ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ေက်းရြာေပါင္း (၃၀) ေက်ာ္မွ ေျမယာမ်ားႏွင့္ ေတာင္မ်ားေပၚတြင္ ဘိလပ္ေျမစက္ရုံတည္ေဆာက္ရန္ စမ္းသပ္တိုင္းတာေနမႈမ်ား လုပ္ေဆာင္ျခင္းကို ရပ္တန္႔ေပးရန္ ေဒသခံမ်ား လက္မွတ္ေရးထိုးၿပီး ျပည္နယ္အစိုးရထံ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔အတြက္ ခံစားခြင့္ဆိုတာထက္ ကၽြန္ေတာ္တို႔အတြက္ဆိုးက်ိဳးပဲ ပိုခံစားရမွာပါ။ လုံးဝအက်ိဳးရွိတဲ့ ကိစၥမဟုတ္သလို ဒီေဒသရဲ႕ ကၽြန္ေတာ္တို႕မွီခိုေနရတဲ့ ေရျမေတြပါ ဆုံးရႈံးရမယ္။ ဒါကလည္း လုံးဝမျဖစ္သင့္တဲ့ကိစၥပါ။ လုပ္ခ်င္တိုင္း လုပ္မယ္ဆိုတဲ့သေဘာမ်ိဳးလည္း ျဖစ္ေနတာ လုံးဝလက္မခံႏိုင္ဘူး "ဟု လီဝိုးေက်းရြာမွ ေဒသခံတစ္ဦးက ေျပာသည္။
ဘိလပ္ေျမ စက္ရုံတည္ေဆာက္ရန္ တိုင္းတာေနေသာေနရာတြင္ လယ္ေျမ ဧက(၉၀၀)ခန္႔အပါအဝင္ စုစုေပါင္းေျမဧက (၂၀၀၀)ေက်ာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္ရိွ ေက်းရြာ (၆၀)ခန္႔ မီွခိုေနရသည့္ ေရထြက္ေပါက္ ေလးခုလည္း ပါဝင္ေနသျဖင့္ ေဒသခံမ်ားကိုယ္စား ေက်းရြာေပါင္း (၂၀)ေက်ာ္မွကိုယ္စားလွယ္မ်ား စက္တင္ဘာလ (၄) ရက္ေန႕က ေတြ႔ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ေက်းရြာအုပ္စုဆို အခုတိုင္းတာေနတဲ႕ေနရာနဲ႕ အနီးဆုံးေပါ့။ ကုမၸဏီေတြပဲ အက်ိဳးရွိျပီး ေဒသခံေတြ ဆိုးက်ိဳးမ်ားႀကီး ခံစားရမယ့္ စီမံကိန္းကို လုံးဝလက္မခံႏိုင္ဘူး။ ကန္႔ကြက္တယ္။ မလုပ္ပါနဲ႔လို႔လည္း ေတာင္းဆိုခ်င္တယ္။ "ဟု ဆင္ေတာင္ေက်းရြာမွ ကိုတင္လိႈင္က ေျပာသည္။
အဆိုပါေဒသတြင္ ဘိလပ္ေျမစက္ရုံတည္ေဆာက္ရန္ ၂၀၁၃ ခုႏွစ္မွစတင္၍ ကုမၸဏီသုံးခုေလွ်ာက္ထားရာ ဟိန္းျမန္မာကုမၸဏီက စမ္းသပ္တိုင္းတာခြင့္ရရွိျပီး ၂၀၁၆ ခုႏွစ္ ဇြန္လဒုတိယပတ္မွစတင္၍ တိုင္းတာမႈမ်ား စတင္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
စက္ရုံတည္ေဆာက္ရန္ စမ္းသပ္ေနသည့္ အဓိကစမ္းသပ္ေနသည့္ ေဒသမ်ားမွာ လီဝိုးေက်းရြာ၊ ဆင္ေတာင္ေက်းရြာအုပ္စု၊ ဝါေသာခိုေက်းရြာအုပ္စု၊ မိုးၿဗဲေက်းရြာအုပ္စု၊ ေသးဆူလဲ ေက်းရြာအုပ္စု တို႔တြင္ျဖစ္ေၾကာင္း သိရသည္။
" ရြာသားေတြကို အသိပညာေပးမယ္။ ျပည္သူလူထုကို ပြင့္လင္းျမင္သာစြာခ်ျပဖို႔လိုတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ေရာ ၿပီးေတာ့ ဒီမွာရွိတဲ့ CSO ေတြကလည္း ရြာသားေတြဖက္က ဝန္ရံသြားမယ္"ဟု mata ကယားျပည္နယ္ တာဝန္ခံ ဦးအန္းေဂ်လိုပ်ံက ေျပာသည္။
