ရွမ္းျပည္နယ္(ေတာင္ပိုင္း) လဲခ်ားၿမိဳ႕တြင္ တပ္မေတာ္ စစ္ေၾကာင္းမွ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနစဥ္ မတ္လ (၂၁)ရက္ေန႔ ည(၉)နာရီ (၄၅)မိနစ္ အခ်ိန္၌ ႏြား(၁၁၈) ေကာင္အား တရားမဝင္ သယ္ေဆာင္လာသူမ်ားကို ေတြ႔ရွိရသျဖင့္ လဲခ်ားၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားအား လႊဲေျပာင္းကာ ဆက္လက္ အေရးယူေနေၾကာင္း သိရသည္။
တပ္မေတာ္က နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနစဥ္ လဲခ်ားၿမိဳ႕အေရွ႕ေတာင္ဘက္ သံုးမုိင္ခန္႔အကြာ၌ ႏြား (၁၁၈)ေကာင္အား ေမာင္းႏွင္လာသည့္ အမ်ိဳးသား(၁၈)ဦးအား ေတြ႔ရသျဖင့္ စစ္ေဆးရာမွ တရားမဝင္ သယ္ေဆာင္လာေၾကာင္း သိရသျဖင့္ လဲခ်ားၿမိဳ႕မရဲစခန္းသုိ႔ အေၾကာင္းၾကားရာ ရဲတပ္ဖြဲ႕က မတ္လ (၂၁)ရက္ ည(၁၁)နာရီခန္႔တြင္ အခင္းျဖစ္ေနရာေရာက္ရိွကာ ဆက္လက္ ေဆာင္ရြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ႏြားသယ္ေဆာင္လာသည့္ အမ်ိဳးသား(၁၈)ဦးအား ဖမ္းဆီးထားၿပီး ၎တို႔နွင့္အတူပါလာသည့္ ဆိုင္ကယ္ (၂ )စီးႏွင့္ ႏြား(၁၁၈)ေကာင္အား သိမ္းဆည္းထားေၾကာင္း သိရသည္။
ႏြားသယ္ေဆာင္လာသူမ်ားသည္ ေအာင္ပန္းၿမိဳ႕မွ (၁၇) ဦးႏွင့္ ရပ္ေစာက္ၿမိဳ႕မွ (၁) ဦးျဖစ္ၿပီး အငွားေမာင္းႏွင္ လာသူမ်ားျဖစ္ေၾကာင္း သိရသည္။
ႏြားအငွားေမာင္းႏွင္လာသူ (၁၈)ဦးအား လဲခ်ားၿမိဳ႕မရဲစခန္းတြင္ မတ္လ (၂၂) ရက္ေန႔က (ပ)၁၄/၂၀၁၇ အေရးႀကီးကုန္စည္ ပုဒ္မ ၅ အရ အမႈဖြင့္လွစ္ေဆာင္ရြက္လ်ွက္ရိွေၾကာင္း သိရသည္။
လဲခ်ားၿမိဳ႕တြင္ ႏြားမ်ားဖမ္းဆီးရမိမႈမွာ ပထမဆံုးအႀကိမ္ျဖစ္ၿပီး ႏြား (၁၁၈) ေကာင္အား အစာေကၽြးရန္ အခက္အခဲျဖစ္ေနေၾကာင္းလည္း သိရသည္။
သတင္း/ဓာတ္ပံု - ဟံႏိုင္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့တွင် တပ်မတော် စစ်ကြောင်းမှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မတ်လ (၂၁)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ် အချိန်၌ နွား(၁၁၈) ကောင်အား တရားမဝင် သယ်ဆောင်လာသူများကို တွေ့ရှိရသဖြင့် လဲချားမြို့မရဲစခန်းမှ တာဝန်ရှိသူများအား လွှဲပြောင်းကာ ဆက်လက် အရေးယူနေကြောင်း သိရသည်။
တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် လဲချားမြို့အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ၌ နွား (၁၁၈)ကောင်အား မောင်းနှင်လာသည့် အမျိုးသား(၁၈)ဦးအား တွေ့ရသဖြင့် စစ်ဆေးရာမှ တရားမဝင် သယ်ဆောင်လာကြောင်း သိရသဖြင့် လဲချားမြို့မရဲစခန်းသို့ အကြောင်းကြားရာ ရဲတပ်ဖွဲ့က မတ်လ (၂၁)ရက် ည(၁၁)နာရီခန့်တွင် အခင်းဖြစ်နေရာရောက်ရှိကာ ဆက်လက် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နွားသယ်ဆောင်လာသည့် အမျိုးသား(၁၈)ဦးအား ဖမ်းဆီးထားပြီး၎င်းတို့နှင့်အတူပါလာသည့် ဆိုင်ကယ် (၂ )စီးနှင့် နွား(၁၁၈)ကောင်အား သိမ်းဆည်းထားကြောင်း သိရသည်။
နွားသယ်ဆောင်လာသူများသည် အောင်ပန်းမြို့မှ (၁၇) ဦးနှင့် ရပ်စောက်မြို့မှ (၁) ဦးဖြစ်ပြီး အငှါးမောင်းနှင် လာသူများဖြစ်ကြောင်း သိရသည်။
နွားအငှါးမောင်းနှင်လာသူ (၁၈)ဦးအား လဲချားမြို့မရဲစခန်းတွင် မတ်လ (၂၂) ရက်နေ့က (ပ)၁၄/၂၀၁၇ အရေးကြီးကုန်စည် ပုဒ်မ ၅ အရ အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လဲချားမြို့တွင် နွားများဖမ်းဆီးရမိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နွား (၁၁၈) ကောင်အား အစာကျွေးရန် အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟံနိုင်