တာချီလိတ်မြို့ရှိ MPT Own Branded Shop တွင် MPT ၏ GSM , CDMA , WCDMA SIM Card များအား သုံးစွဲသူ၏ မှတ်ပုံတင်ဖြင့် စာရင်းသွင်းခြင်းကို အခမဲ့ ပြုလုပ်ပေးနေလျှက်ရှိရာ ရက်ပေါင်း (၂၀)အတွင်း (၆၆၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
မိမိတို့ သုံးစွဲနေသည့် MPT SIM Card များကို မှတ်ပုံတင်ဖြင့် စာရင်းပေးသွင်းထားခြင်းဖြင့် SIM Card ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများအတွက် ပြန်လည်ရရှိရန် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် အလွယ်တကူ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း နှင့် SIM Card နှင့် ပတ်သက်၍ လိမ်လည်မှုများနှင့် မလိုလားအပ်သည့် ကိစ္စရပ်များအတွက် ကာကွယ်မှုအနေဖြင့် တာချီလိတ်မြို့ဆက်သွယ်ရေးရုံးရှေ့ရှိ MPT Own Branded Shop တွင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ချိန်များတွင် ဆောင်ရွက်ပေးနေ လျှက်ရှိကြောင်း သိရှိရသည်။
"လောလောဆယ် ရက်ပေါင်း (၂၀)အတွင်းမှာ (၆၆၆)ဦးရှိပါပြီ၊ ကိုယ်စားလာလုပ် ပေးတဲ့လူတွေ အနေနဲ့ ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ(၂)စောင်၊ ကိုယ်စားလာလုပ်သူရဲ့ မှတ်ပုံတင် မိတ္တူ(၁)စောင်နဲ့အတူ စာရင်းသွင်းမဲ့ MPT SIM Card လည်း ယူလာဖို့ လိုပါတယ်၊ ပိုင်ရှင်ကိုယ်တိုင် SIM Card နဲ့အတူ လာပြီး ဆောင်ရွက်ရင် ပိုသင့်လျော်ပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။
တာချီလိတ်မြို့တွင် MPT SIM Card များအား မှတ်ပုံတင်ပေးခြင်းကို သြဂုတ်လ(၁၅)ရက်နေ့က စတင် ဆောင်ရွက်ပေးနေတာဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခြင်းအတွက် ငွေကြေးပေးရန် မလိုကြောင်း သိရသည်။
မိမိတို့ သုံးစွဲနေသည့် MPT SIM Card များကို မှတ်ပုံတင်ဖြင့် စာရင်းပေးသွင်းထားခြင်းဖြင့် SIM Card ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများအတွက် ပြန်လည်ရရှိရန် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် အလွယ်တကူ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း နှင့် SIM Card နှင့် ပတ်သက်၍ လိမ်လည်မှုများနှင့် မလိုလားအပ်သည့် ကိစ္စရပ်များအတွက် ကာကွယ်မှုအနဖြေင့် တာချီလိတ်မြို့ဆက်သွယ်ရေးရုံးရှေ့ရှိ MPT Own Branded Shop တွင် စနေ၊ တနင်္ဂေနွရုံးပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ချိန်များတွင် ဆောင်ရွက်ပေးနေ လျှက်ရှိကြောင်း သိရှိရသည်။