၂၀၁၇ခုႏွစ္ တာခ်ီလိတ္ သႀကၤန္ကာလအတြင္း ေမာ္ေတာ္ဆိုင္ကယ္မ်ား မဆင္မျခင္ ေမာင္းႏွင္မႈမ်ား မရွိေစရန္ႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာမႈမ်ားရွိေစရန္အတြက္ ႀကိဳတင္ အသိေပးပညာေပးမႈအျဖစ္ တာခ်ီလိတ္ခရိုင္ ယာဥ္စည္းကမ္းထိန္းသိမ္းေရးႀကီးၾကပ္မွဳေကာ္မတီက အသိေပးႏႈိးေဆာ္ထားၿပီး အခ်က္(၈)ခ်က္ ပါ၀င္သည့္ သတိေပး ႏႈိးေဆာ္စာ လက္ကမ္းစာရြက္မ်ားကို ေပးေ၀ၿပီး အသိပညာေပးမႈကို တာခ်ီလိတ္ၿမဳိ႕ ရွမ္းရိုးမကြင္းေရွ႕တြင္ ဧၿပီလ(၇)ရက္ေန႔ ညေနပိုင္းက ျပဳလုပ္ေၾကာင္း သိရသည္။
"ဒီရက္ပိုင္းမွာ ဆိုင္ကယ္စီး ဦးထုပ္ေပးေ၀ဖို႔ အစီအစဥ္ရွိသလို၊ ဖမ္းဆီးသိမ္းဆည္းထားတဲ့ ဆိုင္ကယ္အိတ္ေဇာအႀကီးေတြကိုလည္း ဖ်က္ဆီးဖို႔ရွိပါတယ္"ဟု တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
သႀကၤန္ကာလအတြင္း တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈမ်ား မျဖစ္ပြားေစေရး၊ ယာဥ္အႏၱရာယ္ေၾကာင့္ အသက္ဆံုးရႈံးမႈ မရွိေစေရး ႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာေရးတို႔အတြက္ သႀကၤန္အႀကိဳ အသိပညာေပးမႈမ်ားအျဖစ္ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ဒုရဲမွဴး ေအာင္ကိုကို ႏွင့္ ရဲအုပ္ ေဇာ္ေဇာ္ညႊန္႔ အပါအ၀င္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ားက ဧၿပီလ(၆)ရက္ေန႔က စ၍ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။
တာခ်ီလိတ္ခရိုင္ ယာဥ္စည္းကမ္းထိန္းသိမ္းေရးႀကီးၾကပ္မွဳေကာ္မတီက အသိေပးႏႈိးေဆာ္ထားသည့္ အခ်က္(၈)ရက္တြင္
- • (၁) ေမာ္ေတာ္ဆိုင္ကယ္မ်ားအား စီးနင္းရာတြင္ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္း၍ ေမးသိုင္းႀကိဳး တပ္ဆင္ ေမာင္းႏွင္ၾကရန္ နွင့္ ေမာ္ေတာ္ယာဥ္ ခါးပတ္ တပ္ဆင္ေမာင္းႏွင္ၾကရန္။
- • (၂) ေမာ္ေတာ္ဆိုင္ကယ္အား (၂)ဦးထက္ပို တင္ေဆာင္ေမာင္းႏွင္ျခင္းမျပဳရန္။
- • (၃) ယာဥ္အား အရွိန္ျပင္းစြာေမာင္းႏွင္ျခင္းမျပဳရန္။
- • (၄) ပါ၀ါအိတ္ေဇာတပ္ဆင္ျခင္း၊ အိတ္ေဇာျဖဳတ္ေမာင္းႏွင္ျခင္း၊ စက္သံ ဆူညံစြာေမာင္းႏွင္ျခင္း မျပဳရန္။
- • (၅) ယာဥ္မ်ားအား အရက္ေသစာ ေသာက္စားမူးယစ္၍ ေမာင္းႏွင္ျခင္း မျပဳရန္။
- • (၆) ယာဥ္မ်ားအတင္း လုယက္၊ ေက်ာ္တက္ေမာင္းႏွင္ျခင္းမျပဳရန္။
- • (၇) ၾကံ့ခုိင္မွဳမရွိေသာ ယာဥ္အို၊ ယာဥ္ေဟာင္းမ်ား ၊ ေထာ္လာဂ်ီမ်ားႏွင့္ေရပက္ခံထြက္ျခင္း မျပဳလုပ္ၾကရန္။
- • (၈) ေမာ္ေတာ္ယာဥ္မ်ားေပၚတြင္လူအမ်ားအျပားတင္ေဆာင္ေမာင္းႏွင္ျခင္း၊ယာဥ္အမိုးမ်ား ေပၚတြင္ တင္ေဆာင္ ေမာင္းႏွင္ျခင္း၊ တြယ္ခို စီးျခင္းမျပဳလုပ္ရန္။
စသည့္ အခ်က္မ်ား ပါ၀င္သည္။
"ဒီရက်ပိုင်းမှာ ဆိုင်ကယ်စီး ဦးထုပ်ပေးေဝဖို့ အစီအစဉ်ရှိသလို၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဆိုင်ကယ်အိတ်ဇောအကြီးတွေကိုလည်း ဖျက်ဆီးဖို့ရှိပါတယ်"ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်္ကြန်ကာလအတွင်း တာချီလိတ်မြို့နယ်တွင် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှု မရှိစေရေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့အတွက် သင်္ကြန်အကြို အသိပညာပေးမှုများအဖြစ် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို နှင့် ရဲအုပ် ဇော်ဇော်ညွှန့် အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဧပြီလ(၆)ရက်နေ့က စ၍ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးနှိုးဆော်ထားသည့် အချက်(၈)ရက်တွင်
• (၁) မော်တော်ဆိုင်ကယ်များအား စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင် မောင်းနှင်ကြရန် နှင့် မော်တော်ယာဉ် ခါးပတ် တပ်ဆင်မောင်းနှင်ကြရန်။
• (၂) မော်တော်ဆိုင်ကယ်အား (၂)ဦးထက်ပို တင်ဆောင်မောင်းနှင်ခြင်းမပြုရန်။
• (၃) ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်။
• (၄) ပါဝါအိတ်ဇောတပ်ဆင်ခြင်း၊ အိတ်ဇောဖြုတ်မောင်းနှင်ခြင်း၊ စက်သံ ဆူညံစွာမောင်းနှင်ခြင်း မပြုရန်။
• (၅) ယာဉ်များအား အရက်သေစာ သောက်စားမူးယစ်၍ မောင်းနှင်ခြင်း မပြုရန်။
• (၆) ယာဉ်များအတင်း လုယက်၊ ကျော်တက်မောင်းနှင်ခြင်းမပြုရန်။
• (၇) ကြံ့ခိုင်မှုမရှိသော ယာဉ်အို၊ ယာဉ်ဟောင်းများ၊ ထော်လာဂျီများနှင့်ရေပက်ခံထွက်ခြင်း မပြုလုပ်ကြရန်။
• (၈) မော်တော်ယာဉ်များပေါ်တွင်လူအများအပြားတင်ဆောင်မောင်းနှင်ခြင်း၊ယာဉ်အမိုးများ ပေါ်တွင် တင်ဆောင် မောင်းနှင်ခြင်း၊ တွယ်ခို စီးခြင်းမပြုလုပ်ရန်။
စသည့် အချက်များ ပါဝင်သည်။