ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ ့နယ္ ၊ မိုင္းကိုးအုပ္စုတြင္ သတၱဳတူးေဖာ္ေနၾကသည့္ ကုမၸဏီမ်ား၏ စြန္ ့ပစ္ေျမစာမ်ားေၾကာင့္ အဆိုပါ လုပ္ကြက္မ်ားအနီးရိွ လယ္ေျမမ်ား စပါးအထြက္ႏႈန္း ႏွစ္စဥ္ေလ်ာ့က်လာေနေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။
"လယ္ထဲကို စြန္႔ပစ္ေျမစာေတြ ၀င္တဲ့အတြက္ လယ္တစ္ဧကကို စပါးတင္း(၉၀)အထိထြက္ေပမဲ့ အခု ေနာက္ပိုင္းက်ေတာ့ တင္း(၅၀)ထြက္ေအာင္ေတာင္ မနည္းလုပ္ယူေနရတယ္။ စပါးတစ္ပုံရိုက္ရင္ေတာင္ သံုးအိတ္ပဲ ထြက္ေတာ့တယ္။ အရင္က (၅)အိတ္အထိ ရတယ္”ဟု သတၱဳလုပ္ငန္းမ်ားအနီးရိွ ေမာတြီရြာမွ ဦးလီဘားက ေျပာသည္။
စြန္႔ပစ္ေျမစာမ်ားမွ သဲ၊ခဲ၊သတၱဳမ်ားသည္ ေခ်ာင္းေရႏွင့္အတူ လယ္ကြက္မ်ားအတြင္း ဝင္လာသျဖင့္ လယ္ထြန္ရန္ႏွင့္ စပါးအပင္ပြားရန္ ခက္ခဲသြားသည့္အတြက္ အထြက္ႏႈန္း ေလ်ာ့က်လာျခင္းျဖစ္သည္ဟု ေဒသခံေတာင္သူမ်ားက ဆိုသည္။
"ကၽြန္ေတာ့္လယ္က (၁)ဧကရိွတဲ့အတြက္ ခါတိုင္းႏွစ္ေတြက တင္း(၁၀၀)ေလာက္ထြက္ပါတယ္။ ဒါေပမဲ့ သတၱဳေျမစာေတြ ၀င္လာတာမ်ားလာတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ စပါး(၉)အိတ္ပဲရပါတယ္။ ဒီႏွစ္အတြက္ေတာ့ ဘယ္ေလာက္ရမယ္ဆိုတာ မသိပါဘူး။"ဟု သတၱဳလုပ္ငန္းမ်ားအနီးရိွ ပါခုန္ရြာမွ ဦးအားဆို ့က ေျပာသည္။
လယ္ေျမမ်ားပ်က္စီးၿပီး အထြက္ႏႈန္းေလ်ာ့လာသည့္အျပင္ သတၱဳတူးေဖာ္သည့္ ကုမၸဏီမ်ားက ေဒသခံေတာင္သူမ်ားအား ေပးသည့္ သီးႏွံေလ်ာ္ေၾကးမွာလည္း နည္းပါးသျဖင့္ ဆန္ကြဲဝယ္ယူ စားသံုးရသူမ်ားလည္း ရိွလာေၾကာင္း သိရသည္။
"ေျမစာေတြ တျဖည္းျဖည္း မ်ားလာတဲ့ လယ္ေတြမွာ သတၱဳေျမစာေတြကို ဖယ္ရွားၿပီးေတာ့ လယ္ကြက္အသစ္ ျပန္ေဖာ္ေပးရင္ေတာ့ ေကာင္းတာေပါ့။ ဒီလို ျပန္ေဖာ္ေပးမယ္ဆိုရင္ေတာင္ သူတို ့ ရဲ႕ေျမစာေတြကို မထိန္းႏိုင္တဲ့အတြက္ေၾကာင့္ ေျမစာေတြက ဆက္ၿပီးေတာ့က်ေနအုန္းမယ္ဆိုရင္ ကၽြန္ေတာ္တို ့ လယ္သမားေတြဘက္က ဒီလိုပဲ ဒုကၡခံေနရအုန္းမွာပဲ"ဟု ဦးလီဘားက ေျပာသည္။
