လားရွိဳးတြင္ FDA ေထာက္ခံခ်က္ မရွိေသာ အစားအေသာက္မ်ား ေရာင္းခ်မႈကို အေရးယူေတာ့မည္

လားရွိဳးတြင္ FDA ေထာက္ခံခ်က္ မရွိေသာ အစားအေသာက္မ်ား ေရာင္းခ်မႈကို အေရးယူေတာ့မည္
စက်တင်ဘာ 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရွိဳးၿမိဳ႕တြင္ FDA ေထာက္ခံခ်က္မရိွသည့္ အစားအေသာက္မ်ား၊ တရားမဝင္ တင္သြင္းလာသည့္ အစားအေသာက္မ်ားေရာင္းခ်မႈကို အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း စားသံုးသူေရးရာဦးစီးဌာန (လားရွိဳး)မွ သိရသည္။

"အေရးယူေဆာင္ရြက္လို႔ရေအာင္ ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ကို ဖြဲ႕စည္းခဲ႔ၿပီးပါၿပီ။ ေအးခဲအသားေတြ၊ စံမညီတဲ႔ဆီေတြ၊ ခြင့္ျပဳခ်က္မရွိတဲ႔ ေရသန္႔ေတြ စတာေတြကို ေျမျပင္စစ္ေဆးမႈေတြလုပ္ၿပီး ဒီစစ္ေဆးေတြ႕ရွိခ်က္ အေပၚမွာ ဘယ္လို ဖမ္းဆီးအေရးယူမယ္ ဆိုတာကိုေတာ့ ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။"ဟု စားသံုးသူေရးရာဌာန ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

လက္ရိွတြင္ စားသံုးရန္မသင့္ေသာ အစားအေသာက္မ်ားနွင့္ပတ္သက္ၿပီး ပညာေပး ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီး စစ္ေဆးေတြ႔ရွိေသာ စားသံုးရန္ မသင့္သည့္ အစားအေသာက္မ်ားကို သိမ္းဆည္း မီးရႈိ႕ဖ်က္ဆီးမႈမ်ားကိုသာ လုပ္ေဆာင္ေနေသာ္လည္း ေနာက္ပိုင္းတြင္ ဥပေဒအရ အေရးယူမႈကို လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ဥပမာ-ပိုးသတ္ေဆး၊ ဓာတ္ေျမၾသဇာနဲ႔ ပတ္သက္ၿပီး စိုက္ပ်ိဳးေရးဥပေဒနဲ႔ အေရးယူေဆာင္ရြက္သြားမယ္။ ေနာက္လမ္းေဘးမွာ ခြင့္ျပဳခ်က္မရွိဘဲ လိုင္စင္မဲ့ ေရာင္းခ်တာေတြ၊ စားသံုးရန္မသင့္တဲ႔ အစားအေသာက္ေတြ ေရာင္းခ်ေနတာဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔ အဖြဲ႕မွာ စည္ပင္ရွိတဲ့အတြက္ စည္ပင္ဥပေဒနဲ႔ အေရးယူလို႔ရတယ္။ အမ်ိဳးသားစားသံုးသူဥပေဒနဲ႔ အေရးယူမယ္ဆိုလည္း ရတာေပါ့။ ဒါေၾကာင့္မို႔ ကၽြန္ေတာ္တို႔ အခုဖြဲ႕စည္းလိုက္တဲ႔ ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္ေရးအဖြဲ႔က ဘယ္ဥပေဒနဲ႕ ဘယ္လို အေရးယူမယ္ဆိုတာကို ပထမအႀကိမ္ညႇိႏွဳိင္းေႏြးေဆြးေနပါတယ္"ဟု စားသံုးသူေရးရာဌာန ဒုတိယျပည္နယ္ဦးစီးမႈး ဦးေဇာ္မင္းသန္းက ေျပာသည္။

