ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ဖခင္ျဖစ္သူက သားသမီး(၅)ေယာက္အား ဓါးျဖင့္လွီးၿပီး မိမိကုိယ္ ကိုယ္ဓါးျဖင့္ ျပန္လွီးသျဖင့္ လားရိႈးျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
ႏိုဝင္ဘာလ (၅) ရက္ေန႔ည (၁၁) နာရီခန္႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဓါးျဖင့္လွီးခံရသည့္ ဒါဏ္ရာမ်ားေၾကာင့္ ေလးႏွစ္အရြယ္ႏွင့္ ႏွစ္ႏွစ္အရြယ္ကေလးငယ္(ေယာက်္ားေလး)ႏွစ္ဦးမွာ ေနရာ၌ ေသဆံုးသြားခဲ့ၿပီး၊ ငါးႏွစ္အရြယ္ (ေယာက်္ားေလး)ကေလးႏွင့္ ခုႏွစ္ႏွစ္အရြယ္ (မိန္းကေလး)မွာ လည္ပင္းျပတ္ရွ ဒဏ္ရာရ
(စိုးရိမ္ရ)၊ ကိုး လအရြယ္ (မိန္းကေလး)ကေလးငယ္မွာ ပါးစပ္ျပတ္ရွ ဒဏ္ရာ(စိုးရိမ္ရ)ျဖင့္ လားရိႈးျပည္သူ႔ေဆးရံုႀကီ၌ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
ကေလးငယ္မ်ားအား ဓါးျဖင့္လွီးခဲ့သည့္ အသက္ (၃၇)ႏွစ္အရြယ္အမ်ိဳးသားမွာ မိမိကိုယ္ကိုယ္ ဓါးျဖင့္လွီး ထားသည့္ဒဏ္ရာမ်ားေၾကာင့္ လားရိႈးၿမိဳ႔ျပည္သူ႔ေဆးရံုႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးကုသခံေနရၿပီး လက္ထိပ္ သံႀကိဳးခ်ည္ေႏွာင္၍ ဒုရဲအုပ္တစ္ဦးႏွင့္ အျခားေလးဦး စုစုေပါင္းရဲအရာရွိ (၅) ဦးျဖင့္ ေစာင့္ၾကထားေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားအား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၃၆/၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
နီးစပ္ရာေဒသခံမ်ား၏ ေျပာၾကားခ်က္မ်ားအရ အဆိုပါက်ဴးလြန္သူအမ်ိဳးသားမွာ တစ္ခါတစ္ရံစိတ္ေဖါက္ ျပန္တတ္သည့္ အေနအထားတြင္ ရွိေၾကာင္းသိရွိရၿပီး ျပစ္မႈက်ဴးလြန္စဥ္အခ်ိန္က မူးယစ္ေဆးဝါးသံုးစဲြထား ျခင္းရွိမရွိအား စစ္ေဆးေနဆဲျဖစ္ေၾကာင္း လားရိႈးၿမိဳ႕မရဲစခန္းစခန္းမွဴးထံမွ သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - SMN



~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
နိုဝင်ဘာလ (၅) ရက်နေ့ည (၁၁) နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လှီးခံရသည့် ဒါဏ်ရာများကြောင့် လေးနှစ်အရွယ်နှင့် နှစ်နှစ်အရွယ်ကလေးငယ်(ယောကျာ်းလေး)နှစ်ဦးမှာ နေရာ၌ သေဆုံးသွားခဲ့ပြီး၊ ငါးနှစ်အရွယ် (ယောကျာ်းလေး)ကလေးနှင့် ခုနှစ်နှစ်အရွယ် (မိန်းကလေး)မှာ လည်ပင်းပြတ်ရှဒဏ်ရာရ(စိုးရိမ်ရ)၊ ကိုး လအရွယ် (မိန်းကလေး)ကလေးငယ်မှာ ပါးစပ်ပြတ်ရှ ဒဏ်ရာ(စိုးရိမ်ရ)ဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ကလေးငယ်များအား ဓားဖြင့်လှီးခဲ့သည့် အသက် (၃၇)နှစ်အရွယ်အမျိုးသားမှာ မိမိကိုယ်ကိုယ် ဓားဖြင့်လှီး ထားသည့်ဒဏ်ရာများကြောင့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသခံနေရပြီး လက်ထိပ် သံကြိုးချည်နှောင်၍ ဒုရဲအုပ်တစ်ဦးနှင့် အခြားလေးဦး စုစုပေါင်းရဲအရာရှိ (၅) ဦးဖြင့် စောင့်ကြထားကြောင်း သိရသည်။
အဆိုပါအမျိုးသားအား လားရှိုးမြို့မရဲစခန်းတွင် (ပ) ၄၃၆/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နီးစပ်ရာဒေသခံများ၏ ပြောကြားချက်များအရ အဆိုပါကျူးလွန်သူအမျိုးသားမှာ တစ်ခါတစ်ရံစိတ်ဖောက် ပြန်တတ်သည့် အနေအထားတွင် ရှိကြောင်းသိရှိရပြီး ပြစ်မှုကျူးလွန်စဉ်အချိန်က မူးယစ်ဆေးဝါးသုံးစွဲထား ခြင်းရှိမရှိအား စစ်ဆေးနေဆဲဖြစ်ကြောင်း လားရှိုးမြို့မရဲစခန်းစခန်းမှူးထံမှ သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - SMN