ဘိလပ္ေျမစက္ရုံတည္ေဆာက္ရန္ လာေရာက္တိုင္းတာေနမႈမ်ားႏွင့္ ပတ္သတ္၍ ေက်းရြာအားလုံးမွ ကန္႔ကြက္ေၾကာင္း လက္မွတ္ေရးထိုးမႈမ်ား ျပဳလုပ္ေနၿပီး စက္တင္ဘာလ ဒုတိယပတ္အတြင္း ျပည္နယ္အစိုးရရုံးသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကျွန်တော်တို့အတွက် ခံစားခွင့်ဆိုတာထက် ကျွန်တော်တို့အတွက်ဆိုးကျိုးပဲ ပိုခံစားရမှာပါ။ လုံးဝအကျိုးရှိတဲ့ ကိစ္စမဟုတ်သလို ဒီဒေသရဲ့ ကျွန်တော်တို့မှီခိုနေရတဲ့ ရမြေတွေပါ ဆုံးရှုံးရမယ်။ ဒါကလည်း လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ လုပ်ချင်တိုင်း လုပ်မယ်ဆိုတဲ့သဘောမျိုးလည်း ဖြစ်နေတာ လုံးဝလက်မခံနိုင်ဘူး "ဟု လီဝိုးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဘိလပ်မြေ စက်ရုံတည်ဆောက်ရန် တိုင်းတာနေသောနေရာတွင် လယ်မြေ ဧက(၉၀၀)ခန့်အပါအဝင် စုစုပေါင်းမြေဧက (၂၀၀၀)ကျော်နှင့် ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာ (၆၀)ခန့် မှီခိုနေရသည့် ရေထွက်ပေါက် လေးခုလည်း ပါဝင်နေသဖြင့် ဒေသခံများကိုယ်စား ကျေးရွာပေါင်း (၂၀)ကျော်မှကိုယ်စားလှယ်များ စက်တင်ဘာလ (၄) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ကျေးရွာအုပ်စုဆို အခုတိုင်းတာနေတဲ့နေရာနဲ့ အနီးဆုံးပေါ့။ ကုမ္ပဏီတွေပဲ အကျိုးရှိပြီး ဒေသခံတွေ ဆိုးကျိုးများကြီး ခံစားရမယ့် စီမံကိန်းကို လုံးဝလက်မခံနိုင်ဘူး။ ကန့်ကွက်တယ်။ မလုပ်ပါနဲ့လို့လည်း တောင်းဆိုချင်တယ်။ "ဟု ဆင်တောင်ကျေးရွာမှ ကိုတင်လှိုင်က ပြောသည်။
အဆိုပါဒေသတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ၂၀၁၃ ခုနှစ်မှစတင်၍ ကုမ္ပဏီသုံးခုလျှောက်ထားရာ ဟိန်းမြန်မာကုမ္ပဏီက စမ်းသပ်တိုင်းတာခွင့်ရရှိပြီး ၂၀၁၆ ခုနှစ် ဇွန်လဒုတိယပတ်မှစတင်၍ တိုင်းတာမှုများ စတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
စက်ရုံတည်ဆောက်ရန် စမ်းသပ်နေသည့် အဓိကစမ်းသပ်နေသည့် ဒေသများမှာ လီဝိုးကျေးရွာ၊ ဆင်တောင်ကျေးရွာအုပ်စု၊ ဝါသောခိုကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအုပ်စု၊ သေးဆူလဲ ကျေးရွာအုပ်စု တို့တွင်ဖြစ်ကြောင်း သိရသည်။
" ရွာသားတွေကို အသိပညာပေးမယ်။ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြဖို့လိုတယ်။ ကျွန်တော်တို့အနေနဲ့ရော ပြီးတော့ ဒီမှာရှိတဲ့ CSO တွေကလည်း ရွာသားတွေဖက်က ဝန်ရံသွားမယ်"ဟု mata ကယားပြည်နယ် တာဝန်ခံ ဦးအန်းဂျေလိုပျံက ပြောသည်။
ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လာရောက်တိုင်းတာနေမှုများနှင့် ပတ်သတ်၍ ကျေးရွာအားလုံးမှ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးမှုများ ပြုလုပ်နပြေီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြည်နယ်အစိုးရရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း