ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် နမ့်စန်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင် ကျင်းပသော ရှမ်းနှစ်၂၁၁၁ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာလ(၁၄)ရက်နေ့ညအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်အား နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက် မြို့မအထက်တန်းကျောင်း အားကစားကွင်းကြီးထဲတွင် ကျင်းပမည်ဖြစ်ပြီး ရှမ်းရိုးရာအားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအကများ၊ တေးသီချင်းသီဆိုမှုများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ - သန်းစိုးအောင်