မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ချောင်းအား ထိုင်းလယ်သမားများက ခွင့်ပြုချက်မယူဘဲ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ရေလယ်တွင် ၀ါးငုတ်များ ရိုက်သွင်းကာ ရေတားပြုလုပ်ခဲ့ရာမှ နှစ်နိုင်ငံ တာဝန်ရှိသူများ အကြိမ်အကြိမ် ဆွေးနွေးခဲ့ကြပြီးနောက် ရေလယ်၌ ရိုက်သွင်းထားသည့် ၀ါးငုတ်များနှင့် အမှိုက်များအားလုံးကို ၂၀၁၇ခုနှစ် မေလ(၂၇)ရက်နေ့တွင် ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းဘက် ချင်းရိုင်းခရိုင်မှ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မယ်ဆိုင်မြို့ပိုင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ထိုင်း - မြန်မာ နယ်ခြားကော်မတီ(ထိုင်းဘက်) စသည်တို့မှ ကြီးကြပ်ပြီး ထိုင်းလယ်သမားများက ရေလယ်ရှိ ၀ါးငုတ်များ ပြန်လည်ဖယ်ရှားရာသို့ မြန်မာဘက်မှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှလည်း မယ်ဆိုင်မြို့ ကော်ချန့်နယ်မြေသို့ သွားရောက်၍ ထိုင်းဘက်တာဝန်ရှိသူများနှင့်အတူ စောင့်ကြည့်ခဲ့ကြသည်။
မယ်ဆိုင်ချောင်းအတွင်းရှိ ရေများအား မြန်မာ - ထိုင်း နှစ်နိုင်ငံအနေဖြင့် သာတူညီမျှ ခွဲဝေ အသုံးချနိုင်ရေး နှင့် ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီအား ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
ထိုင်းဘက် ချင်းရိုင်းခရိုင်မှ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မယ်ဆို်င်မြို့ပိုင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ထိုင်း - မြန်မာ နယ်ခြားကော်မတီ(ထိုင်းဘက်) စသည်တို့မှ ကြီးကြပ်ပြီး ထိုင်းလယ်သမားများက ရေလယ်ရှိ ဝါးငုတ်များ ပြန်လည်ဖယ်ရှားရာသို့ မြန်မာဘက်မှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှလည်း မယ်ဆိုင်မြို့ ကော်ချန့်နယ်မြေသို့ သွားရောက်၍ ထိုင်းဘက်တာဝန်ရှိသူများနှင့်အတူ စောင့်ကြည့်ခဲ့ကြသည်။
ယင်းကဲ့သို့ပင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ငှက်ပျောဆိပ်ဘက်တွင်လည်း မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (မြန်မာဘက်) ဥက္ကဌ ခမရ(၅၂၆)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်သွင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာဌာနများမှ အကြီးအကဲများ၊ မြို့မိမြို့ဖများမှ စောင့်ကြည့်ခဲ့ကြသည်။
မယ်ဆိုင်ချောင်းအတွင်းရှိ ရေများအား မြန်မာ - ထိုင်း နှစ်နိုင်ငံအနဖြေင့် သာတူညီမျှ ခွေဲဝ အသုံးချနိုင်ရေး နှင့် ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီအား ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ၊ ယာဆေး