သတင်း/ဓာတ်ပုံ - ကိုဇက်
အခမ်းအနားတွင် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို တာဝန်ရှိသူများမှ ပြောကြားခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကာ အခြေခံပညာကျောင်းများမှ တစ်ခန်းရပ်ပြဇာတ်များဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအား တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် World Vision တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး၊ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များ အပြင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုဇက်