ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ဒီဇင်ဘာအားကစားလ၊ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၅ နာရီခွဲက ကျင်းပရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သူရလှမင်းနှင့် တပ်ရင်းတပ်ဖွဲ့ မိသားစု ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း လူဦးရေ (၁၅၀၀)ကျော်က မယ်ဆွမ်မြောက်ရပ်ကွက်၊ အထကကျောင်းရှေ့မှ မြို့မလမ်းအတိုင်း အောင်ဇေယျဘက်စုံ အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အောင်ဇေယျဘက်စုံအားကစားကွင်း၌ ကိုယ်လက်ကြံ့ ခိုင်ရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး