစ်စေရေးအတွက် အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန် ယင်းဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
"ဒေသတွင်းက တစ်ပိုင်တစ်နိုင် ထုတ်လုပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေထဲက စားသောက်ရန် မသင့်တာတွေကို စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် သိမ်းဆည်းတာတွေ မလုပ်သေးဘဲနဲ့ အသိပညာပေးတာတွေ ဆက်လုပ်ဖို့နဲ့ ကို်ယ်ပိုင်တံဆိပ်နဲ့ ထောက်ခံချက်ရအောင် လုပ်ပေးဖို့ ကျွန်တော်တို့နဲ့ ဈေးသူ၊ဈေးသားတွေ အကြားမှာ သဘောတူညီမှု ရခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်တွင်းမှ တင်သွင်းလာသော စားသောက်ကုန်များကိုလည်း ကုန်ပစ္စည်းအမှတ်တံဆိပ် ထောက်ခံချက် ရရှိထားခြင်း ရှိ/မရှိကို အတည်ပြုချက်ရယူခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရန် သဘောတူခဲ့ပြီး အတည်ပြုချက် ရယူနေသည့် ကာလအတွင်း အဆိုပါ ပစ္စည်းများကို ရောင်းချခွင့် ပေးထားမည် ဖြစ်ပြီး ထောက်ခံချက်မရှိပါက ဆက်လက် ရောင်းချခွင့်ပေးမည် မဟုတ်ကြောင်းကိုလည်း နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။
"အေးခဲအသားတွေနဲ့ ပတ်သက်လို့ကတော့ လက်ရှိမှာ ရောင်ချခွင့်လိုင်စင် ဘယ်သူ့မှာမှ မရှိသေးတဲ့အတွက် တစ်ကယ်လို့ ရောင်းချင်တယ်ဆိုရင် လိုင်စင်လာလျှောက်ဖို့ သူတို့ကို ပြောထားသလို သက်ဆိုင်ရာ ဌာနတွေ အနေနဲ့လည်း ဝိုင်းဝန်းကူညီပေးသွားမှာပါ။ ဒါပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာ ထောက်ခံချက်မရရှိထားတဲ့ အေးခဲအသားတွေရောင်းနေတာတွေ့ရင် သိမ်းဆည်းအရေးယူတာတွေ ဆက်လုပ်သွားမှာပါ။"ဟု ဦးသန်းစိုးက ပြောသည်။
ယနေ့ဆွေးနွေးပွဲမှ သဘောတူညီချက်များကို ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအေဝးတွင် တင်ပြ၍ အစည်းအေဝးဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"သူတို့ပြောတဲ့ FDAတံဆိပ်ပါရင် စားသုံးကုန်နဲ့ ကိုက်ညီတယ်ဆိုရင် ထုတ်လုပ်တဲ့ကုမ္ပဏီတွေမှာ FDAတံဆိပ်ပါလာအောင် ဆောင်ရွက်လိုက်။ အဲဒါဆိုရင် FDAထောက်ခံချက်ပါတာတွေ ဈေးကွက်ထဲကို ရောက်လာမယ်။ကျွန်တော်တို့ အနေနဲ့လည်း FDAအမှတ်တံဆိပ် ပါလာတာကိုပဲ ရောင်းချမယ်။ စားသုံးသူကလည်း စားသုံးမယ်။ဒီလို အဓိကကျတဲ့ အချက်ကို လုပ်လိုက်ရင် ပွဲကပြီးသွားပါပြီ"ဟု ဈေးသူဈေးသားများဖက်မှ ပါဝင်ဆွေးနွေးသူ KSTဖြန့်ချိရေးမှ ဦးကျော်စိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့မဈေးအတွင်းမှ ဈေးသူ၊ဈေးသားများ အပါအဝင် စုစုပေါင်း လူဦးရေ(၈၀)ဝန်းကျင်တက်ရောက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်