မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္သစ္တည္ေဆာက္ရာတြင္ ျပည္သူမ်ား လြတ္လြတ္လပ္လပ္ ဆႏၵေဖာ္ထုတ္ႏိုင္မည့္ ေနရာတစ္ခု သီးျခားထည့္သြင္းရန္ လ်ာထားေၾကာင္း တင္ဒါေရြးခ်ယ္ေရးေကာ္မတီ ဒုတိယဥကၠဌ က ေျပာၾကားသည္။
မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္သစ္အား က်ပ္(၄.၅)ဘီလီယံကုန္က်ႏိုင္ဟု ခန္႔မွန္းထားၿပီး ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ က်ပ္(၃.၅)ဘီလီယံ ရရွိထားၿပီးျဖစ္ေၾကာင္း သိရသည္။
“က်န္တဲ႔ေငြကုိေတာ႔ လာမယ့္ဘ႑ာႏွစ္မွာ ရမွာပါ။ ကုန္က်ႏိုင္မယ္႔ ေငြပမာဏက အစိုးရအဖြဲ႕နဲ႔ ညိွႏႈိင္းၿပီးမွ တြက္ခ်က္ထားတာျဖစ္ပါတယ္။ လႊတ္ေတာ္တည္ေဆာက္တဲ႔အခါမွာ ဆႏၵေဖာ္ထုတ္လိုတဲ႔ ျပည္သူေတြအတြက္ ေနရာတစ္ေနရာ သီးျခားေပးဖို႔ကိုလည္း လ်ာထားပါတယ္”ဟု တင္ဒါေရြးခ်ယ္ေရး ေကာ္မတီ ဒုတိယဥကၠဌ ဦးေဇာ္မ်ိဳးဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္(ပင္မ) အေဆာက္အဦသစ္တည္ေဆာက္ျခင္းလုပ္ငန္းအတြက္ အဆိုျပဳ ေလ်ွာက္လႊာတင္သြင္းသည့္ ကုမၸဏီမ်ားအနက္ ကုမၸဏီ(၆)ခုအား ဆန္ခါတင္ ေရြးခ်ယ္ထားေၾကာင္း တင္ဒါေရြးခ်ယ္ေရးေကာ္မတီမွ သိရသည္။
“အဆိုျပဳ ေလ်ွာက္လႊာတင္သြင္းလာတဲ႔ ကုမၸဏီ (၃၇) ခုအနက္ Golden Gate international Co.Ltd (ရန္ကုန္)၊ Kyaw Thar Engineering Co.Ltd(ရန္ကုန္)၊ Royal international Engineering Co.Ltd(ရန္ကုန္) Myanmar Marker Home Co.Ltd(ျမစ္ႀကီးနား)၊ အရုဏ္ဦး(ရန္ကုန္)၊ ဧရာေရႊဝါေဆာက္လုပ္ေရး (ရန္ကုန္)တို႔ Technical Proposal ေအာင္ျမင္ၾကပါတယ္”ဟု တင္ဒါေရြးခ်ယ္ေရးေကာ္မတီဥကၠ႒ ဦးတာက ေျပာသည္။
၂၀၁၇-၂၀၁၈ခု ဘ႑ာေရးႏွစ္ ေငြလုံးေငြရင္း ခြင့္ျပဳရန္ပုံေငြျဖင့္ ေဆာင္ရြက္မည့္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္(ပင္မ) အေဆာက္အဦသစ္တည္ေဆာက္ျခင္းလုပ္ငန္းအတြက္ ဆန္ခါတင္ေရြးခ်ယ္ထားေသာ ကုမၸဏီ(၆)ခုအား ေမ(၃၀)ရက္ေန႔တြင္ အေဆာက္အဦ ဒီဇိုင္းပုံစံေပးကာ တင္ဒါကုိ ဇြန္(၁၅)ရက္ေန႔ ေနာက္ဆုံး တင္ေပးရန္သတ္မွတ္ထားၿပီး ဇြန္(၂၀)ရက္ေန႔တြင္ တင္ဒါဖြင္႔မည္ဟုဆိုသည္။
သတင္း - ဖီးနစ္
မကွေးတိုင်းဒေသကြီးလွှတ်တော်သစ်အား ကျပ်(၄.၅)ဘီလီယံကုန်ကျနိုင်ဟု ခန့်မှန်းထားပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်(၃.၅)ဘီလီယံ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
“ကျန်တဲ့ငွေကိုတော့ လာမယ့်ဘဏ္ဍာနှစ်မှာ ရမှာပါ။ ကုန်ကျနိုင်မယ့် ငွေပမာဏက အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ တွက်ချက်ထားတာဖြစ်ပါတယ်။ လွှတ်တော်တည်ဆောက်တဲ့အခါမှာ ဆန္ဒဖော်ထုတ်လိုတဲ့ ပြည်သူတွေအတွက် နေရာတစ်နေရာ သီးခြားပေးဖို့ကိုလည်း လျာထားပါတယ်”ဟု တင်ဒါရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်(ပင်မ) အဆောက်အဦသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် အဆိုပြု လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ(၆)ခုအား ဆန်ခါတင် ရွေးချယ်ထားကြောင်း တင်ဒါရွေးချယ်ရေးကော်မတီမှ သိရသည်။
“အဆိုပြု လျှောက်လွှာတင်သွင်းလာတဲ့ ကုမ္ပဏီ (၃၇) ခုအနက် Golden Gate international Co.Ltd (ရန်ကုန်)၊ Kyaw Thar Engineering Co.Ltd(ရန်ကုန်)၊ Royal international Engineering Co.Ltd(ရန်ကုန်) Myanmar Marker Home Co.Ltd(မြစ်ကြီးနား)၊ အရုဏ်ဦး(ရန်ကုန်)၊ ဧရာရွှေဝါဆောက်လုပ်ရေး (ရန်ကုန်)တို့ Technical Proposal အောင်မြင်ကြပါတယ်”ဟု တင်ဒါရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးတာက ပြောသည်။
၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွဖြေင့် ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး လွှတ်တော်(ပင်မ) အဆောက်အဦသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဆန်ခါတင်ရွေးချယ်ထားသော ကုမ္ပဏီ(၆)ခုအား မေ(၃၀)ရက်နေ့တွင် အဆောက်အဦ ဒီဇိုင်းပုံစံပေးကာ တင်ဒါကို ဇွန်(၁၅)ရက်နေ့ နောက်ဆုံး တင်ပေးရန်သတ်မှတ်ထားပြီး ဇွန်(၂၀)ရက်နေ့တွင် တင်ဒါဖွင့်မည်ဟုဆိုသည်။
သတင်း - ဖီးနစ်