မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ပြီး သစ်ပင်အမျိုးအစား(၈)မျိုး၏ အပင်ပေါင်း (၁၁၀၀)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်များ စိုက်ပျိုးရာတွင် ကျွန်း အပင်(၆၀၀)၊ မယ်ဇလီ အပင်(၂၀၀)၊ ကံ့ကော် အပင်(၅၀)၊ ပိတောက် အပင်(၅၀)၊ မဟော်ဂနီ အပင်(၅၀)၊ ရေမနေ အပင်(၅၀)၊ အော်ရီရှား အပင် (၅၀) နှင့် တောင်ထမ်း အပင် (၅၀) စုစုပေါင်း (၁၁၀၀)ပင်အား စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲသို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ် ညွန်ကြားရေးမှူး ဗိုလ်ချုပ်ထင်မော်ထွန်း နှင့် အရာရှိများ၊ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင် နှင့် ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အပြင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်