ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လှုပ်ရှားမှုအဖြစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း(မိုင်းဖြတ်)တွင် မေ လ(၂၇)ရက်နေ့က မြို့နယ်အဆင့်ကျင်းပကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
အဆိုပါ အခမ်းအနားသို့ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များအပြင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ကြောင်း သိရသည်။
ယခုပညာသင်နှစ်မှစ၍ ငါးနှစ်အရွယ်ကလေးများ သူငယ်တန်း (KG)တွင် အပ်နှံရန်နှင့် (၆)နှစ်အရွယ် ကလေးတိုင်း ပထမတန်း (Grade 1)တွင် အပ်နှံရေးနှင့် ကျောင်းအပ်နှံရာတွင် အတန်းအားလုံးအတွက် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