စစ္ကိုင္းတုိင္းေဒသႀကီး မံုရြာခရိုင္ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းအား ကန္႔ကြက္သည့္ အေထြေထြ သပိတ္စခန္းကို မီးေလာင္ဗံုးသံုး၍ ၿဖိဳခြဲခဲ႔သည့္ ေလးႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ႏိုဝင္ဘာလ (၂၉) ရက္တြင္ ဆႏၵထုတ္ေဖၚၾကေၾကာင္း သိရသည္။
အဆိုပါ ဆႏၵထုတ္ေဖာ္မႈကို နိုဝင္ဘာလ ၂၉ ရက္ေန႔ ေန႔လယ္ ၂ နာရီအခ်ိန္တြင္ မံုရြာ - ပုသိမ္လမ္းမႀကီးေဘးရိွ ဝမ္ေပါင္ကုမၸဏီရံုးေရွ႕၌ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ မီးေလာင္ဗံုးတရားခံအား ေဖာ္ထုတ္အေရးယူေပးေရး၊ သီးႏွံေလ်ာ္ေၾကးရရိွေရး၊ အၾကမ္းဖက္မႈအလိုမရိွ ၊ အစားေျမယာဧက ၁၉၀၀ ေဖာ္ထုတ္္ေပးေရး၊ လုပ္ငန္းအေကာင္ထည္ ေဖာ္ေဆာင္ေရးေကာ္မတီမရိွသည့္ ေၾကးနီစီမံကိန္း ရပ္ဆိုင္းေရး၊ စံုစမ္းစစ္ေဆးေရးေကာ္မတီ၏ အစီရင္ခံစာ မလိုက္နာသည့္ ေၾကးနီစီမံကိန္းရပ္ဆိုင္းေရးဟူေသာ စာသားမ်ားပါသည့္ ဗီႏုိင္းမ်ား ကိုင္ေဆာင္ကာ ေၾကြးေၾကာ္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် မုံရွာ - ပုသိမ်လမ်းမကြီးဘေးရှိ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် မီးလောင်ဗုံးတရားခံအား ဖော်ထုတ်အရေးယူပေးရေး၊ သီးနှံလျော်ကြေးရရှိရေး၊ အကြမ်းဖက်မှုအလိုမရှိ၊ အစားမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေး၊ လုပ်ငန်းအကောင်ထည် ဖော်ဆောင်ရေးကော်မတီမရှိသည့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ မလိုက်နာသည့် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဟူသော စာသားများပါသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး