ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္းက လက္ရိွ မေကြးတိုင္းေဒသႀကီးအစိုးရထံ က်ပ္သိန္း(၂)ေထာင္ ထပ္မံေပးသြင္း

ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္းက လက္ရိွ မေကြးတိုင္းေဒသႀကီးအစိုးရထံ က်ပ္သိန္း(၂)ေထာင္ ထပ္မံေပးသြင္း
မေ 31, 2017
By Tachileik News Agency


ယခင္ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ ့ဝန္ႀကီးခ်ဳပ္ေဟာင္းက တိုင္းေဒသႀကီးဖြံ ့ၿဖိဳးေရး ရန္ပံုေငြမ်ားမွ လႊဲေျပာင္းေပးအပ္ရန္ က်န္ရွိေငြမ်ားအနက္ က်ပ္ သိန္း(၂၀၀၀)အား ေမလ(၃၀)ရက္ ေန႔က တိုင္းေဒသႀကီး အစိုးအဖြဲ႔ထံသို ့ထပ္မံ အပ္ႏွံခဲ့ေၾကာင္း သိရသည္။

တိုင္းေဒသႀကီးအစိုးရသို႔ ေပးဆပ္ရန္ရိွေသာ က်ပ္သန္း(၃၀၀၀)ေက်ာ္အနက္ ေမလ(၄)ရက္ေန႔က က်ပ္သိန္း (၃၀၀၀)၊ ေမလ (၅) ရက္ေန႔တြင္ က်ပ္သိန္း (၅၀၀၀)၊ ေမ(၃၀)လ ရက္ေန႔တြင္ က်ပ္သိန္း (၂၀၀၀) စုစုေပါင္း က်ပ္သန္း (၁၀၀၀) ျပန္လည္ေပးဆပ္ျပီးျဖစ္ေၾကာင္း သိရသည္။

“ေမလ ၃၀ရက္ ေန႔လယ္ (၁၂)နာရီေလာက္က ဦးဘုန္းေမာ္ေရႊရဲ႕ ကိုယ္စားလွယ္ ဦးၾကည္ထြန္းက ျမန္မာ့စီးပြားေရးဘဏ္ က တဆင့္ အစိုးရရဲ႕ ရေငြစာရင္းမွာ က်ပ္သိန္း(၂၀၀၀) ထပ္မံ ေပး သြင္းသြားတာပါ"ဟု မေကြးတိုင္းေဒသၾကီးအစိုးရ အဖဲြ ့အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးေနမ်ဳိးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

က်န္ရိွေငြမ်ားကိုလည္း လုပ္ငန္းမ်ားတြင္ ဝင္ေနသည့္ အတြက္ ျပန္လည္ေကာက္ခံလ်ွက္ရိွၿပီး ဇူလိုင္လ တတိယပတ္ေနာက္ဆံုးထား ေပးသြင္းသြားရန္ ဦးဘုန္းေမာ္ေရႊမွ ကတိျပဳထားေၾကာင္း ႏွင့္
ဧၿပီလ(၂၉)ရက္ေန ့က ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုး(၁)စီး ႏွင့္ ပဲ့ေထာင္ေရယာဥ္ (၂)စီးတို႔ကိုလည္း မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႔သို႔ ျပန္လည္လႊဲအပ္ေပးခဲ့ျပီးျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႕ထံမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ယခင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းက တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေများမှ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိငွေများအနက် ကျပ် သိန်း(၂၀၀၀)အား မေလ(၃၀)ရက် နေ့က တိုင်းဒေသကြီး အစိုးအဖွဲ့ထံသို့ထပ်မံ အပ်နှံခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရသို့ ပေးဆပ်ရန်ရှိသော ကျပ်သန်း(၃၀၀၀)ကျော်အနက် မေလ(၄)ရက်နေ့က ကျပ်သိန်း (၃၀၀၀)၊ မေလ (၅) ရက်နေ့တွင် ကျပ်သိန်း (၅၀၀၀)၊ မေ(၃၀)လ ရက်နေ့တွင် ကျပ်သိန်း (၂၀၀၀) စုစုပေါင်း ကျပ်သန်း (၁၀၀၀) ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း သိရသည်။

“မေလ ၃၀ရက် နေ့လယ် (၁၂)နာရီလောက်က ဦးဘုန်းမော်ရွှေရဲ့ ကိုယ်စားလှယ် ဦးကြည်ထွန်းက မြန်မာ့စီးပွားရေးဘဏ် က တဆင့် အစိုးရရဲ့ ရငွေစာရင်းမှာ ကျပ်သိန်း(၂၀၀၀) ထပ်မံ ပေး သွင်းသွားတာပါ"ဟု မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်ရှိငွေများကိုလည်း လုပ်ငန်းများတွင် ဝင်နေသည့် အတွက် ပြန်လည်ကောက်ခံလျှက်ရှိပြီး ဇူလိုင်လ တတိယပတ်နောက်ဆုံးထား ပေးသွင်းသွားရန် ဦးဘုန်းမော်ရွှေမှ ကတိပြုထားကြောင်း နှင့်
ဧပြီလ(၂၉)ရက်နေ့က မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး(၁)စီး နှင့် ပဲ့ထောင်ရေယာဉ် (၂)စီးတို့ကိုလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~