စြန္ ့ပစ္ေျမစာမ်ား ေခ်ာင္းအတြင္း က်ေရာက္ျခင္းမရိွေစရန္အတြက္ ေျမထိန္းနံရံႏွင့္ ႏုန္းစစ္ကန္မ်ား ျပဳလုပ္ေပးရန္ သတၱဳတူးေဖာ္ေရးလုပ္ငန္းရွင္မ်ားအား ေဒသခံမ်ားက ေတာင္းဆိုေသာ္လည္း လုပ္ေဆာင္ေပးျခင္းမရိွေသးဘဲ ႏွစ္စဥ္ သီးႏွံေလ်ာ္ေၾကးမ်ားကိုသာ ေပးလွ်က္ရိွေၾကာင္း သိရသည္။
"ကၽြန္ေတာ့ လယ္က (၃)ဧက ေက်ာ္ေပမဲ့ အထြက္ႏႈန္းမေကာင္းတဲ့အတြက္ စပါးရိတ္ရင္ တစ္၀က္ကိုပဲ ရိတ္လို႔ ရပါတယ္။ က်န္တစ္၀က္က လုံး၀မျဖစ္ထြန္းပါဘူး။ ေသကုန္ပါတယ္။ ေရ၀င္ေပါက္ရိွတဲ့ေနရာက စပါးေတြက လုံး၀မေကာင္းပါဘူး ။ ေရသိပ္မေရာက္တဲ့ ေနရာက စပါးေတြပဲ ျဖစ္ထြန္းပါတယ္။"ဟု သတၱဳလုပ္ငန္းမ်ားအနီးရိွ ဟာၾကားေက်းရြာမွ ဦးအားဆို ့က ေျပာသည္။
မိုင္းကိုးေက်းရြာအုပ္စုအတြင္းတြင္ သတၱဳတူးေဖာ္မႈမ်ား လုပ္ကိုင္ေနၾကသည့္ ကုမၸဏီမ်ား၏ လုပ္ကြက္မ်ားမွ စြန္ ့ပစ္ေျမစာမ်ားေၾကာင့္ ပါခုန္ရြာ၊ ဟာၾကားရြာ၊ ေဗသလရြာ၊ ေမာတြီရြာနွင့္ ေမာဆက္ရြာတို ့မွ ေတာင္သူဦးေရ (၄၂)ဦးမွာ ၄င္းတို ့၏ နစ္နာမႈမ်ားအတြက္ သီးႏွံေလ်ာ္ေၾကးေငြမ်ားကို ႏွစ္စဥ္ရရိွေနေသာ္လည္း လယ္ေျမမ်ား ပ်က္စီးသြားသည့္အတြက္ စိုးရိမ္ပူပန္မႈမ်ားရိွေနေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
"လယ်ထဲကို စွန့်ပစ်မြေစာတွေ ဝင်တဲ့အတွက် လယ်တစ်ဧကကို စပါးတင်း(၉၀)အထိထွက်ပေမဲ့ အခု နောက်ပိုင်းကျတော့ တင်း(၅၀)ထွက်အောင်တောင် မနည်းလုပ်ယူနေရတယ်။ စပါးတစ်ပုံရိုက်ရင်တောင် သုံးအိတ်ပဲ ထွက်တော့တယ်။ အရင်က (၅)အိတ်အထိ ရတယ်”ဟု သတ္တုလုပ်ငန်းများအနီးရှိ မောတွီရွာမှ ဦးလီဘားက ပြောသည်။
စွန့်ပစ်မြေစာများမှ သဲ၊ခဲ၊သတ္တုများသည် ချောင်းရေနှင့်အတူ လယ်ကွက်များအတွင်း ဝင်လာသဖြင့် လယ်ထွန်ရန်နှင့် စပါးအပင်ပွားရန် ခက်ခဲသွားသည့်အတွက် အထွက်နှုန်း လျော့ကျလာခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများက ဆိုသည်။
"ကျွန်တော့်လယ်က (၁)ဧကရှိတဲ့အတွက် ခါတိုင်းနှစ်တွေက တင်း(၁၀၀)လောက်ထွက်ပါတယ်။ ဒါပေမဲ့ သတ္တုမြေစာတွေ ဝင်လာတာများလာတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာတော့ စပါး(၉)အိတ်ပဲရပါတယ်။ ဒီနှစ်အတွက်တော့ ဘယ်လောက်ရမယ်ဆိုတာ မသိပါဘူး။"ဟု သတ္တုလုပ်ငန်းများအနီးရှိ ပါခုန်ရွာမှ ဦးအားဆို့က ပြောသည်။
