မံုရြာၿမိဳ႕မွ သတင္းေထာက္တစ္ဦးျဖစ္သူ ကိုစိုးမိုးထြန္း အသတ္ခံရမႈ အျမန္ဆံုးေဖာ္ထုတ္နိုင္ေစေရးအတြက္ မံုရြာၿမိဳ႕မွ သတင္းသမားမ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ား၊ ေဒသခံမ်ား စုေပါင္းဆုေတာင္းျခင္းအား ဒီဇင္ဘာလ ၂၂ ရက္ေန႔က မံုရြာၿမိဳ႕ ေရႊစည္းခံုဘုရားရင္ျပင္ေတာ္၌ ျပဳလုပ္ၾကေၾကာင္း သိရသည္။
"အမႈမွန္အျမန္ဆံုးေပၚေပါက္ေစဖို႔ ဘာသာေရးအရ ဘုရားမွာ ဆီမီးထြန္းဝတ္ျပဳဆုေတာင္းၿပီး ကိုစိုးမိုးထြန္းကို အမ်ွအတန္း ေပးေဝတာပဲ ျဖစ္ပါတယ္ " ဟု MJI အဖြဲ႔မွ မံုရြာၿမိဳ႕နယ္အတြင္းေရးမွဴး သတင္းေထာက္ ကိုတိုး (ခ်င္းတြင္း)က ေျပာသည္။
ကိုစိုးမိုးထြန္းအသတ္ခံရသည့္ ကိစၥႏွင့္ ပတ္သက္၍ အမႈမွန္ေဖာ္ထုတ္ေပးေရးသည္ ၿမိဳ႕ခံမ်ား၏ စိုးရိမ္စိတ္အား သက္သာ ေစမည္ျဖစ္ေၾကာင္း မံုရြာေဂဇက္ဂ်ာနယ္မွ CEO ကိုေလးက ဆိုသည္။
"အမႈမွန္ အျမန္ဆံုးေပၚေပါက္မွသာ လံုျခံဳမယ္လို႔ မံုရြာျမိဳ႕ခံျပည္သူေတြရဲ႕ စိတ္ထဲမွာ ခံစားရမယ္။ စိုးရိမ္စိတ္ေတြကို သက္သာေစမယ္။ ။ ျမိဳ႕ခံေတြလည္း သြားတာလာတာကစ သတိထားေနရတယ္။ ကိုစိုးမိုးထြန္း အမႈတစ္ခုထဲ မဟုတ္ဘူး တျခားအမႈေတြလည္းေပၚေအာင္ ေဖာ္ထုတ္ေပးေစခ်င္တယ္"ဟု ၎က ဆိုသည္။
Eleven Media Group ၏ သတင္းေထာက္ ကိုစိုးမိုးထြန္းသည္ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ညပိုင္းတြင္ မံုရြာျမိဳ႕ ျပည္ေထာင္စုလမ္းေဘး ေဂါက္ကြင္းအနီးတြင္ အသတ္ခံခဲ႔ရျခင္းျဖစ္သည္။
အဆိုပါ လူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ မံုရြာျမိဳ႕နယ္ရဲစခန္းမွ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္သည္။
သတင္း - ရန္ႏိုင္စိုး
"အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေဖို့ ဘာသာရေးအရ ဘုရားမှာ ဆီမီးထွန်းဝတ်ပြုဆုတောင်းပြီး ကိုစိုးမိုးထွန်းကို အမျှအတန်း ပေးဝေတာပဲ ဖြစ်ပါတယ် " ဟု MJI အဖွဲ့မှ မုံရွာမြို့နယ်အတွင်းရေးမှူး သတင်းထောက် ကိုတိုး (ချင်းတွင်း)က ပြောသည်။
ကိုစိုးမိုးထွန်းအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမှုမှန်ဖော်ထုတ်ပေးရေးသည် မြို့ခံများ၏ စိုးရိမ်စိတ်အား သက်သာ စေမည်ဖြစ်ကြောင်း မုံရွာဂေဇက်ဂျာနယ်မှ CEO ကိုလေးက ဆိုသည်။
"အမှုမှန် အမြန်ဆုံးပေါ်ပေါက်မှသာ လုံခြုံမယ်လို့ မုံရွာမြို့ခံပြည်သူတွေရဲ့ စိတ်ထဲမှာ ခံစားရမယ်။ စိုးရိမ်စိတ်တွေကို သက်သာစေမယ်။ မြို့ခံတွေလည်း သွားတာလာတာကစ သတိထားနေရတယ်။ ကိုစိုးမိုးထွန်း အမှုတစ်ခုထဲ မဟုတ်ဘူး တခြားအမှုတွေလည်းပေါ်အောင် ဖော်ထုတ်ပေးစေချင်တယ်"ဟု၎င်းက ဆိုသည်။
Eleven Media Group၏ သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဂေါက်ကွင်းအနီးတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နခြေင်းဖြစ်သည်။
သတင်း - ရန်နိုင်စိုး