၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ မအူပင္တကၠသိုလ္ အေဝးသင္ေက်ာင္းသားမ်ား ေက်ာင္းဝင္ မွတ္ပံုတင္ျခင္းကိုု ယခင္ႏွစ္မ်ားအတိုင္း ဘာသာရပ္အလိုက္ခြဲျခားျခင္း မရိွသျဖင့္ ေက်ာင္းအပ္ရန္ အဆင္မေျပျဖစ္ရေၾကာင္း ေက်ာင္းသားမ်ားထံမွ သိရသည္။
“ေအာင္စာရင္းထြက္ၿပီးကတည္းက ေက်ာင္းအပ္လက္ခံတာ။ ေအာင္စာရင္းက ဧၿပီလထဲမွာ ေမဂ်ာအားလုံး စုထြက္တာ ရက္ေတြေတာ့ မတူဘူး။ ပထမနွစ္ျမန္မာစာက ေနာက္အက်ဆုံးပဲ။ ဧၿပီလ ၂၈ ရက္ ထြက္တယ္။ က်န္တာေတြက ရက္ပဲျခားတယ္။ နွစ္တိုင္းက သူေမဂ်ာနဲ႔သူ အပ္လို႔ အဆင္ေျပတယ္။ ဒီနွစ္ကေမဂ်ာေတြ အားလုံးေပါင္းၿပီး အပ္ရတာ အဆင္မေျပဘူး။ ကၽြန္မဆို ေက်ာင္းအပ္ဖို႔အတြက္ လူမ်ားလြန္းလို႔ ႏွစ္ေခါက္ျပန္သြားတာေတာင္ အဆင္မေျပဘူး”ဟု တတိယႏွစ္ ေက်ာင္းဝင္ခြင့္ မွတ္ပံုတင္ေနသည့္ မခင္ခင္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အေဝးသင္တကၠသိုလ္မ်ား၏ ေအာင္စာရင္းအား ဧၿပီလကုန္ပိုင္းတြင္ ထုတ္ျပန္ၿပီးေနာက္ ေက်ာင္းဝင္ မွတ္ပံုတင္ျခင္းကို စတင္လက္ခံေနရာ ပထမႏွစ္သင္တန္း ေက်ာင္းဝင္မွတ္ပံုတင္ျခင္းကို ေမလ (၂၆)ရက္ေန႔ ေနာက္ဆံုးေသာ္လည္းေကာင္း ၊ ဒုတိယႏွစ္၊တတိယႏွစ္ႏွင့္ စတုတၳႏွစ္သင္တန္းမ်ားကို ေမလ (၁၆) ရက္ေန႔အထိေနာက္ဆံုးထား၍ ေသာ္လည္း ေလွ်ာက္ထားၾကရန္ အေဝးသင္တကၠသိုလ္ မအူပင္ဌာနခြဲတြင္ ေၾကညာထားျခင္းျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပံု - ခင္ခင္ေက်ာ္
“အောင်စာရင်းထွက်ပြီးကတည်းက ကျောင်းအပ်လက်ခံတာ။ အောင်စာရင်းက ဧပြီလထဲမှာ မေဂျာအားလုံး စုထွက်တာ ရက်တွေတော့ မတူဘူး။ ပထမနှစ်မြန်မာစာက နောက်အကျဆုံးပဲ။ ဧပြီလ ၂၈ ရက် ထွက်တယ်။ ကျန်တာတွေက ရက်ပဲခြားတယ်။ နှစ်တိုင်းက သူမေဂျာနဲ့သူ အပ်လို့ အဆင်ပြေတယ်။ ဒီနှစ်ကမေဂျာတွေ အားလုံးပေါင်းပြီး အပ်ရတာ အဆင်မပြေဘူး။ ကျွန်မဆို ကျောင်းအပ်ဖို့အတွက် လူများလွန်းလို့ နှစ်ခေါက်ပြန်သွားတာတောင် အဆင်မပြေဘူး”ဟု တတိယနှစ် ကျောင်းဝင်ခွင့် မှတ်ပုံတင်နေသည့် မခင်ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဝေးသင်တက္ကသိုလ်များ၏ အောင်စာရင်းအား ဧပြီလကုန်ပိုင်းတွင် ထုတ်ပြန်ပြီးနောက် ကျောင်းဝင် မှတ်ပုံတင်ခြင်းကို စတင်လက်ခံနေရာ ပထမနှစ်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မေလ (၂၆)ရက်နေ့ နောက်ဆုံးသော်လည်းကောင်း၊ ဒုတိယနှစ်၊တတိယနှစ်နှင့် စတုတ္ထနှစ်သင်တန်းများကို မေလ (၁၆) ရက်နေ့အထိနောက်ဆုံးထား၍ သော်လည်း လျှောက်ထားကြရန် အဝေးသင်တက္ကသိုလ် မအူပင်ဌာနခွဲတွင် ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ခင်ခင်ကျော်