တာခ်ီလိတ္၌ မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရး ဒုတိယရက္ (၁၀၀)စီမံခ်က္ျဖင့္ စတင္ ေဆာင္ရြက္ေနလွ်က္ ရွိသည့္ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ ထိုင္းႏိုင္ငံသားအား စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပား (၆)ျပားကို ရွာေဖြေတြ႕ရွိ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ စက္တင္ဘာလ(၃)ရက္ေန႔ ည(၇)နာရီခြဲ ၀န္းက်င္အခ်ိန္က အမွတ္(၁)တံတားေပၚတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ျမန္မာဘက္မွ မယ္ဆိုင္ၿမိဳ႕ဘက္သို႔ သြားမည့္ ထိုင္းႏိုင္ငံသား Mr. Anek Kaokaiအား စစ္ေဆးရွာေဖြရာမွ ၎၏ ခါးတြင္ ပတ္ထားသည့္ အိတ္အတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၆)ျပားကို ေတြ႕ရွိတာ ျဖစ္ေၾကာင္း သိရသည္။
ခ်စ္ၾကည္ေရးတံတားေပၚတြင္ စိတ္ၾကြေဆးျပားႏွင့္အတူ ေတြ႕ရွိရသူ ထိုင္းႏိုင္ငံသား Mr. Anek Kaokaiသည္ ခ်င္းရိုင္းခရိုင္၊ မယ္က်န္႔ၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္း ႏွင့္ ၎အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၈၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ(၃)ရက်နေ့ ည(၇)နာရီခွဲ ဝန်းကျင်အချိန်က အမှတ်(၁)တံတားပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာဘက်မှ မယ်ဆိုင်မြို့ဘက်သို့ သွားမည့် ထိုင်းနိုင်ငံသား Mr. Anek Kaokaiအား စစ်ဆေးရှာဖွေရာမှ၎င်း၏ ခါးတွင် ပတ်ထားသည့် အိတ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၆)ပြားကို တွေ့ရှိတာ ဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေးတံတားပေါ်တွင် စိတ်ကြွဆေးပြားနှင့်အတူ တွေ့ရှိရသူ ထိုင်းနိုင်ငံသား Mr. Anek Kaokaiသည် ချင်းရိုင်းခရိုင်၊ မယ်ကျန့်မြို့တွင် နေထိုင်သူဖြစ်ကြောင်း နှင့်၎င်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၈၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။