ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုသင်တန်းကျောင်း ဆရာဖြစ်သင်တန်းကို ဇွန်လအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့် တက်ရောက်လိုသူများ အနေဖြင့် သင်တန်းမဖွင့်မီကာလအတွင်း စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
အဆိုပါ သင်တန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း နှင့် သင်တန်းအား ဇွန်လ(၁၄)ရက်နေ့မှ ဇူလိုင်(၇)ရက်နေ့အထိ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ရွှေမြေသာယာ(လားဟူဈေး)အနီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တာချီလိတ် မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းအဆင့်ရှိသူ အမျိုးသား/အမျိုးသမီးတိုင်း တက်ရောက်နိုင်မှာ ဖြစ်ကြောင်း နှင့် သင်တန်းကြေးအဖြစ် ကျပ် (၂၅,ဝဝဝ)သတ်မှတ်ထားပြီး အခြားမြို့နယ်များမှ တက်ရောက်သူများအတွက် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများ ဖုန်း ဝ၈၄ - ၂၂၅၂၉၊ ဝ၉ ၄၂၀၇၀၇၆၁၉၊ ဝ၉ ၂၅၄၇၉၃၈၇၈၊ ဝ၈၄ - ၅၃၅၄၂၊ ဝ၉ ၄၂၈၃၄၂၁၀၆ များသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။