၂၀၁၇ -၂၀၁၈ ပညာသင်နှစ်မှစ၍ အသက်(၆)နှစ်ပြည့်သည့် ကလေးတိုင်း KGတန်းတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ပထမတန်းတွင် စတင်အပ်နှံခွင့်ရမည်ဖြစ်ရာ (၆)နှစ်ပြည့်ရန် (၁)လမှ (၃)လလိုသည့် ကလေးများလည်း သက်ဆိုင်ရာတာဝန်ရှိသူများ ထောက်ခံချက်ဖြင့် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကလေး၏ ကိုယ်ကာယနှင့် ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ကြည့်ရှု၍ အသက်(၆)နှစ်ပြည့်ရန် (၁)လလိုသူကို ကျောင်းအုပ်ကြီးက လည်းကောင်း၊ အသက်ပြည့်ရန် (၂)လလိုသူကို မြို့နယ်ပညာရေးမှူးက လည်းကောင်း၊ အသက်ပြည့်ရန် (၃)လလိုသူကို ခရိုင်ပညာရေးမှူးက လည်းကောင်း ခွင့်ပြုချက်ဖြင့် လက်ခံပေးရမည် ဖြစ်ကြောင်း သိရသည်။
ယခုပညာသင်နှစ်မှစ၍ ကျောင်းအပ်လက်ခံခြင်းကို ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ကျောင်းထွက်သူ ပပျောက်ရေး အတွက် ကျောင်းအပ်ရာတွင် ကျောင်းလခ၊ အထွေထွေကြေး၊ မိဘဆရာအသင်းကြေး များ လုံးဝကောက်ခံခြင်း မရှိတော့ဘဲ အခြေခံပညာကျောင်းမှ အတန်းအားလုံး အခမဲ့ ပညာရေးစနစ်ကို အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
ကလေး၏ ကိုယ်ကာယနှင့် ဉါဏ်ရည်ဖွံ့ဖြိုးမှုကို ကြည့်ရှု၍ အသက်(၆)နှစ်ပြည့်ရန် (၁)လလိုသူကို ကျောင်းအုပ်ကြီးက လည်းကောင်း၊ အသက်ပြည့်ရန် (၂)လလိုသူကို မြို့နယ်ပညာရေးမှူးက လည်းကောင်း၊ အသက်ပြည့်ရန် (၃)လလိုသူကို ခရိုင်ပညာရေးမှူးက လည်းကောင်း ခွင့်ပြုချက်ဖြင့် လက်ခံပေးရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်အား မေလ (၂၆)ရက်နေ့ ရက်စွဲဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများအားလုံးထံ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယခုပညာသင်နှစ်မှစ၍ ကျောင်းအပ်လက်ခံခြင်းကို ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ကျောင်းထွက်သူ ပပျောက်ရေး အတွက် ကျောင်းအပ်ရာတွင် ကျောင်းလခ၊ အထွေထွေကြေး၊ မိဘဆရာအသင်းကြေး များ လုံးဝကောက်ခံခြင်း မရှိတော့ဘဲ အခြေခံပညာကျောင်းမှ အတန်းအားလုံး အခမဲ့ ပညာရေးစနစ်ကို အကောင်အထည် ဖော်နခြေင်းဖြစ်ကြောင်း သိရသည်။