ေတာင္ႀကီးသနပ္ဖက္ လုပ္ငန္းတြင္ သယ္ယူပို႔ေဆာင္ခႏွင့္ ထုတ္လုပ္မႈ ကုန္က်စရိတ္ ယခင္ႏွစ္ထက္ ျမင့္ေန

ေတာင္ႀကီးသနပ္ဖက္ လုပ္ငန္းတြင္ သယ္ယူပို႔ေဆာင္ခႏွင့္ ထုတ္လုပ္မႈ ကုန္က်စရိတ္ ယခင္ႏွစ္ထက္ ျမင့္ေန
စက်တင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕သို႔ အနီးဝန္းက်င္ေဒသမ်ားမွ တင္ပို႔ေနသည့္ သနပ္ဖက္လုပ္ငန္းမွာ သယ္ယူပို႔ေဆာင္ခႏွင့္ ထုတ္လုပ္မႈကုန္က်စရိတ္မ်ား ယခင္ႏွစ္ထက္ ျမင့္တက္လာေၾကာင္း ေတာင္ႀကီးၿမိဳ႕ သနပ္ဖက္ပြဲရံုလုပ္ငန္းမ်ားမွ သိရသည္။

"ဒီႏွစ္မွာ မႏွစ္ကထက္ ေစ်းႏွဳန္းျမင့္တက္ လာတာကေတာ့ ကားခေတြ ေစ်းႀကီးလို႔ ။ အရင္က သနပ္ဖက္တစ္ဖိုကို သယ္ယူပို႔ေဆာင္ခ က်ပ္(၃၀၀) ေလာက္ပဲ ရွိတယ္။ အခု (၃၅၀)က်ပ္ထိျမင့္လာတယ္။ ေနာက္ၿပီး ဖက္ေရြးခတို႔ အလုပ္သမားခတို႔ေၾကာင့္ ေစ်းႀကီးလာတာပါ"ဟု သနပ္ဖက္ပြဲရံု လုပ္ငန္းလုပ္ကိုင္သူ မသိန္းျမင့္က ေျပာသည္။

ယခင္ႏွစ္တြင္ သနပ္ဖက္တစ္ပိႆာလွ်င္ က်ပ္(၂၄၀၀)မွ က်ပ္(၂၇၀၀)ခန္႔ရွိေသာ္လည္း ယခုႏွစ္တြင္ က်ပ္(၃၅၀၀)မွ က်ပ္(၃၇၀၀)ဝန္းက်င္ႏွင့္ သနပ္ဖက္တြင္ အေရာင္ေကာင္းမြန္ၿပီး ေပါက္ၿပဲျခင္းမရွိလွ်င္ တစ္ပိႆာလွ်င္ က်ပ္(၄၅၀၀)အထိ ေစ်းရိွေၾကာင္း သိရသည္။

"ဖက္ေရြးခဆိုရင္ အရင္က တစ္ပိႆာမွ (၁၀)က်ပ္၀န္းက်င္ပဲရွိတာ။ အခု ဒီႏွစ္မွာ (၁၇)က်ပ္ရွိတယ္။ ေနာက္ထပ္ အလုပ္သမားခေတြေရာ ရွိတယ္။ ဒါေၾကာင့္ ေစ်းႏွဳန္းတက္တာပါ။ စိုက္ေတာင္သူေတြလည္း ေစ်းေကာင္းရတယ္ေျပာလို႔ရတယ္ ။ မႏွစ္ကထက္ ဒီႏွစ္ ေစ်းေကာင္းပိုရၾကတယ္"ဟု သနပ္ဖက္ပြဲရံု လုပ္ငန္းလုပ္ကိုင္သူ တစ္ဦးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕သနပ္ဖက္ပြဲရံုလုပ္ငန္းမ်ားမွ ျမန္မာႏိုင္ငံအႏွံအျပားရွိ ေဆးေပါ့လိပ္လုပ္သည့္ ၿမိဳ႕မ်ားသို႔ ျပန္လည္ေရာင္းခ်ျခင္းျဖစ္ၿပီး သနပ္ဖက္အား ေတာင္ႀကီးခရိုင္အတြင္းရွိ ဟိုပံုးၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕နယ္၊ ဆီဆိုုင္ၿမိဳ႕နယ္၊ ဖယ္ခံုၿမိဳ႕နယ္၊ ပင္ေလာင္းႏွင့္ပင္းတယၿမိဳ႕နယ္မ်ားတြင္ စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ႏိုႏို

...............

ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ အနီးဝန်းကျင်ဒေသများမှ တင်ပို့နေသည့် သနပ်ဖက်လုပ်ငန်းမှာ သယ်ယူပို့ဆောင်ခနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ ယခင်နှစ်ထက် မြင့်တက်လာကြောင်း တောင်ကြီးမြို့ သနပ်ဖက်ပွဲရုံလုပ်ငန်းများမှ သိရသည်။

"ဒီနှစ်မှာ မနှစ်ကထက် ဈေးနှုန်းမြင့်တက် လာတာကတော့ ကားခတွေ ဈေးကြီးလို့။ အရင်က သနပ်ဖက်တစ်ဖိုကို သယ်ယူပို့ဆောင်ခ ကျပ်(၃၀၀) လောက်ပဲ ရှိတယ်။ အခု (၃၅၀)ကျပ်ထိမြင့်လာတယ်။ နောက်ပြီး ဖက်ရွေးခတို့ အလုပ်သမားခတို့ကြောင့် ဈေးကြီးလာတာပါ"ဟု သနပ်ဖက်ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ မသိန်းမြင့်က ပြောသည်။

ယခင်နှစ်တွင် သနပ်ဖက်တစ်ပိဿါလျှင် ကျပ်(၂၄၀၀)မှ ကျပ်(၂၇၀၀)ခန့်ရှိသော်လည်း ယခုနှစ်တွင် ကျပ်(၃၅၀၀)မှ ကျပ်(၃၇၀၀)ဝန်းကျင်နှင့် သနပ်ဖက်တွင် အရောင်ကောင်းမွန်ပြီး ပေါက်ပြဲခြင်းမရှိလျှင် တစ်ပိဿါလျှင် ကျပ်(၄၅၀၀)အထိ ဈေးရှိကြောင်း သိရသည်။

"ဖက်ရွေးခဆိုရင် အရင်က တစ်ပိဿါမှ (၁၀)ကျပ်ဝန်းကျင်ပဲရှိတာ။ အခု ဒီနှစ်မှာ (၁၇)ကျပ်ရှိတယ်။ နောက်ထပ် အလုပ်သမားခတွေရော ရှိတယ်။ ဒါကြောင့် ဈေးနှုန်းတက်တာပါ။ စိုက်တောင်သူတွေလည်း ဈေးကောင်းရတယ်ပြောလို့ရတယ်။ မနှစ်ကထက် ဒီနှစ် ဈေးကောင်းပိုရကြတယ်"ဟု သနပ်ဖက်ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့သနပ်ဖက်ပွဲရုံလုပ်ငန်းများမှ မြန်မာနိုင်ငံအနှံအပြားရှိ ဆေးပေါ့လိပ်လုပ်သည့် မြို့များသို့ ပြန်လည်ရောင်းချခြင်းဖြစ်ပြီး သနပ်ဖက်အား တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နယ်၊ အောင်ပန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပင်လောင်းနှင့်ပင်းတယမြို့နယ်များတွင် စိုက်ပျိုးကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~