နမ့်ဆန်မှ စစ်ဘေးရှောင်များ လားရှိုးမြို့သို့ ဇန်န၀ါရီလ(၁၄)ရက်နေ့ညတွင် စတင်ရောက်ရှိ
နမ့်ဆန်မှ စစ်ဘေးရှောင်များ လားရှိုးမြို့သို့ ဇန်န၀ါရီလ(၁၄)ရက်နေ့ညတွင် စတင်ရောက်ရှိ
ဇနျနဝါရီ 14, 2017
By Tachileik News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်၍ တိမ်းရှောင်လာသည့်ဒေသခံများသည် လားရှိုးမြို့သို့ ယနေ့ ဇန်နဝါရီလ (၁၄) ရက်ညပိုင်းက ရောက်လာကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဗောဓိကုန်းရွာ၊ နမ္မဝေါရွာတို့မှ ဆောက်လုပ်ရေးဝန်ထမ်းများအပါအဝင် စုစုပေါင်း(၈၂)ဦး လားရှိုးမြို့ အမှတ် (၉) ရပ်ကွက် ဆင်တောင်ခြေရှိ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်သို့  တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် ဇန်နဝါရီလ (၁၁) ရက်နေ့က TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများက စိုးရိမ်မှုကြောင့် နီးစပ်ရာဒေသများသို့ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်၍ တိမ်းရှောင်လာသည့်ဒေသခံများသည် လားရှိုးမြို့သို့ ယနေပ ဇန်နဝါရီလ (၁၄) ရက်ညပိုင်းက ရောက်လာကြောင်း သိရသည်။
“ဒီနေ့ ခြောက်နာရီလောက်က စရောက်တာ တဖွဲဖွဲပါပဲ။ အခုလောလောဆယ် အောင်မင်္ဂလာ နမ့်ဆန်ကျောင်းမှာ (၈၂) ဦးရောက်နပြေီ။ အကုန်လုံးလည်း လိုက်မကြည့်နိုင်ဘူး။ မိုးလည်းချုပ်နေလို့လေ”ဟု လားရှိုးမြို့ ရွှေကြေးစည် လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဗောဓိကုန်းရွာ၊ နမ္မေဝါရွာတို့မှ ဆောက်လုပ်ရေးဝန်ထမ်းများအပါအဝင် စုစုပေါင်း(၈၂)ဦး လားရှိုးမြို့ အမှတ် (၉) ရပ်ကွက် ဆင်တောင်ခြေရှိ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်သို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင် ဇန်နဝါရီလ (၁၁) ရက်နေ့က TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများက စိုးရိမ်မှုကြောင့် နီးစပ်ရာဒေသများသို့ တိမ်းရှောင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ -ရွှေကြေးစည် ရှင်သန်လူမှုကူညီရေးကွန်ယက်(လားရှိုး)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~