မိုင်းရှုးမြို့နယ်အတွင်း မဲဆန္ဒရှင်ဦးရေ (၄၃၀၀၀) ကျော်ရှိပြီး မဲရုံပေါင်း (၄၄)ရုံဖွင့်လှစ်ပေးထားပြီး အဆိုပါမဲဆန္ဒနယ်များတွင် ပါတီ (၅)မှ ကိုယ်စားလှယ် (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဟံနိုင်
************
ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့ အလယ်တန်းကျောင်းဝင်းတွင်ဖွင့်လှစ်ထားသည့် ရပ်ကွက်(၄)နှင့် မော်မေ့ကျေးရွာအုပ်စုမဲရုံ(၂)ရုံတွင် နံနက် (၈)နာရီခွဲခန့််တွင် မဲပေးနေသည့်ပြည်သူ (၁၀၀၀)ဦးခန့််ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမဲရုံများတွင် ရပ်ကွက်(၄)ဒေသခံများနှင့် မော်မေ့ကျေးရွာအုပ်စုမှ ဒေသခံများ မဲပေးနေကြခြင်းဖြစ်ပြီး မိုင်းရှုးမြို့နယ်အတွင်းမှ နောင်အက်နှင့် ကွန်ကျောင်းကျေးရွာအုပ်စု (၂)ခုမှာလည်း နီးစပ်ရာကျေးရွာများတွင် မဲရုံများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မိုင်းရှုးမြို့နယ်အတွင်း မဲဆန္ဒရှင်ဦးရေ (၄၃၀၀၀) ကျော်ရှိပြီး မဲရုံပေါင်း (၄၄)ရုံဖွင့်လှစ်ပေးထားပြီး အဆိုပါမဲဆန္ဒနယ်များတွင် ပါတီ (၅)မှ ကိုယ်စားလှယ် (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်နေခြင််းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဟံနိုင်