တာချီလိတ်မြို့တွင် မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိကို သိရှိပြီး အရေးယူနိုင်ရန်အတွက် Alcohol Tester စက်ကိရိယာဖြင့် တိုင်းတာ စစ်ဆေးမှုများ စတင်နေလျှက်ရှိပြီး၊ ဆိုင်ကယ်စက်သံ ဆူညံစွာ မောင်းနှင်သူများနှင့် ပါဝါအိတ်ဇောများ တပ်ဆင်ကာ မောင်းနှင်သူများကို စစ်ဆေး၍ အရေးယူနေမှုများကိုလည်း စတင်နေပြီ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စည်းကမ်းပျက် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စစ်ဆေးခြင်းကို နေရာအတည်တကျ သတ်မှတ်၍ စစ်ဆေးသွားမည်မဟုတ်ဘဲ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်၍ စစ်ဆေး သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
"ညပိုင်းကို ဆိုင်ကယ် ပါဝါအိတ်ဇောတွေ တပ်ပြီးမောင်းတာတွေ၊ ရှေ့က မီးကြီးမထွန်းဘဲ မောင်းတာတွေ နဲ့၊ သုံးယောက်စီးတာတွေကို ကျွန်တော်တို့ တပ်ဖွဲ့က ရှောင်တခင် စစ်ဆေးသွားမှာပါ၊ အဲ့လိုတွေကို တွေ့ရင် ဖမ်းဆီးပြီးတော့ အရေးယူ ဆောင်ရွက်မှုအဖြစ် တရားစွဲတင်သွားမှာပါ"ဟု အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်ဇော်ဇော်ညွန့်က ပြောသည်။
"လောလောဆယ်ကတော့ သောက်စားမူးယစ်ပြီး ယာဉ်မောင်းသူတွေကို ပညာပေးကာလအနေနဲ့ ဆောင်ရွက်နေပါတယ်"ဟု၎င်းမှ ဆိုသည်။
တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့အနဖြေင့် စည်းကမ်းပျက် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စစ်ဆေးခြင်းကို နေရာအတည်တကျ သတ်မှတ်၍ စစ်ဆေးသွားမည်မဟုတ်ဘဲ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်၍ စစ်ဆေး သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့