ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုံၿမိဳ႕တြင္ စိတ္ၾကြေဆးျပားေပါင္း (၅၀,၀၀၀)ကို စက္တင္ဘာလ (၄)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၂၉) မိုင္းတံုလႈပ္ရွားမူးယစ္တပ္ဖြဲ႔မွ သိရသည္။
မိုင္းတံုၿမိဳ႕၊ ေဟာင္လီစစ္ေဆးေရးဂိတ္တြင္ သတင္းအရ အဆိုပါ မူးယစ္တပ္ဖြဲ႕က စစ္ေဆးရွာေဖြရာ စက္တင္ဘာလ (၄)ရက္ ညေန (၆)နာရီအခ်ိန္ခန္႔၌ မိုင္းတံုၿမိဳ႕တြင္းမွ နားေကာင္းမူးရြာဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အတြင္းမွ စိတ္ၾကြေဆးျပား(၅၀၀၀၀) အား ဖမ္းဆီးရမိလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ပူးေပါင္းအဖြဲ႔ျဖင့္ ေဟာင္လီစစ္ေဆးေရးဂိတ္တြင္ ယာဥ္အားစစ္ေဆးရွာေဖြရာ ယာဥ္အတြင္းမွ Wy စာတမ္းပါ အနီေရာင္စိတ္ႂကြေဆးျပား စုစုေပါင္း (၅၀၀၀၀)ျပား ႏွင့္ ZTE အမ်ိဳးအစား အနက္ေရာင္လက္ကုိင္ဖုန္းတစ္လံုး၊ HUAWEI အမ်ိဳးအစား အနက္ေရာင္လက္ကုိင္ဖုန္းတစ္လုံး၊ ထိုင္းႏိုင္ငံသုံး ေငြစကၠဴေရာရာ (၁၃,၅၀၀)ဘတ္တို႔အား ရွာေဖြေတြ႔ရိွျခင္းျဖစ္ေၾကာင္း သိရသည္။
စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္အတူ ေတြ႔ရိွရသည့္ အသက္ (၃၀)ႏွစ္ အရြယ္ အားဖာဆိုသူႏွင့္ အသက္ (၁၉)ႏွစ္အရြယ္ မနာေထာဇဲ ဆိုသူတို႔အား မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ စက္တင္ဘာလ(၄)ရက္က မယ(ပ)၆/၂၀၁၆ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ေအာင္၀င္းေဌး
မိုင်းတုံမြို့၊ ဟောင်လီစစ်ဆေးရေးဂိတ်တွင် သတင်းအရ အဆိုပါ မူးယစ်တပ်ဖွဲ့က စစ်ဆေးရှာဖွေရာ စက်တင်ဘာလ (၄)ရက် ညနေ (၆)နာရီအချိန်ခန့်၌ မိုင်းတုံမြို့တွင်းမှ နားကောင်းမူးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား(၅၀၀၀၀) အား ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့ဖြင့် ဟောင်လီစစ်ဆေးရေးဂိတ်တွင် ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ Wy စာတမ်းပါ အနီရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၅၀၀၀၀)ပြား နှင့် ZTE အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ ထိုင်းနိုင်ငံသုံး ငွေစက္ကူရောရာ (၁၃,၅၀၀)ဘတ်တို့အား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရှိရသည့် အသက် (၃၀)နှစ် အရွယ် အားဖာဆိုသူနှင့် အသက် (၁၉)နှစ်အရွယ် မနာထောဇဲ ဆိုသူတို့အား မိုင်းတုံမြို့မရဲစခန်းတွင် စက်တင်ဘာလ(၄)ရက်က မယ(ပ)၆/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - အောင်ဝင်းဌေး