မေကြးတိုင္းေဒသႀကီး ကံမၿမိဳ႕နယ္ သကၠယ္ေျမာင္ရြာအနီး၌ ခရီးသည္တင္ဒိုင္နာယာဥ္ တစ္စီး ေမလ (၁၂)ရက္ေန႔က တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ ခရီးသည္ (၂)ဦးေသဆံုးၿပီး (၈)ဦး ဒဏ္ရာရသြားေၾကာင္း ကံမၿမိဳ႕မရဲစခန္းမွ သိရသည္။
“ကုန္းဆင္းမွာ ဘရိတ္ေပါက္ၿပီး အရိွန္မထိန္းႏိုင္လို႔ တိမ္းေမွာက္တာပါ။ (၂) ဦးေသ (၈)ဦးဒဏ္ရာရတဲ့ အထဲမွာ (၆) ဦးက ဒဏ္ရာျပင္းထန္ပါတယ္”ဟု ကံမ ၿမိဳ႕မရဲစခန္းမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ပဲခူးတိုင္း ျပည္ၿမိဳ႕မွ ကံမၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာေသာ ခရီးသည္ (၁၂) ဦးလိုက္ပါလာသည့္ ခရီးသည္တင္ ဒိုင္နာယာဥ္သည္ ကံမ ၿမိဳနယ္ သကၠယ္ေျမာင္ရြာအနီး ေက်ာက္ထစ္ကုန္းဆင္း မိုင္တိုင္ အမွတ္ ၁၅/၂ ႏွင့္ ၁၅/၃ ၾကား၌ ဘရိတ္ေပါက္ၿပီး အ႐ွိန္မထိန္းႏိုင္ဘဲ လမ္းညာဘက္သို႔ တိမ္းေမွာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင္႔ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးေသဆံုးၿပီး ဒဏ္ရာရ႐ွိသူ (၈)ဦးအား ကံမၿမိဳ႕ ျပည္သူ႔ေဆး ရံုသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရိွေၾကာင္းသိရသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ေက်ာ္လင္းေအာင္အား ကံမၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၈/၂၀၁၇၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၇/၃၃၈/၃၀၄-က ျဖင့္အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓါတ္ပံု zaw win az
“ကုန်းဆင်းမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်လို့ တိမ်းမှောက်တာပါ။ (၂) ဦးသေ (၈)ဦးဒဏ်ရာရတဲ့ အထဲမှာ (၆) ဦးက ဒဏ်ရာပြင်းထန်ပါတယ်”ဟု ကံမ မြို့မရဲစခန်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပဲခူးတိုင်း ပြည်မြို့မှ ကံမမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည် (၁၂) ဦးလိုက်ပါလာသည့် ခရီးသည်တင် ဒိုင်နာယာဉ်သည် ကံမ မြိုနယ် သက္ကယ်မြောင်ရွာအနီး ကျောက်ထစ်ကုန်းဆင်း မိုင်တိုင် အမှတ် ၁၅/၂ နှင့် ၁၅/၃ ကြား၌ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၈)ဦးအား ကံမမြို့ ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လင်းအောင်အား ကံမမြို့မရဲစခန်းမှ ယာဉ်(ပ)၈/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့်အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ zaw win az