လယ်မြေများပျက်စီးပြီး အထွက်နှုန်းလျော့လာသည့်အပြင် သတ္တုတူးဖော်သည့် ကုမ္ပဏီများက ဒေသခံတောင်သူများအား ပေးသည့် သီးနှံလျော်ကြေးမှာလည်း နည်းပါးသဖြင့် ဆန်ကွဲဝယ်ယူ စားသုံးရသူများလည်း ရှိလာကြောင်း သိရသည်။
"မြေစာတွေ တဖြည်းဖြည်း များလာတဲ့ လယ်တွေမှာ သတ္တုမြေစာတွေကို ဖယ်ရှားပြီးတော့ လယ်ကွက်အသစ် ပြန်ဖော်ပေးရင်တော့ ကောင်းတာပေါ့။ ဒီလို ပြန်ဖော်ပေးမယ်ဆိုရင်တောင် သူတို့ ရဲ့မြေစာတွေကို မထိန်းနိုင်တဲ့အတွက်ကြောင့် မြေစာတွေက ဆက်ပြီးတော့ကျနေအုန်းမယ်ဆိုရင် ကျွန်တော်တို့ လယ်သမားတွေဘက်က ဒီလိုပဲ ဒုက္ခခံနေရအုန်းမှာပဲ"ဟု ဦးလီဘားက ပြောသည်။
စွန့်ပစ်မြေစာများ ချောင်းအတွင်း ကျရောက်ခြင်းမရှိစေရန်အတွက် မြေထိန်းနံရံနှင့် နုန်းစစ်ကန်များ ပြုလုပ်ပေးရန် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအား ဒေသခံများက တောင်းဆိုသော်လည်း လုပ်ဆောင်ပေးခြင်းမရှိသေးဘဲ နှစ်စဉ် သီးနှံလျော်ကြေးများကိုသာ ပေးလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော့ လယ်က (၃)ဧက ကျော်ပေမဲ့ အထွက်နှုန်းမကောင်းတဲ့အတွက် စပါးရိတ်ရင် တစ်ဝက်ကိုပဲ ရိတ်လို့ ရပါတယ်။ ကျန်တစ်ဝက်က လုံးဝမဖြစ်ထွန်းပါဘူး။ သေကုန်ပါတယ်။ ရေဝင်ပေါက်ရှိတဲ့နေရာက စပါးတွေက လုံးဝမကောင်းပါဘူး။ ရေသိပ်မရောက်တဲ့ နေရာက စပါးတွေပဲ ဖြစ်ထွန်းပါတယ်။"ဟု သတ္တုလုပ်ငန်းများအနီးရှိ ဟာကြားကျေးရွာမှ ဦးအားဆို့က ပြောသည်။
မိုင်းကိုးကျေးရွာအုပ်စုအတွင်းတွင် သတ္တုတူးဖော်မှုများ လုပ်ကိုင်နကြေသည့် ကုမ္ပဏီများ၏ လုပ်ကွက်များမှ စွန့်ပစ်မြေစာများကြောင့် ပါခုန်ရွာ၊ ဟာကြားရွာ၊ ဗေသလရွာ၊ မောတွီရွာနှင့် မောဆက်ရွာတို့မှ တောင်သူဦးရေ (၄၂)ဦးမှာ ၄င်းတို့၏ နစ်နာမှုများအတွက် သီးနှံလျော်ကြေးငွေများကို နှစ်စဉ်ရရှိနေသော်လည်း လယ်မြေများ ပျက်စီးသွားသည့်အတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
သတင်း - ဇွဲမြတ်