ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် ရပ်ကွက်များအထိ အိမ်တိုင်ရာရောက် စာအုပ်အငှားစနစ်ကို ဖေါ်ဆောင်ရန် စီစဉ်နေကြောင်း တရားဥပဒေစိုးမိုးရေးကွန်ယက်မှ သိရသည်။
အဆိုပါ အဖွဲ့သည် ဗိုလ်ချုပ်ပန်းခြံအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စာဖတ်ကြမယ်အစီအစဉ်ကို လုပ်ဆောင်နေပြီးနောက် အိမ်တိုင်ရာရောက် စာအုပ်အခမဲ့အစီအစဉ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
“စာအုပ်တွေကို အိမ်တိုင်ရာအရောက် အငှါးပို့ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်။ စာအုပ်ပေါင်း ၃၀၀၀ စုနေပါတယ်။ စာအုပ်အရေအတွက် နည်းရင် အဆင်မပြေဘူး။ တောင်ကြီးမှာရှိတဲ့ ရပ်ကွက်တိုင်းတော့ မဟုတ်ပါဘူး။ မြို့ပတ်လမ်း အနောက်ဘက်အခြမ်းက တကယ့်ချောင်ကျတဲ့ နေရာတွေ ဦးစားပေးပါမယ်” ဟု တရားဥပဒေစိုးမိုးရေးကွန်ယက်မှ ဦးဝင်းနိုင်စိုးက ပြောသည်။
အဆိုပါ အဖွဲ့သည် ဗိုလ်ချုပ်ပန်းခြံအတွင်း အပတ်စဉ် တနင်္ဂေနွနေ့တိုင်း စာဖတ်ကြမယ်အစီအစဉ်ကို လုပ်ဆောင်နပြေီးနောက် အိမ်တိုင်ရာရောက် စာအုပ်အခမဲ့အစီအစဉ်ကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို