ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့တွင် မော်တော်ယာဉ်မောင်းသူနှင့် လိုက်ပါ စီးနင်းသူများအားလုံးကို အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ရန်လှုပ်ရှားမှုအဖြစ် "BUCKLE UP EVERY TIME"စာတမ်းတံဆိပ်ပါ ပညာပေးတီရှပ်များ ဝေငှခြင်း အစီအစဉ်အား ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ အစီအစဉ်အား လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးဝဏ္ဏဦးဆောင်၍ လွိုင်လင်ခရိုင်မှ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းအေးဆွေ အပါအ၀င် သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့် တီရှပ်များဝေငှပေးကာ ယာဉ်မောင်း သူနှင့် စီးနင်းသူများ ခါးပတ်ပတ်ခြင်းကို လိုက်နာပေးရန် အသိပေးကြောင်းသိရသည်။
အဆိုပါ အစီအစဉ်အား လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးဝဏ္ဏဦးဆောင်၍ လွိုင်လင်ခရိုင်မှ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းအေးဆွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့် တီရှပ်များေဝငှပေးကာ ယာဉ်မောင်း သူနှင့် စီးနင်းသူများ ခါးပတ်ပတ်ခြင်းကို လိုက်နာပေးရန် အသိပေးကြောင်းသိရသည်။
ထို့သို ပညာပေးလုပ်ဆောင်မှုကို အမှတ်(၁၁၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးဒုရဲမှူးအောင်နိုင်မိုးမှ ဦးစီးဆောင်ရွက်မှုပြုလုပ်ပေးပြီး လွိုင်လင်ခရိုင်ပို့ဆောင်ရေးစီမံကိန်းစက်မှုကျွမ်း-၂ဦးစိုင်းအောင်ညွန့်၊ ကညနမှယာဉ်မောင်းစစ်၂ဦးလှထွေးတက်ရောက်ပူးပေါင်းပြီး တီရှပ်(၂၀၀)ဝေငှပေးကြောင်း သိရသည်။
အဆိုပါ ပညာပေးအစီအစဉ်ကို နှစ်ကုန်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း/ဓာတ်ပုံ- သန်းစိုးအောင်