FDA ေထာက္ခံခ်က္မဲ့ အစားအေသာက္မ်ား တင္သြင္းေရာင္းခ်မႈကို ဖမ္းဆီးအေရးယူနိုင္ရန္ အုပ္ခ်ဳပ္ေရးဌာန၊ ဥပေဒအႀကံေပး၊ ပညာေရးဌာန၊ စည္ပင္သာယာဦးစီးဌာန၊ စိုက္ပ်ိဳးေရးဌာန၊ စက္မႈႀကီးၾကပ္၊ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ စားသံုးသူကိုယ္စားလွယ္၊ စီးပြားေရးလုပ္ငန္းရွင္ ကိုယ္စားလွယ္မ်ားျဖင့္ လားရွိဳးခရိုင္စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ကို ၾသဂုတ္(၂၆)ရက္ေန႔က ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေစ်းကြက္အတြင္းသို႔ ကိုယ္ပိုင္တင္သြင္းေရာင္းခ်ေနေသာ ထုတ္ကုန္မ်ားတြင္ ထုတ္လုပ္ရက္နွင့္ ကုန္ဆံုးရက္မ်ားကို ေဖာ္ျပရန္၊ FDAေထာက္ခံခ်က္နွင့္ စည္ပင္လိုင္စင္ မရွိေသးေသာ လုပ္ငန္းမ်ားအတြက္ သတ္မွတ္ရက္အတြင္း လိုင္စင္ျပဳလုပ္ရန္တို႔ကို အသိပညာေပး ေႏြးေဆြးမႈမ်ားလုပ္ေဆာင္ၿပီး စတင္ဖမ္းဆီးအေရးယူမည့္ရက္ကိုလည္း အသိေပးေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေအာင္ျပည့္
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် FDA ထောက်ခံချက်မရှိသည့် အစားအသောက်များ၊ တရားမဝင် တင်သွင်းလာသည့် အစားအသောက်များရောင်းချမှုကို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း စားသုံးသူရေးရာဦးစီးဌာန (လားရှိုး)မှ သိရသည်။

"အရေးယူဆောင်ရွက်လို့ရအောင် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးပါပြီ။ အေးခဲအသားတွေ၊ စံမညီတဲ့ဆီတွေ၊ ခွင့်ပြုချက်မရှိတဲ့ ရေသန့်တွေ စတာတွေကို မြပြေင်စစ်ဆေးမှုတွေလုပ်ပြီး ဒီစစ်ဆေးတွေ့ရှိချက် အပေါ်မှာ ဘယ်လို ဖမ်းဆီးအရေးယူမယ် ဆိုတာကိုတော့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။"ဟု စားသုံးသူရေးရာဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

လက်ရှိတွင် စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်ပြီး ပညာပေး ဆွေးနွေးမှုများပြုလုပ်နပြေီး စစ်ဆေးတွေ့ရှိသော စားသုံးရန် မသင့်သည့် အစားအသောက်များကို သိမ်းဆည်း မီးရှို့ဖျက်ဆီးမှုများကိုသာ လုပ်ဆောင်နေသော်လည်း နောက်ပိုင်းတွင် ဥပဒေအရ အရေးယူမှုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

"ဥပမာ-ပိုးသတ်ဆေး၊ ဓာတ်မြသြေဇာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်။ နောက်လမ်းဘေးမှာ ခွင့်ပြုချက်မရှိဘဲ လိုင်စင်မဲ့ ရောင်းချတာတွေ၊ စားသုံးရန်မသင့်တဲ့ အစားအသောက်တွေ ရောင်းချနေတာဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့မှာ စည်ပင်ရှိတဲ့အတွက် စည်ပင်ဥပဒေနဲ့ အရေးယူလို့ရတယ်။ အမျိုးသားစားသုံးသူဥပဒေနဲ့ အရေးယူမယ်ဆိုလည်း ရတာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုဖွဲ့စည်းလိုက်တဲ့ ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်ရေးအဖွဲ့က ဘယ်ဥပဒေနဲ့ ဘယ်လို အရေးယူမယ်ဆိုတာကို ပထမအကြိမ်ညှိနှိုင်းနွေးဆွေးနေပါတယ်"ဟု စားသုံးသူရေးရာဌာန ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်းက ပြောသည်။

FDA ထောက်ခံချက်မဲ့ အစားအသောက်များ တင်သွင်းရောင်းချမှုကို ဖမ်းဆီးအရေးယူနိုင်ရန် အုပ်ချုပ်ရေးဌာန၊ ဥပဒေအကြံပေး၊ ပညာရေးဌာန၊ စည်ပင်သာယာဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ စက်မှုကြီးကြပ်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူကိုယ်စားလှယ်၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များဖြင့် လားရှိုးခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို သြဂုတ်(၂၆)ရက်နေ့က ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်းသို့ ကိုယ်ပိုင်တင်သွင်းရောင်းချနေသော ထုတ်ကုန်များတွင် ထုတ်လုပ်ရက်နှင့် ကုန်ဆုံးရက်များကို ဖော်ပြရန်၊ FDAထောက်ခံချက်နှင့် စည်ပင်လိုင်စင် မရှိသေးသော လုပ်ငန်းများအတွက် သတ်မှတ်ရက်အတွင်း လိုင်စင်ပြုလုပ်ရန်တို့ကို အသိပညာပေး နွေးဆွေးမှုများလုပ်ဆောင်ပြီး စတင်ဖမ်းဆီးအရေးယူမည့်ရက်ကိုလည်း အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~