သတင်း/ဓာတ်ပုံ - #နိုနို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံတွေ့ဆုံပွဲအဖြစ် ဘက္ကရီအီးဒ်နေ့အကြို အထိမ်းအမှတ်မိတ်ဆုံစားပွဲ နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခြင်း တွေ့ဆုံပွဲ ကို ရှမ်းပြည်နယ်အစ္စလာမ်ဘာသာရေးအဖွဲ့က ကြီးမှူးကျင်းပကြောင်း သိရသည်။
“အဓိကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဦးတည်ပါတယ်။ ဗမာတိုင်းရင်းသားဝန်ကြီးနဲ့ ဌာနဆိုင်ရာ တွေလည်း အကုန်လာပါတယ်။ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ လေးဘာသာလုံး လာပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုလည်း ရလာပါတယ်” ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွင်းရေးမှုး ဦးခင်မောင်ဦးက ပြောသည်။
အဆိုပါတွေ့ဆုံပွဲအား စက်တင်ဘာလ (၁၀) ရက်က တောင်ကြီးမြို့ရှိ ငြိမ်းချမ်းမင်္ဂလာခန်းမတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #နိုနို