တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်နေလျှက်ရှိသော မူလတန်းပြ ရာထူးများသို့ ရာထူးတိုးလျှောက်ရန်အတွက် ဘွဲ့ရဌာနတွင်း အထွေထွေလုပ်သားများနှင့် ပြောင်းရွေ့လိုသော အထွေထွေ လုပ်သားများ အနေဖြင့် စက်တင်ဘာလ (၅)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးသို့ လာရောက်လျှောက်နိုင်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် မူလတန်းပြ ရာထူးများသို့ ရာထူးတိုးလျှောက်လို့သည့် ဘွဲ့ရအထွေထွေ လုပ်သားများနှင့် ပြောင်းရွေ့လိုသော အထွေထွေ လုပ်သားများအနေဖြင့် ရာထူးတိုးလျှောက်သည့်အခါ ဘွဲ့ရလက်မှတ်မိတ္ထု၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် နှင့် အထွေထွေလုပ်သားခန့်အပ်သည့် အမိန့်စာ တို့ကို မိမိနှင့်တပါးတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် မူလတန်းပြ ရာထူးများသို့ ရာထူးတိုးလျှောက်လို့သည့် ဘွဲ့ရအထွေထွေ လုပ်သားများနှင့် ပြောင်းရွေ့လိုသော အထွေထွေ လုပ်သားများအနဖြေင့် ရာထူးတိုးလျှောက်သည့်အခါ ဘွဲ့ရလက်မှတ်မိတ္ထု၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် နှင့် အထွေထွေလုပ်သားခန့်အပ်သည့် အမိန့်စာ တို့ကို မိမိနှင့်တပါးတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးသို့ လာရောက်စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။